အက္စ္တိုးနီးယားကိုဂိုးျပတ္အႏိုင္ရၿပီးေနာက္ ဂိုးဖန္တီးမႈစံခ်ိန္ေတြက ဒီပိုင္းရဲ႕မွတ္တမ္းထဲ ေရာက္လာ

Photo Credit

Photo Credit

နယ္သာလန္အသင္းတုိက္စစ္မွဴး ဒီပိုင္းဟာ မေန႔ညက အက္စ္တိုးနီးယားကို နယ္သာလန္အသင္း ၀-၄ ဂိုးနဲ႔အႏိုင္ရရွိခဲ့ၿပီးေနာက္ လက္ေရြးစင္အသင္းအတြက္ ဂိုးဖန္တီးမႈစံခ်ိန္ေတြ တင္ႏိုင္ခ့ဲေၾကာင္း သိရပါတယ္။

 

Photo Credit

အသက္ ၂၅ႏွစ္အရြယ္ရွိ လီယြန္တုိက္စစ္မွဴး ဒီပိုင္းဟာ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲအျဖစ္ အေ၀းကြင္းမွာ အက္စ္တိုးနီးယားကို အလြယ္တကူဂိုးျပတ္အႏုိင္ရရွိခဲ့ရာမွာ ကိုယ္တုိင္ ၁ဂိုးသြင္းယူႏုိင္ခဲ့သလို အသင္းေဖာ္ေတြအတြက္လည္း ဂိုးဖန္တီးမႈ ၂ႀကိမ္ျပဳလုပ္ေပးႏုိင္ခဲ့ပါတယ္။

Photo Credit

သူဟာ ပြဲခ်ိန္ ၄၇မိနစ္မွာ အသင္းရဲ႕ဒုတိယေျမာက္ဂိုးအျဖစ္ တြဲဖက္တုိက္စစ္မွဴး ဘာဘယ္ဂိုးသြင္းႏုိင္ႏုိင္ေအာင္ ဖန္တီးေပးႏိုင္ခဲ့သလို ပြဲခ်ိန္ ၈၇မိနစ္မွာလည္း အသင္းရဲ႕အဆုံးသတ္ဂိုးအျဖစ္ ကြင္းလယ္လူ ၀စ္နယ္ဒမ္း ဂိုးသြင္းႏိုင္ေအာင္လည္း ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

Photo Credit

သူဟာ ပြဲခ်ိန္ ၇၆မိနစ္မွာလည္း နယ္သာလန္အသင္းအတြက္ တတိယေျမာက္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ လက္ေရြးစင္အသင္းမွာ ေျခစြမ္းျပေနတဲ့ ဒီပိုင္းရဲ႕ဂိုးဖန္တီးမႈေတြက အသင္းရဲ႕စံခ်ိန္သစ္ေတြျဖစ္ခဲ့ပါတယ္။

Photo Credit

သူဟာ ယခုဆယ္စုႏွစ္အတြင္း လက္ေရြးစင္အသင္းအတြက္ ဂိုးဖန္တီးမႈ ၁၇ႀကိမ္ျပဳလုပ္ေပးထားႏုိင္ၿပီျဖစ္ရာ ၂၀၁၀ ေနာက္ပိုင္း နယ္သာလန္အသင္းအတြက္ ဂိုးဖန္တီးမႈအမ်ားဆုံးကစားသမားအျဖစ္ မၾကာေသးမီကမွ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန အနားယူသြားတဲ့ ရွႏိုက္ဒါကို ၁ႀကိမ္အသာနဲ႔ ေက်ာ္ျဖတ္ကာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

Photo Credit

ဒါ့အျပင္ သူဟာ ၂၀၁၉ ခုႏွစ္အတြင္း နယ္သာလန္အသင္းအတြက္ ဂိုးဖန္တီးမႈ ၇ႀကိမ္အထိျပဳလုပ္ေပးထားရာ ၂၀၁၀ ခုႏွစ္က ကြင္းလယ္လူေဟာင္း ဗန္ဒါဗတ္ေနာက္ပိုင္း ျပကၡဒိန္တစ္ႏွစ္အတြင္း နယ္သာလန္အသင္းအတြက္ ဂိုးဖန္တီးမႈအမ်ားဆုံးကစားသမားအျဖစ္ပါ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

Photo Credit

နယ္သာလန္အသင္းကလည္း ယူ႐ို ၂၀၂၀ ေျခစစ္ပြဲအျဖစ္ ၄ပြဲကစားၿပီးခ်ိန္မွာ ၃ပြဲႏိုင္၊ ၁ပြဲ႐ႈံးနိမ့္ထားၿပီး ၿပီးခဲ့တဲ့ရက္သတၱပတ္က ကမၻာ့ခ်န္ပီယံေဟာင္း ဂ်ာမနီကို အေ၀းကြင္းမွာ ၂-၄ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲလည္း ပါ၀င္ပါတယ္။

Photo Credit

နယ္သာလန္အသင္းဟာ လာမယ့္လအနည္းငယ္အတြင္း ပြဲႀကီးပြဲေကာင္းေတြ ဆက္လက္ကစားရမွာျဖစ္ၿပီး ေအာက္တုိဘာလနဲ႔ ႏို၀င္ဘာလေတြမွာ ေျခစစ္ပြဲ ၃ပြဲကစားရမွာျဖစ္ကာ အဲဒီမွာ ေျမာက္အုိင္ယာလန္နဲ႔ ကစားရမယ့္ ၂ပြဲလည္း ပါ၀င္ပါတယ္။

Photo Credit

ေျမာက္အုိင္ယာလန္ဟာ လက္ရွိအခ်ိန္မွာ နယ္သာလန္ထက္ ၃မွတ္အသာ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ ဒါေပမဲ့ နယ္သာလန္က တစ္ပြဲေလ်ာ့ကစားထားတာျဖစ္ၿပီး ဂ်ာမနီအသင္းကလည္း ၁၂မွတ္နဲ႔ပဲ အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။

Photo Credit

Unicode

King of Assists က ဒီပိုင်းလား… အက်စ်တိုးနီးယားကိုဂိုးပြတ်အနိုင်ရပြီးနောက် ဂိုးဖန်တီးမှုစံချိန်တွေက ဒီပိုင်းရဲ့မှတ်တမ်းထဲ ရောက်လာ

နယ်သာလန်အသင်းတိုက်စစ်မှူး ဒီပိုင်းဟာ မနေ့ညက အက်စ်တိုးနီးယားကို နယ်သာလန်အသင်း ဝ-၄ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် လက်ရွေးစင်အသင်းအတွက် ဂိုးဖန်တီးမှုစံချိန်တွေ တင်နိုင်ခဲ့ကြောင်း သိရပါတယ်။
အသက် ၂၅နှစ်အရွယ်ရှိ လီယွန်တိုက်စစ်မှူး ဒီပိုင်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် အဝေးကွင်းမှာ အက်စ်တိုးနီးယားကို အလွယ်တကူဂိုးပြတ်အနိုင်ရရှိခဲ့ရာမှာ ကိုယ်တိုင် ၁ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော်တွေအတွက်လည်း ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
သူဟာ ပွဲချိန် ၄၇မိနစ်မှာ အသင်းရဲ့ဒုတိယမြောက်ဂိုးအဖြစ် တွဲဖက်တိုက်စစ်မှူး ဘာဘယ်ဂိုးသွင်းနိုင်နိုင်အောင် ဖန်တီးပေးနိုင်ခဲ့သလို ပွဲချိန် ၈၇မိနစ်မှာလည်း အသင်းရဲ့အဆုံးသတ်ဂိုးအဖြစ် ကွင်းလယ်လူ ဝစ်နယ်ဒမ်း ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။
သူဟာ ပွဲချိန် ၇၆မိနစ်မှာလည်း နယ်သာလန်အသင်းအတွက် တတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဒီပိုင်းရဲ့ဂိုးဖန်တီးမှုတွေက အသင်းရဲ့စံချိန်သစ်တွေဖြစ်ခဲ့ပါတယ်။
သူဟာ ယခုဆယ်စုနှစ်အတွင်း လက်ရွေးစင်အသင်းအတွက် ဂိုးဖန်တီးမှု ၁၇ကြိမ်ပြုလုပ်ပေးထားနိုင်ပြီဖြစ်ရာ ၂၀၁၀ နောက်ပိုင်း နယ်သာလန်အသင်းအတွက် ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် မကြာသေးမီကမှ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူသွားတဲ့ ရှနိုက်ဒါကို ၁ကြိမ်အသာနဲ့ ကျော်ဖြတ်ကာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ၂၀၁၉ ခုနှစ်အတွင်း နယ်သာလန်အသင်းအတွက် ဂိုးဖန်တီးမှု ၇ကြိမ်အထိပြုလုပ်ပေးထားရာ ၂၀၁၀ ခုနှစ်က ကွင်းလယ်လူဟောင်း ဗန်ဒါဗတ်နောက်ပိုင်း ပြက္ခဒိန်တစ်နှစ်အတွင်း နယ်သာလန်အသင်းအတွက် ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ်ပါ စံချိန်တင်နိုင်ခဲ့ပါတယ်။
နယ်သာလန်အသင်းကလည်း ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ၄ပွဲကစားပြီးချိန်မှာ ၃ပွဲနိုင်၊ ၁ပွဲရှုံးနိမ့်ထားပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်က ကမ္ဘာ့ချန်ပီယံဟောင်း ဂျာမနီကို အဝေးကွင်းမှာ ၂-၄ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲလည်း ပါဝင်ပါတယ်။
နယ်သာလန်အသင်းဟာ လာမယ့်လအနည်းငယ်အတွင်း ပွဲကြီးပွဲကောင်းတွေ ဆက်လက်ကစားရမှာဖြစ်ပြီး အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ ခြေစစ်ပွဲ ၃ပွဲကစားရမှာဖြစ်ကာ အဲဒီမှာ မြောက်အိုင်ယာလန်နဲ့ ကစားရမယ့် ၂ပွဲလည်း ပါဝင်ပါတယ်။
မြောက်အိုင်ယာလန်ဟာ လက်ရှိအချိန်မှာ နယ်သာလန်ထက် ၃မှတ်အသာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမဲ့ နယ်သာလန်က တစ်ပွဲလျော့ကစားထားတာဖြစ်ပြီး ဂျာမနီအသင်းကလည်း ၁၂မှတ်နဲ့ပဲ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။