Football Leaks က ဖြင့္ခ်လိုက္တဲ့ စီေရာ္နယ္ဒိုရဲ႕ေပါင္ ၁၄၇ သန္းတန္ Nike စာခ်ဳပ္

photo-the sun

photo-social media

ေဘာလုံးေလာကအတြင္းက ေငြေၾကးအရႈပ္ေတာ္ပုံေတြ၊ လူသိရွင္ၾကားမဟုတ္တဲ့ ေငြေၾကးကိန္ဂဏန္း၊စာခ်ဳပ္ေတြနဲ႔ပတ္သက္လို႔ ဖြင့္ခ်ေလ့ရွိတ့ဲ Football Leaks ေၾကာင့္ စီေရာ္နယ္ဒိုဟာ ကမာၻေပၚက ၀င္ေငြအေကာင္းဆုံးအားကစားသမားတစ္ေယာက္ဆုိတာ သံသယရွိစရာ မလုိေတာ့ပါဘူး။ အဲဒီေပၚတူဂီစူပါစတားဟာ အားကစားအသုံးအေဆာင္ေတြထုတ္လုပ္တဲ့နာမည္ႀကီး Nike နဲ႔ စပြန္ဆာစာခ်ဳပ္ကေန ေပါင္ ၁၄၇ သန္းရေနတာလို႔ ဂ်ာမန္သတင္းစာ ဒါစပီဂယ္ကေနတစ္ဆင့္ Football Leaks က ဖြင့္ခ်ခဲ့တာပါ။ အားကစားေလာကရဲ႕စပြန္ဆာစာခ်ဳပ္ေတြထဲမွာေတာ့ ကိန္းဂဏန္းအရ တန္ဖိုးအႀကီးဆုံးလု႔ိေတာင္ ေျပာႏိုင္ပါတယ္။

photo-gettyimages

စီေရာ္နယ္ဒုိဟာ အေမရိကန္ကုမဏီႀကီး Nike နဲ႔ ၁၀ ႏွစ္သက္တမ္းရွိ စပြန္ဆာစာခ်ဳပ္သစ္ကို ၂၀၁၆ ကခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး အဲဒါေၾကာင့္လည္း သူ႔အေနနဲ႔ Nike ကေန တစ္ႏွစ္ကို ေပါင္ ၁၄.၇ သန္းရေနသလုိျဖစ္ခဲ့တာပါ။ Nike ဟာ စီေရာ္နယ္ဒိုကို စပြန္ဆာစာခ်ဳပ္သစ္ခ်ဳပ္ႏိုင္ဖို႔အတြက္ Adidas နဲ႔တိုက္ပြဲ၀င္ခဲ့ရၿပီး ဒီေလာက္ပမာဏအထိေပးခဲ့တာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ စီေရာ္နယ္ဒိုဟာ Nike က စပြန္ဆာေပးထားတဲ့ ဖက္ဒါရာနဲ႔လီဘရြန္ဂ်ိမး္စ္တုိ႔အပါအ၀င္ ကမာၻေက်ာ္ကစားသမားေတြထဲမွာ အျမင့္ဆုံးစပြန္ဆာစာခ်ဳပ္ကိုရရွိထားတယ္လို႔ နားလည္ရပါတယ္။

photo-gettyimages

ဒါေပမဲ့ Nike နဲ႔စပြန္ဆာစာခ်ဳပ္မွာ အဲဒီေလာက္တင္ရတာမဟုတ္ပါဘူး။ အပိုဆုေၾကးေတြလည္းပါေသးကာ ၂၀၁၆ န႔ဲ ၂၀၁၇ တုိ႔မွာ စုစုေပါင္း ေဘာနပ္စ္ ေပါင္ ၁၈.၃ သန္းရခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီဂ်ဴဗင္တပ္ၾကယ္ပြင့္နဲ႔ Nike တို႔ရဲ႕စာခ်ဳပ္ထဲမွာ ေပါင္ ၃.၆ သန္းရမယ့္ ေဘာနပ္စ္တစ္ခုလည္းပါ၀င္ၿပီး Ballond’Or နဲ႔ ဖီဖာရဲ႕The Best ဆုတုိ႔လို ကမာၻ႕အေကာင္းဆုံးဆုတစ္ခုကို ရရွိတဲ့အခ်ိန္တိုင္း အဲဒါကို ရရွိခံစားႏိုင္မွာပါ။

[Unicode]

ဘောလုံးလောကအတွင်းက ငွေကြေးအရှုပ်တော်ပုံတွေ၊ လူသိရှင်ကြားမဟုတ်တဲ့ ငွေကြေးကိန်ဂဏန်း၊စာချုပ်တွေနဲ့ပတ်သက်လို့ ဖွင့်ချလေ့ရှိတဲ့ Football Leaks ကြောင့် စီရော်နယ်ဒိုဟာ ကမ္ဘာပေါ်က ဝင်ငွေအကောင်းဆုံးအားကစားသမားတစ်ယောက်ဆိုတာ သံသယရှိစရာ မလိုတော့ပါဘူး။ အဲဒီပေါ်တူဂီစူပါစတားဟာ အားကစားအသုံးအဆောင်တွေထုတ်လုပ်တဲ့နာမည်ကြီး Nike နဲ့ စပွန်ဆာစာချုပ်ကနေ ပေါင် ၁၄၇ သန်းရနေတာလို့ ဂျာမန်သတင်းစာ ဒါစပီဂယ်ကနေတစ်ဆင့် Football Leaks က ဖွင့်ချခဲ့တာပါ။ အားကစားလောကရဲ့စပွန်ဆာစာချုပ်တွေထဲမှာတော့ ကိန်းဂဏန်းအရ တန်ဖိုးအကြီးဆုံးလု့ိတောင် ပြောနိုင်ပါတယ်။

စီရော်နယ်ဒိုဟာ အမေရိကန်ကုမဏီကြီး Nike နဲ့ ၁၀ နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ်သစ်ကို ၂၀၁၆ ကချုပ်ဆိုခဲ့တာဖြစ်ပြီး အဲဒါကြောင့်လည်း သူ့အနေနဲ့ Nike ကနေ တစ်နှစ်ကို ပေါင် ၁၄.၇ သန်းရနေသလိုဖြစ်ခဲ့တာပါ။ Nike ဟာ စီရော်နယ်ဒိုကို စပွန်ဆာစာချုပ်သစ်ချုပ်နိုင်ဖို့အတွက် Adidas နဲ့တိုက်ပွဲဝင်ခဲ့ရပြီး ဒီလောက်ပမာဏအထိပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စီရော်နယ်ဒိုဟာ Nike က စပွန်ဆာပေးထားတဲ့ ဖက်ဒါရာနဲ့လီဘရွန်ဂျိမ်းစ်တို့အပါအဝင် ကမ္ဘာကျော်ကစားသမားတွေထဲမှာ အမြင့်ဆုံးစပွန်ဆာစာချုပ်ကိုရရှိထားတယ်လို့ နားလည်ရပါတယ်။

ဒါပေမဲ့ Nike နဲ့စပွန်ဆာစာချုပ်မှာ အဲဒီလောက်တင်ရတာမဟုတ်ပါဘူး။ အပိုဆုကြေးတွေလည်းပါသေးကာ ၂၀၁၆ နဲ့ ၂၀၁၇ တို့မှာ စုစုပေါင်း ဘောနပ်စ် ပေါင် ၁၈.၃ သန်းရခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဂျူဗင်တပ်ကြယ်ပွင့်နဲ့ Nike တို့ရဲ့စာချုပ်ထဲမှာ ပေါင် ၃.၆ သန်းရမယ့် ဘောနပ်စ်တစ်ခုလည်းပါဝင်ပြီး Ballond’Or နဲ့ ဖီဖာရဲ့The Best ဆုတို့လို ကမ္ဘာ့အကောင်းဆုံးဆုတစ်ခုကို ရရှိတဲ့အချိန်တိုင်း အဲဒါကို ရရှိခံစားနိုင်မှာပါ။