FIFA 20 ေဘာလုံးဂိမ္းထဲမွာေတာ့ မက္ဆီက ကမာၻ႔အေကာင္းဆုံးကစားသမား

photo-gettyimages

photo-fifa 20

မၾကာခင္ထြက္ရွိေတာ့မယ့္ FIFA 20 ေဘာလုံးဂိမး္ထဲက ထိပ္တန္းကစားကစားသမားအေယာက္ ၁၀၀ ရဲ႕rating ေတြကို EA Sports က ထုတ္ျပန္လိုက္ၿပီျဖစ္ရာ ဘာစီလုိိနာတိုက္စစ္မႈးမက္ဆီက rating အျမင့္ဆုံးကစားသမားျဖစ္ေနၿပီး ဂ်ဴဗင္တပ္တိုက္စစ္မႈးစီေရာ္နယ္ဒိုကေတာ့ ဒုတိယ rating အျမင့္ဆုံးကစားသမားအျဖစ္သာ သတ္မွတ္ခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ FIFA 19 တုန္းကေတာ့ ေဘာလုံးေလာကရဲ႕အဓိကၿပိဳင္ဘက္ေတြျဖစ္ၾကတဲ့ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတုိ႔ဟာ rating ၉၄ ကိုယ္စီနဲ႔ ထိပ္ဆုံးမွာ ပူးတြဲရပ္တည္ႏိုင္ခဲ့ၾကတာပါ။

photo-fifa 20

ဒါေပမဲ့ FIFA 20 မွာေတာ့ EA Sports ဟာ စီေရာ္နယ္ဒုိရဲ႕စုစုေပါင္စေကးကို ၁ မွတ္ေလွ်ာ့လိုက္တဲ့အတြက္ rating ၉၃ ျဖစ္သြားၿပီး ဒီဂိမ္းရဲ႕ဒုတိယအေကာင္းဆုံးကစားသမားျဖစ္သြားပါတယ္။ မက္ဆီကေတာ့ ေနာက္ဆုံးထုတ္ FIFA 20 မွာလညး္ rating ၉၄ အတိုင္းရွိေနခဲ့ကာ ဒီတစ္ႀကိမ္မွာေတာ့ FIFA ေဘာလုံးဂိမး္မွာ အျငင္းပြားဖယ္မရွိကမာၻ႔အေကာင္းဆုံးျဖစ္သြားပါတယ္။ စီေရာ္နယ္ဒိုအေနနဲ႔ အားလုံးၿခံဳလိုက္ရင္ မက္ဆီထက္ စေကးပိုင္း ၁ မွတ္သာနည္းေပမယ့္ ေျပးအား၊ကန္သြင္းမႈနဲ႔ ရုပ္ပိုင္းဆုိင္ရာစေကးေတြမွာေတာ့ ၾကယ္ ၅ ပြင့္ရခဲ့ၿပီး မက္ဆီက ၾကယ္ ၄ ပြင့္သာရွိခဲ့တာပါ။ ဒါေပမဲ့လည္း မက္ဆီက လိမ္ေခါက္မႈနဲ႔ ေဘာလုံးေပးပို႔မႈေတြမွာ အေတာ္ေလး rating ျမင့္ေနတာေၾကာင့္ အားလုံးၿခဳံလိုက္တဲ့အခါ စီေရာ္နယ္ဒိုထက္ စေကးပိုင္းပြတ္ကာသီကာ ပိုမ်ားသြားတာပါ။

photo-fifa 20

FIFA 20 မွာ မက္ဆီနဲ႔စီေရာ္နယ္ဒိုၿပီးရင္ တတိယ rating အျမင့္ဆုံးကစားသမားက ပီအက္စ္ဂ်ီတိုက္စစ္မႈးေနမာျဖစ္ၿပီး သူ႔ rating က ၉၂ ပါ။ စတုတၳ rating အျမင့္ဆုံးျဖစ္တဲ့ ၉၁ ရခဲ့တာကေတာ့ ဟာဇတ္၊ဒီဘရူနီနဲ႔ဂိုးသမားအိုဘလက္တို႔ျဖစ္ပါတယ္။ rating ၉၀ ရခဲ့တဲ့ ဗန္ဒစ္ဂ်္၊ဆာလာ၊မိုဒရစ္နဲ႔ဂိုးသမားတာစတီဂ်န္တို႔ဟာလည္း FIFA 20 ရဲ႕ rating အျမင့္ဆံုံး ၁၀ ဦးစာရင္း၀င္ျဖစ္ခဲ့ၾကပါတယ္။

[Unicode]

မကြာခင်ထွက်ရှိတော့မယ့် FIFA 20 ဘောလုံးဂိမ်းထဲက ထိပ်တန်းကစားကစားသမားအယောက် ၁၀၀ ရဲ့rating တွေကို EA Sports က ထုတ်ပြန်လိုက်ပြီဖြစ်ရာ ဘာစီလိုနာတိုက်စစ်မှုးမက်ဆီက rating အမြင့်ဆုံးကစားသမားဖြစ်နေပြီး ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုကတော့ ဒုတိယ rating အမြင့်ဆုံးကစားသမားအဖြစ်သာ သတ်မှတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ FIFA 19 တုန်းကတော့ ဘောလုံးလောကရဲ့အဓိကပြိုင်ဘက်တွေဖြစ်ကြတဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ rating ၉၄ ကိုယ်စီနဲ့ ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နိုင်ခဲ့ကြတာပါ။

ဒါပေမဲ့ FIFA 20 မှာတော့ EA Sports ဟာ စီရော်နယ်ဒိုရဲ့စုစုပေါင်စကေးကို ၁ မှတ်လျှော့လိုက်တဲ့အတွက် rating ၉၃ ဖြစ်သွားပြီး ဒီဂိမ်းရဲ့ဒုတိယအကောင်းဆုံးကစားသမားဖြစ်သွားပါတယ်။ မက်ဆီကတော့ နောက်ဆုံးထုတ် FIFA 20 မှာလည်း rating ၉၄ အတိုင်းရှိနေခဲ့ကာ ဒီတစ်ကြိမ်မှာတော့ FIFA ဘောလုံးဂိမ်းမှာ အငြင်းပွားဖယ်မရှိကမ္ဘာ့အကောင်းဆုံးဖြစ်သွားပါတယ်။ စီရော်နယ်ဒိုအနေနဲ့ အားလုံးခြုံလိုက်ရင် မက်ဆီထက် စကေးပိုင်း ၁ မှတ်သာနည်းပေမယ့် ပြေးအား၊ကန်သွင်းမှုနဲ့ ရုပ်ပိုင်းဆိုင်ရာစကေးတွေမှာတော့ ကြယ် ၅ ပွင့်ရခဲ့ပြီး မက်ဆီက ကြယ် ၄ ပွင့်သာရှိခဲ့တာပါ။ ဒါပေမဲ့လည်း မက်ဆီက လိမ်ခေါက်မှုနဲ့ ဘောလုံးပေးပို့မှုတွေမှာ အတော်လေး rating မြင့်နေတာကြောင့် အားလုံးခြုံလိုက်တဲ့အခါ စီရော်နယ်ဒိုထက် စကေးပိုင်းပွတ်ကာသီကာ ပိုများသွားတာပါ။

FIFA 20 မှာ မက်ဆီနဲ့စီရော်နယ်ဒိုပြီးရင် တတိယ rating အမြင့်ဆုံးကစားသမားက ပီအက်စ်ဂျီတိုက်စစ်မှုးနေမာဖြစ်ပြီး သူ့ rating က ၉၂ ပါ။ စတုတ္ထ rating အမြင့်ဆုံးဖြစ်တဲ့ ၉၁ ရခဲ့တာကတော့ ဟာဇတ်၊ဒီဘရူနီနဲ့ဂိုးသမားအိုဘလက်တို့ဖြစ်ပါတယ်။ rating ၉၀ ရခဲ့တဲ့ ဗန်ဒစ်ဂျ်၊ဆာလာ၊မိုဒရစ်နဲ့ဂိုးသမားတာစတီဂျန်တို့ဟာလည်း FIFA 20 ရဲ့ rating အမြင့်ဆုံံး ၁၀ ဦးစာရင်းဝင်ဖြစ်ခဲ့ကြပါတယ်။