FIFA 20 ဂိမ္းမွာ မက္ဂြိဳင္းယားထက္ မူစတာဖီ Ratings ပိုမ်ားေနျခင္းအေပၚ ယူႏုိက္တက္ပရိသတ္ေတြ ထိန္းမႏိုင္သိမ္းမရေပါက္ကြဲသြား

Photo Credit

Photo Credit

FIFA 20 ဂိမ္းဟာ မၾကာခင္တရာ၀င္ျဖန္႔ခ်ိေတာ့မွာျဖစ္ၿပီး ယခုတစ္ပတ္အတြင္း ကစားသမားေတြရဲ႕ Ratings သတ္မွတ္ခ်က္ေတြကို ထုတ္ျပန္ေၾကညာလုိက္ၿပီးေနာက္ ယူႏုိက္တက္ပရိသတ္ေတြလည္း Ratings သတ္မွတ္ခ်က္အေပၚ ထိန္းမႏိုင္သိမ္းမရေဒါသထြက္ေနေၾကာင္း သိရပါတယ္။

Photo Credit

အဲဒီဂိမ္းေခြထဲမွာ မက္ဆီက Ratings ၉၄ နဲ႔ ကမၻာ့အေကာင္းဆုံးကစားသမားအျဖစ္ ရပ္တည္ေနၿပီး ေရာ္နယ္ဒိုက အနီးကပ္ဆုံးၿပိဳင္ဘက္အျဖစ္ ရွိေနတဲ့အခ်က္ေတြကို ပရိသတ္ေတြက သိပ္အျငင္းမပြားခဲ့ၾကပါဘူး။

Photo Credit

ဒါေပမဲ့ FIFA 20 က အာဆင္နယ္အသင္းေနာက္ခံလူ မူစတာဖီရဲ႕ Ratings ကို လက္ရွိကမၻာ့ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးေနာက္ခံလူအျဖစ္ စံခ်ိန္တင္ထားတဲ့ ယူႏုိက္တက္ေနာက္ခံလူ မက္ဂြိဳင္းယားထက္ ပိုမ်ားေနလို႔ ပရိသတ္အမ်ားအျပား အံ့အားသင့္သြားၾကပါတယ္။

Photo Credit

ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ရာသီက လက္စတာအသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့သလို ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ အဂၤလန္နဲ႔အတူ အထူးေျခစြမ္းျပႏိုင္ခဲ့တဲ့ မက္ဂြိဳင္းယားကို ၿပီးခဲ့တဲ့ေႏြရာသီအတြင္း စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၈၀နဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ဂ်ာမနီေနာက္ခံလူ မူစတာဖီကေတာ့ ႀကီးမားတဲ့အမွားေတြက်ဴးလြန္ကာ အာဆင္နယ္အသင္းပရိသတ္ေတြကိုယ္တုိင္က အသင္းေျပာင္းေရႊ႕ေစခ်င္တဲ့ကစားသမားျဖစ္ပါတယ္။

Photo Credit

အံ့အားသင့္စရာေကာင္းေလာက္ေအာင္ပဲ မူစတာဖီဟာ စုစုေပါင္း Ratings သတ္မွတ္မႈမွာ မက္ဂြါရီထက္ ၁ ပိုမ်ားတဲ့ ၈၃ မွတ္ရရွိထားၿပီး pace, shooting, passing နဲ႔ defending ေတြမွာလည္း မက္ဂြိဳင္းယားထက္ အံ့အားသင့္ဖြယ္ပိုမ်ားခဲ့ပါတယ္။

Photo Credit

ယူႏုိက္တက္ပရိသတ္ေတြအတြက္ နည္းနည္းခံသာတာက ထိပ္ဆုံး ၁၀ဦးစာရင္းမွာ ဂိုးသမား ဒီဂီယာနဲ႔ ကြင္းလယ္လူ ေပါ့ဂ္ဘာတုိ႔ ပါ၀င္ေနတဲ့အခ်က္ျဖစ္ၿပီး ဒီဂီယာက Ratings ၈၉နဲ႔ ေပါ့ဂ္ဘာက ၈၈ အသီးသီးရရိွထားပါတယ္။

Photo Credit

”ဘယ္လုိျဖစ္လုိ႔မ်ား မူစတာဖီက မက္ဂြိဳင္းယားထက္ အဆင့္ပုိျမင့္ေနရတာလဲ”။ ”FIFA ကေတာ့ စိတ္ပ်က္စရေကာင္းလုိက္တာ…မူစတာဖီကိုမ်ား မက္ဂြိဳင္းယားထက္ ပိုေကာင္းရတယ္လုိ႔…”။ ”FIFA 20 မွာ မူစတာဖီက မက္ဂြိဳင္းယားထက္ Ratings ပိုမ်ားေနရတာလဲ…FIFA ေတာ့ ႐ူးသြားၿပီ”လုိ႔ ပရိသတ္ေတြက အသီးသီးရင္ဖြင့္ခဲ့ၾကပါတယ္။

Photo Credit

Unicode

FIFA 20 ဂိမ်းမှာ မက်ဂွိုင်းယားထက် မူစတာဖီ Ratings ပိုများနေခြင်းအပေါ် ယူနိုက်တက်ပရိသတ်တွေ ထိန်းမနိုင်သိမ်းမရပေါက်ကွဲသွား

FIFA 20 ဂိမ်းဟာ မကြာခင်တရာဝင်ဖြန့်ချိတော့မှာဖြစ်ပြီး ယခုတစ်ပတ်အတွင်း ကစားသမားတွေရဲ့ Ratings သတ်မှတ်ချက်တွေကို ထုတ်ပြန်ကြေညာလိုက်ပြီးနောက် ယူနိုက်တက်ပရိသတ်တွေလည်း Ratings သတ်မှတ်ချက်အပေါ် ထိန်းမနိုင်သိမ်းမရဒေါသထွက်နေကြောင်း သိရပါတယ်။
အဲဒီဂိမ်းခွေထဲမှာ မက်ဆီက Ratings ၉၄ နဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး ရော်နယ်ဒိုက အနီးကပ်ဆုံးပြိုင်ဘက်အဖြစ် ရှိနေတဲ့အချက်တွေကို ပရိသတ်တွေက သိပ်အငြင်းမပွားခဲ့ကြပါဘူး။
ဒါပေမဲ့ FIFA 20 က အာဆင်နယ်အသင်းနောက်ခံလူ မူစတာဖီရဲ့ Ratings ကို လက်ရှိကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံးနောက်ခံလူအဖြစ် စံချိန်တင်ထားတဲ့ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းယားထက် ပိုများနေလို့ ပရိသတ်အများအပြား အံ့အားသင့်သွားကြပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက လက်စတာအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်နဲ့အတူ အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ မက်ဂွိုင်းယားကို ပြီးခဲ့တဲ့နွေရာသီအတွင်း စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဂျာမနီနောက်ခံလူ မူစတာဖီကတော့ ကြီးမားတဲ့အမှားတွေကျူးလွန်ကာ အာဆင်နယ်အသင်းပရိသတ်တွေကိုယ်တိုင်က အသင်းပြောင်းရွှေ့စေချင်တဲ့ကစားသမားဖြစ်ပါတယ်။
အံ့အားသင့်စရာကောင်းလောက်အောင်ပဲ မူစတာဖီဟာ စုစုပေါင်း Ratings သတ်မှတ်မှုမှာ မက်ဂွါရီထက် ၁ ပိုများတဲ့ ၈၃ မှတ်ရရှိထားပြီး pace, shooting, passing နဲ့ defending တွေမှာလည်း မက်ဂွိုင်းယားထက် အံ့အားသင့်ဖွယ်ပိုများခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေအတွက် နည်းနည်းခံသာတာက ထိပ်ဆုံး ၁၀ဦးစာရင်းမှာ ဂိုးသမား ဒီဂီယာနဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာတို့ ပါဝင်နေတဲ့အချက်ဖြစ်ပြီး ဒီဂီယာက Ratings ၈၉နဲ့ ပေါ့ဂ်ဘာက ၈၈ အသီးသီးရရှိထားပါတယ်။
”ဘယ်လိုဖြစ်လို့များ မူစတာဖီက မက်ဂွိုင်းယားထက် အဆင့်ပိုမြင့်နေရတာလဲ”။ ”FIFA ကတော့ စိတ်ပျက်စရကောင်းလိုက်တာ…မူစတာဖီကိုများ မက်ဂွိုင်းယားထက် ပိုကောင်းရတယ်လို့…”။ ”FIFA 20 မှာ မူစတာဖီက မက်ဂွိုင်းယားထက် Ratings ပိုများနေရတာလဲ…FIFA တော့ ရူးသွားပြီ”လို့ ပရိသတ်တွေက အသီးသီးရင်ဖွင့်ခဲ့ကြပါတယ်။