႐ံႈးလုိ႔မျဖစ္တဲ့ ႏွစ္သင္းစလုံးအတြက္ ထုိက္တန္တဲ့သေရပြဲ (ယူႏိုက္တက္ ၁-၁ အာဆင္နယ္ ပြဲၿပီးျမင္ကြင္းက်ယ္)

Photo Credit

Photo Credit

ႏွစ္သင္းစလုံးအတြက္ ႐ံႈးလို႔မရတဲ့အေျခအေနမွာ သေရတစ္မွတ္စီခဲြယူသြားတာျဖစ္ၿပီး ေျခစြမ္းပိုင္းအရလည္း တစ္သင္းနဲ႔တစ္သင္း သိသိသာသာအသာစီးရတာမ်ိဳးမရွိခဲ့ပါဘူး။

Photo Credit

ပထမပိုင္းမိနစ္ ၃၀ ေလာက္အထိ ပြဲကေအးေနခဲ့ၿပီး ကစားပုံၾကမ္းမႈေတြေၾကာင့္ ပြဲကအရွိန္တက္ေတာ့မယ့္အခ်ိန္မွာ ျပန္ျပန္က်သြားပါတယ္။ မိနစ္ ၄၀ေနာက္ပိုင္းက်မွ ပြဲရဲ႕အရွိန္ျမင့္လာၿပီး ၂သင္းစလုံးဂိုးသြင္းခြင့္ေတြလည္းရရွိခဲ့ပါတယ္။

Photo Credit

ပြဲခ်ိန္ ၄၃မိနစ္မွာ ပင္နယ္တီဧရိယာစည္းထိပ္ကေန လူငယ္ကစားသမား ဆာကာရဲ႕ကန္သြင္းခ်က္ကို ဒီဂီယာပုတ္ထုတ္လုိ႔ ျပန္ထြက္လာတာကို ဂြမ္ဒိုဇီ ထပ္မံပိတ္သြင္းေပမယ့္ ဒီဂီယာပဲ ထပ္ဆင့္ပုတ္ထုတ္ႏိုင္ခဲ့ပါတယ္။

Photo Credit

အဲဒီေနာက္ ၁မိနစ္အၾကာမွာ ယူႏိုက္တက္အသင္း ဦးေဆာင္ဂိုးရရွိခဲ့ၿပီး ဂိုးစည္းနားကေန ရက္ရွ္ဖို႔ဒ္ ျပန္ခ်ိဳးေပးတာကို ကြင္းလယ္လူ မက္တိုမီေနးက စည္းထိပ္ကေန အျပင္းကန္သြင္းတာ အာဆင္နယ္ဂိုးသမား လီႏို ေငးၾကည့္႐ုံပဲတတ္ႏိုင္ခဲ့ပါတယ္။

Photo Credit

ဒုတိယပိုင္းျပန္အစမွာေတာ့ အာဆင္နယ္အသင္း ပိုမိုဖိအားေပးႏိုင္ခဲ့ၿပီး ယူႏုိက္တက္ကေတာ့ တန္ျပန္တုိက္စစ္ေတြကေန ထုိးေဖာက္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ပြဲခ်ိန္ ၅၈ မိနစ္မွာ ယူႏိုက္တက္ဘယ္ေနာက္ခံလူ တြမ္ဇီဘီရဲ႕အမွားကေန ဆာကာ အသာခ်ေပးတာကို အူဘာမီယန္းက ပိတ္သြင္းယူႏိုင္ခဲ့လုိ႔ အာဆင္နယ္အသင္း ေခ်ပဂိုးရရွိခဲ့ပါတယ္။

Photo Credit

ဒါေတာင္ စည္းၾကပ္ဒုိင္က လူကၽြံေဘာအျဖစ္ အလံေထာင္ခဲ့ေသးၿပီး သူ႕ေရွ႕မွာ ယူႏုိက္တက္ေနာက္ခံလူ မက္ဂြိဳင္းယား ရွိေနတာကို မျမင္တာကေတာ့ အေတာ္ေလးစိတ္ပ်က္စရာေကာင္းပါတယ္။ ေနာက္ေတာ့ VAR ျပန္ၾကည့္ေတာ့မွ စည္းၾကပ္ဒိုင္ရဲ႕အမွားကို သိသိသာသာျမင္ေတြ႕ခဲ့ရပါတယ္။

Photo Credit

ဆာကာေပးလုိက္ခ်ိန္မွာ အူဘာမီယန္းက ေရွ႕ေျပးတက္လာတဲ့မက္ဂြိဳင္းယားနဲ႔ တစ္တန္းတည္းအေနအထားမွာ အျငင္းပြားဖြယ္ရွိေနမဟုတ္ဘဲ Onside အေနအထားမွာ ရွင္းရွင္းလင္းလင္းရွိေနခဲ့တာပါ။

Photo Credit

ေခ်ပဂိုးရသြားၿပီးေနာက္ အာဆင္နယ္က ဆက္တိုက္ဖိအားေပးေပမယ့္ ယူႏုိက္တက္က တည္တည္ၿငိမ္ၿငိမ္တုံ႔ျပန္ႏိုင္ခဲ့ၿပီး ပဲြခ်ိန္မိနစ္ ၇၀ ေလာက္မွာ ရက္ရွ္ဖို႔ဒ္ရဲ႕ကန္သြင္းခ်က္ လူး၀စ္ဇ္နဲ႔ထိသြားေပမယ့္ ဒိုင္က ေထာင့္ကန္ေဘာမေပးဘဲ ဂိုးလြန္ေဘာသာေပးခဲ့ပါတယ္။

Photo Credit

ယူႏုိက္တက္ကြင္းလယ္မွာ ေပါ့ဂ္ဘာတစ္ေယာက္ပဲ Creation ရွိၿပီး က်န္ကစားသမားေတြက တုိးအား၊ လုိက္အားေကာင္းတာေလာက္ပဲရွိပါတယ္။ ေနာက္ပုိင္းမွာ ယူႏုိက္တက္က သိသိသာသာဖိအားေပးႏုိင္ခဲ့ၿပီး ဂိုးသြင္းခြင့္ေတြလည္းရရွိခဲ့ပါတယ္။

Photo Credit

ေနာက္ခံလူ မက္ဂြိဳင္းယားရဲ႕အျပင္းကန္သြင္းခ်က္ကို အာဆင္နယ္ဂိုးသမား လီႏို ကာကြယ္ႏိုင္ခဲ့သလို ပြဲၿပီးခါနီးမွာ ရက္ရွ္ဖို႔ဒ္ရဲ႕ျပစ္ဒဏ္ေဘာကန္သြင္းခ်က္ကိုလည္း လက္စြမ္းျပပုတ္ထုတ္ႏိုင္ခဲ့ပါတယ္။

Photo Credit

ယူႏိုက္တက္ခံစစ္မွာ ေတာင္ပံႏွစ္ဘက္က အားနည္းေနခဲ့ၿပီး ဗဟိုေနာက္ခံလူတြမ္ဇီဘီက အသင္းရဲ႕အေရးေပၚအေျခအေနအရ ဘယ္ေနာက္ခံလူအျဖစ္ ထြက္ကစားခဲ့ရကာ အသင္းေခါင္းေဆာင္ အက္ရွ္ေလယန္းကေတာ့ တစ္ဘက္က လူငယ္ကစားသမား ဆာကာကို မထိန္းႏိုင္ခဲ့သလို သူ႕ရဲ႕ျဖတ္တင္ေဘာေတြလည္း ထုံးစံအတုိင္း လုိရာမေရာက္ခဲ့ပါဘူး။

Photo Credit

Unicode

ရှုံးလို့မဖြစ်တဲ့ နှစ်သင်းစလုံးအတွက် ထိုက်တန်တဲ့သရေပွဲ (ယူနိုက်တက် ၁-၁ အာဆင်နယ် ပွဲပြီးမြင်ကွင်းကျယ်)

နှစ်သင်းစလုံးအတွက် ရှုံးလို့မရတဲ့အခြေအနေမှာ သရေတစ်မှတ်စီခွဲယူသွားတာဖြစ်ပြီး ခြေစွမ်းပိုင်းအရလည်း တစ်သင်းနဲ့တစ်သင်း သိသိသာသာအသာစီးရတာမျိုးမရှိခဲ့ပါဘူး။
ပထမပိုင်းမိနစ် ၃၀ လောက်အထိ ပွဲကအေးနေခဲ့ပြီး ကစားပုံကြမ်းမှုတွေကြောင့် ပွဲကအရှိန်တက်တော့မယ့်အချိန်မှာ ပြန်ပြန်ကျသွားပါတယ်။ မိနစ် ၄၀နောက်ပိုင်းကျမှ ပွဲရဲ့အရှိန်မြင့်လာပြီး ၂သင်းစလုံးဂိုးသွင်းခွင့်တွေလည်းရရှိခဲ့ပါတယ်။
ပွဲချိန် ၄၃မိနစ်မှာ ပင်နယ်တီဧရိယာစည်းထိပ်ကနေ လူငယ်ကစားသမား ဆာကာရဲ့ကန်သွင်းချက်ကို ဒီဂီယာပုတ်ထုတ်လို့ ပြန်ထွက်လာတာကို ဂွမ်ဒိုဇီ ထပ်မံပိတ်သွင်းပေမယ့် ဒီဂီယာပဲ ထပ်ဆင့်ပုတ်ထုတ်နိုင်ခဲ့ပါတယ်။
အဲဒီနောက် ၁မိနစ်အကြာမှာ ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ဂိုးစည်းနားကနေ ရက်ရှ်ဖို့ဒ် ပြန်ချိုးပေးတာကို ကွင်းလယ်လူ မက်တိုမီနေးက စည်းထိပ်ကနေ အပြင်းကန်သွင်းတာ အာဆင်နယ်ဂိုးသမား လီနို ငေးကြည့်ရုံပဲတတ်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းပြန်အစမှာတော့ အာဆင်နယ်အသင်း ပိုမိုဖိအားပေးနိုင်ခဲ့ပြီး ယူနိုက်တက်ကတော့ တန်ပြန်တိုက်စစ်တွေကနေ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာ ယူနိုက်တက်ဘယ်နောက်ခံလူ တွမ်ဇီဘီရဲ့အမှားကနေ ဆာကာ အသာချပေးတာကို အူဘာမီယန်းက ပိတ်သွင်းယူနိုင်ခဲ့လို့ အာဆင်နယ်အသင်း ချေပဂိုးရရှိခဲ့ပါတယ်။
ဒါတောင် စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် အလံထောင်ခဲ့သေးပြီး သူ့ရှေ့မှာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းယား ရှိနေတာကို မမြင်တာကတော့ အတော်လေးစိတ်ပျက်စရာကောင်းပါတယ်။ နောက်တော့ VAR ပြန်ကြည့်တော့မှ စည်းကြပ်ဒိုင်ရဲ့အမှားကို သိသိသာသာမြင်တွေ့ခဲ့ရပါတယ်။
ဆာကာပေးလိုက်ချိန်မှာ အူဘာမီယန်းက ရှေ့ပြေးတက်လာတဲ့မက်ဂွိုင်းယားနဲ့ တစ်တန်းတည်းအနေအထားမှာ အငြင်းပွားဖွယ်ရှိနေမဟုတ်ဘဲ Onside အနေအထားမှာ ရှင်းရှင်းလင်းလင်းရှိနေခဲ့တာပါ။
ချေပဂိုးရသွားပြီးနောက် အာဆင်နယ်က ဆက်တိုက်ဖိအားပေးပေမယ့် ယူနိုက်တက်က တည်တည်ငြိမ်ငြိမ်တုံ့ပြန်နိုင်ခဲ့ပြီး ပွဲချိန်မိနစ် ၇၀ လောက်မှာ ရက်ရှ်ဖို့ဒ်ရဲ့ကန်သွင်းချက် လူးဝစ်ဇ်နဲ့ထိသွားပေမယ့် ဒိုင်က ထောင့်ကန်ဘောမပေးဘဲ ဂိုးလွန်ဘောသာပေးခဲ့ပါတယ်။
ယူနိုက်တက်ကွင်းလယ်မှာ ပေါ့ဂ်ဘာတစ်ယောက်ပဲ Creation ရှိပြီး ကျန်ကစားသမားတွေက တိုးအား၊ လိုက်အားကောင်းတာလောက်ပဲရှိပါတယ်။ နောက်ပိုင်းမှာ ယူနိုက်တက်က သိသိသာသာဖိအားပေးနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်းရရှိခဲ့ပါတယ်။
နောက်ခံလူ မက်ဂွိုင်းယားရဲ့အပြင်းကန်သွင်းချက်ကို အာဆင်နယ်ဂိုးသမား လီနို ကာကွယ်နိုင်ခဲ့သလို ပွဲပြီးခါနီးမှာ ရက်ရှ်ဖို့ဒ်ရဲ့ပြစ်ဒဏ်ဘောကန်သွင်းချက်ကိုလည်း လက်စွမ်းပြပုတ်ထုတ်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်ခံစစ်မှာ တောင်ပံနှစ်ဘက်က အားနည်းနေခဲ့ပြီး ဗဟိုနောက်ခံလူတွမ်ဇီဘီက အသင်းရဲ့အရေးပေါ်အခြေအနေအရ ဘယ်နောက်ခံလူအဖြစ် ထွက်ကစားခဲ့ရကာ အသင်းခေါင်းဆောင် အက်ရှ်လေယန်းကတော့ တစ်ဘက်က လူငယ်ကစားသမား ဆာကာကို မထိန်းနိုင်ခဲ့သလို သူ့ရဲ့ဖြတ်တင်ဘောတွေလည်း ထုံးစံအတိုင်း လိုရာမရောက်ခဲ့ပါဘူး။