ႏိုင္ငံတကာရက္သတၱပတ္အၿပီး ပရီးမီးယားလိဂ္ ႀကီး ၆ႀကီးရဲ႕အေျခအေန

0
271

Photo Credit

Photo Credit

ႏိုင္ငံတကာၿပိဳင္ပြဲေတြ ၿပီးဆံုးခ်ိန္မွာေတ့ာ ပရီးမီးယားလိဂ္ကလပ္အသင္း ကစားသမားေတြဟာ ၂ ပတ္ၾကာ ကလပ္အသင္းတာ၀န္ေတြနဲ႔ ေ၀းကြာေနခဲ့ပါတယ္။ ဒီရက္ေတြမွာ တခ်ိဳ႕က ေျခစစ္ပြဲေတြနဲ႔ ခ်စ္ၾကည္ေရးပြဲစဥ္ေတြအတြက္ ကိုယ္စီကိုယ္စီ ႏိုင္ငံအသင္းကိုယ္စားျပဳ ကစားဖို႔ ခရီးေတြ ထြက္ခဲ့ၾကရပါတယ္။

Photo Credit

ဒီအသင္းေတြမွာ တခ်ိဳ႕ေသာ ကစားသမားေတြက ခရီးရွည္ႀကီးေတြသြားခဲ့ရေပမယ့္ ႏိုင္ငံတကာပြဲစဥ္ေတြမွာ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသႏိုင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ ႀကီး ၆ ႀကီးကို Sportmail သတင္းက စစ္တမ္းေကာက္ၾကည့္ရာမွာေတာ့

Photo Credit

မန္စီးတီးအသင္း ကစားသမားေတြဟာ ႏိုင္ငံတကာ ပြဲစဥ္ေတြအတြက္ ေလယာဥ္နဲ႔ မိုင္ေပါင္း ၅၆၃၃၃ မိုင္ သြားခဲ့ရပါတယ္။ စီးတီးအသင္းဟာ ေနာက္ဆုံး ၁၀ႏွစ္အတြင္း ႏိုင္ငံတကာရက္သတၱပတ္အၿပီးမွာ တစ္ပြဲပ်မ္းမွ် ၂.၆ မွတ္အထိရရွိခဲ့ၿပီး ႀကီး ၆ႀကီးအနက္ အေကာင္းဆုံးျဖစ္ခဲ့ပါတယ္။

Photo Credit

စီးတီးအသင္းဟာ ဒုတိယေနရာက စပါးအသင္းထက္ မိုင္ေပါင္း ၈၀၀၀ ခန္႔ပိုမို ခရီးႏွင္ခဲ့ရေပမယ့္ အေကာင္းဆံုး ရလဒ္ေတြ ပိုင္ဆိုင္ခဲ့ပါတယ္။

Photo Credit ; AP

စပါးအသင္းက မိုင္ေပါင္း ၄၈၂၅၆ မိုင္ ခရီးႏွင္ခဲ့ရပါတယ္၊ စပါးအသင္းကေတာ့ ႏိုင္ငံပြဲေတြအၿပီး စြမ္းေဆာင္ရည္ ေနာက္ဆံုး ၁၀ ႏွစ္မွာ တစ္ပြဲ ပ်မ္းမွ်ရမွတ္ ၂.၀ ရရွိခဲ့ၿပီး အဆင့္ ၄ ေနရာမွာရပ္တည္ခဲ့ပါတယ္။

Photo Credit

စပါးအသင္းဟာ ႏိုင္ငံတကာ ပြဲစဥ္ေတြအတြက္ ကစားသမားအမ်ားဆံုးေစလႊတ္ေပးရတဲ့အသင္းအျဖစ္ ရပ္တည္ေနၿပီး ကစားသမား စုစုေပါင္း ၁၄ ေယာက္ ခရီးထြက္ခဲ့ရပါတယ္။

Photo Credit ; Getty Images

လီဗာပူးအသင္းကေတာ့ မိုင္ေပါင္း ၃၇၇၆၅ မိုင္ ခရီးႏွင္ခဲ့ရၿပီး တစ္ပြဲ ပ်မ္းမွ်ရမွတ္ ၂.၁ နဲ႔ တတိယေနရာမွာ ရပ္တည္ေနပါတယ္။ လီဗာပူးအသင္းမွာေတာ့ အဓိကစီနီယာကစားသမားေတြျဖစ္တဲ့ ဘရာဇီးႏိုင္ငံသား ဖာဘင္ညိဳနဲ႔ ဖာမီႏိုတိ႔ုဟာ ခ်စ္ၾကည္ေရးပြဲစဥ္အတြက္ ခရီးရွည္အျဖစ္ အေမရိကန္ႏိုင္ငံအထိ ခရီးႏွင္ခဲ့ရပါတယ္။

Photo Credit ; AP

ခ်ဲလ္ဆီးအသင္းကလည္း မိုင္ေပါင္း ၃၇၅၉၂ မိုင္ ခရီးႏွင္ခဲ့ရကာ ေနာက္ဆံုး ၁၀ ႏွစ္မွာ တစ္ပြဲ ပ်မ္းမွ်ရမွတ္ ၁.၇ မွတ္ ရရွိနဲ႔ အဆင့္ ၅ ေနရာသာ ရခဲ့ပါတယ္။

Photo Credit

ခဲ်လ္ဆီးအသင္းကေတာ့ ႏိုင္ငံတကာကိုယ္စားျပဳ ကစားသမားအျဖစ္ ယခုရာသီမွ အသင္းလူစာရင္းမွာ ပါဝင္လာခဲ့တဲ့ ခရစၥတီယန္ ပူလီဆစ္က အေမရိကန္ကိုယ္စားျပဳၿပီး အိမ္ကြင္းမွာ မကၠဆီကို၊ ဥ႐ုေဂြးတို႔နဲ႔ေျခစမ္းပြဲကစားခဲ့ပါတယ္။ ၿပီးေတာ့ ေဂ်ာ္ဂ်င္ညိဳနဲ႔အီမာဆင္(အီတလီ)၊ ဂ်ီေရာ့ဒ္နဲ႔ ဇူးမား(ျပင္သစ္)၊ ဘာကေလနဲ႔ ေမဆင္ေမာင့္(အဂၤလန္)တု႔ိလည္း လက္ေရြးစင္ပြဲအတြက္ ခရီးႏွင္ခဲ့ရပါတယ္။

Photo Credit ; Getty Images

အာဆင္နယ္အသင္းကေတာ့ မိုင္ေပါင္း ၂၇၈၄၂ မိုင္ ခရီးႏွင္ခဲ့ရၿပီး ေနာက္ဆံုး ၁၀ ႏွစ္အတြင္း တစ္ပြဲ ပ်မ္းမွ်ရမွတ္ ၂.၃ နဲ႔ အဆင့္ ၂ ေနရာမွာ ရပ္တည္ခဲ့ပါတယ္။ ကြင္းလယ္လူ ဂြမ္ဒိုဇီဟာ ပထမဆံုးအႀကိမ္ ျပင္သစ္အသင္း ကိုယ္စားျပဳ ကစားသမားအျဖစ္ ေခၚယူျခင္းခံခဲ့ရေပမယ့္ အယ္လ္ေဘးနီးယား၊ အန္ဒိုရာတိ႔ုနဲ႔ပြဲေတြမွာ ပါဝင္ကစားခြင့္ မရခဲ့ပါဘူး။

Photo Credit

မန္ခ်က္စတာယူႏိုက္တက္အသင္းက မိုင္ေပါင္း ၂၀၉၅၅ မိုင္သာ ခရီးႏွင္ခဲ့ရပါတယ္၊ ကစားသမားေတြရဲ႔ ႏိုင္ငံအသင္း စြမ္းေဆာင္ရည္ ေနာက္ဆံုး ၁၀ ႏွစ္အတြင္း ႏုိင္ငံတကာပြဲေတြအၿပီးမွာ တစ္ပြဲ ပ်မ္းမွ်ရမွတ္ ၁.၆ သာရရွိခဲ့ၿပီး အဆင့္ ၆ ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္က ကစားသမားေပါင္း ၈ ဦးအထိ ႏိုင္ငံကိုယ္စားျပဳ သြားေရာက္ ကစားခဲ့တာပါ။

Photo Credit

ဒါေပမဲ့ ယူႏိုက္တက္ရဲ႕ႏိုင္ငံအသင္းေပၚ စြမး္ေဆာင္ရည္ေတြကေတာ့ အရွက္ရဖြယ္ပါပဲ။ ေနာက္ဆံုး ၁၀ ပြဲမွာ ၃ ပြဲသာအႏိုင္ရခဲ့ၿပီး ႀကီး ၆ ႀကီးအသင္းေတြအနက္ အဆိုးဝါးဆံုး စံခ်ိန္ကို တင္ခဲ့ပါတယ္။ မနက္ျဖန္ ည ၈း၃၀ မွာေတာ့ ယူႏိုက္တက္အသင္းက အမွတ္ေပးဇယား အဆင့္ ၃ ေနရာမွာ ရွိေနတဲ့ ဧည့္သည္လက္စတာအသင္းကို အိုးလ္ထရက္ဖို႔ဒ္မွာ ဧည့္ခံကစားရမွာ ျဖစ္ပါတယ္။

Photo Credit

Unicode

နိုင်ငံတကာရက်သတ္တပတ်အပြီး ပရီးမီးယားလိဂ် ကြီး ၆ကြီးရဲ့အခြေအနေ

နိုင်ငံတကာပြိုင်ပွဲတွေ ပြီးဆုံးချိန်မှာတေ့ာ ပရီးမီးယားလိဂ်ကလပ်အသင်း ကစားသမားတွေဟာ ၂ ပတ်ကြာ ကလပ်အသင်းတာဝန်တွေနဲ့ ဝေးကွာနေခဲ့ပါတယ်။ ဒီရက်တွေမှာ တချို့က ခြေစစ်ပွဲတွေနဲ့ ချစ်ကြည်ရေးပွဲစဉ်တွေအတွက် ကိုယ်စီကိုယ်စီ နိုင်ငံအသင်းကိုယ်စားပြု ကစားဖို့ ခရီးတွေ ထွက်ခဲ့ကြရပါတယ်။
ဒီအသင်းတွေမှာ တချို့သော ကစားသမားတွေက ခရီးရှည်ကြီးတွေသွားခဲ့ရပေမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကြီး ၆ ကြီးကို Sportmail သတင်းက စစ်တမ်းကောက်ကြည့်ရာမှာတော့
မန်စီးတီးအသင်း ကစားသမားတွေဟာ နိုင်ငံတကာ ပွဲစဉ်တွေအတွက် လေယာဉ်နဲ့ မိုင်ပေါင်း ၅၆၃၃၃ မိုင် သွားခဲ့ရပါတယ်။ စီးတီးအသင်းဟာ နောက်ဆုံး ၁၀နှစ်အတွင်း နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ တစ်ပွဲပျမ်းမျှ ၂.၆ မှတ်အထိရရှိခဲ့ပြီး ကြီး ၆ကြီးအနက် အကောင်းဆုံးဖြစ်ခဲ့ပါတယ်။
စီးတီးအသင်းဟာ ဒုတိယနေရာက စပါးအသင်းထက် မိုင်ပေါင်း ၈၀၀၀ ခန့်ပိုမို ခရီးနှင်ခဲ့ရပေမယ့် အကောင်းဆုံး ရလဒ်တွေ ပိုင်ဆိုင်ခဲ့ပါတယ်။
စပါးအသင်းက မိုင်ပေါင်း ၄၈၂၅၆ မိုင် ခရီးနှင်ခဲ့ရပါတယ်၊ စပါးအသင်းကတော့ နိုင်ငံပွဲတွေအပြီး စွမ်းဆောင်ရည် နောက်ဆုံး ၁၀ နှစ်မှာ တစ်ပွဲ ပျမ်းမျှရမှတ် ၂.၀ ရရှိခဲ့ပြီး အဆင့် ၄ နေရာမှာရပ်တည်ခဲ့ပါတယ်။
စပါးအသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေအတွက် ကစားသမားအများဆုံးစေလွှတ်ပေးရတဲ့အသင်းအဖြစ် ရပ်တည်နေပြီး ကစားသမား စုစုပေါင်း ၁၄ ယောက် ခရီးထွက်ခဲ့ရပါတယ်။
လီဗာပူးအသင်းကတော့ မိုင်ပေါင်း ၃၇၇၆၅ မိုင် ခရီးနှင်ခဲ့ရပြီး တစ်ပွဲ ပျမ်းမျှရမှတ် ၂.၁ နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ လီဗာပူးအသင်းမှာတော့ အဓိကစီနီယာကစားသမားတွေဖြစ်တဲ့ ဘရာဇီးနိုင်ငံသား ဖာဘင်ညိုနဲ့ ဖာမီနိုတိ့ုဟာ ချစ်ကြည်ရေးပွဲစဉ်အတွက် ခရီးရှည်အဖြစ် အမေရိကန်နိုင်ငံအထိ ခရီးနှင်ခဲ့ရပါတယ်။
ချဲလ်ဆီးအသင်းကလည်း မိုင်ပေါင်း ၃၇၅၉၂ မိုင် ခရီးနှင်ခဲ့ရကာ နောက်ဆုံး ၁၀ နှစ်မှာ တစ်ပွဲ ပျမ်းမျှရမှတ် ၁.၇ မှတ် ရရှိနဲ့ အဆင့် ၅ နေရာသာ ရခဲ့ပါတယ်။
ခဲျလ်ဆီးအသင်းကတော့ နိုင်ငံတကာကိုယ်စားပြု ကစားသမားအဖြစ် ယခုရာသီမှ အသင်းလူစာရင်းမှာ ပါဝင်လာခဲ့တဲ့ ခရစ္စတီယန် ပူလီဆစ်က အမေရိကန်ကိုယ်စားပြုပြီး အိမ်ကွင်းမှာ မက္ကဆီကို၊ ဥရုဂွေးတို့နဲ့ခြေစမ်းပွဲကစားခဲ့ပါတယ်။ ပြီးတော့ ဂျော်ဂျင်ညိုနဲ့အီမာဆင်(အီတလီ)၊ ဂျီရော့ဒ်နဲ့ ဇူးမား(ပြင်သစ်)၊ ဘာကလေနဲ့ မေဆင်မောင့်(အင်္ဂလန်)တု့ိလည်း လက်ရွေးစင်ပွဲအတွက် ခရီးနှင်ခဲ့ရပါတယ်။
အာဆင်နယ်အသင်းကတော့ မိုင်ပေါင်း ၂၇၈၄၂ မိုင် ခရီးနှင်ခဲ့ရပြီး နောက်ဆုံး ၁၀ နှစ်အတွင်း တစ်ပွဲ ပျမ်းမျှရမှတ် ၂.၃ နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ကွင်းလယ်လူ ဂွမ်ဒိုဇီဟာ ပထမဆုံးအကြိမ် ပြင်သစ်အသင်း ကိုယ်စားပြု ကစားသမားအဖြစ် ခေါ်ယူခြင်းခံခဲ့ရပေမယ့် အယ်လ်ဘေးနီးယား၊ အန်ဒိုရာတိ့ုနဲ့ပွဲတွေမှာ ပါဝင်ကစားခွင့် မရခဲ့ပါဘူး။
မန်ချက်စတာယူနိုက်တက်အသင်းက မိုင်ပေါင်း ၂၀၉၅၅ မိုင်သာ ခရီးနှင်ခဲ့ရပါတယ်၊ ကစားသမားတွေရဲ့ နိုင်ငံအသင်း စွမ်းဆောင်ရည် နောက်ဆုံး ၁၀ နှစ်အတွင်း နိုင်ငံတကာပွဲတွေအပြီးမှာ တစ်ပွဲ ပျမ်းမျှရမှတ် ၁.၆ သာရရှိခဲ့ပြီး အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်က ကစားသမားပေါင်း ၈ ဦးအထိ နိုင်ငံကိုယ်စားပြု သွားရောက် ကစားခဲ့တာပါ။
ဒါပေမဲ့ ယူနိုက်တက်ရဲ့နိုင်ငံအသင်းပေါ် စွမ်းဆောင်ရည်တွေကတော့ အရှက်ရဖွယ်ပါပဲ။ နောက်ဆုံး ၁၀ ပွဲမှာ ၃ ပွဲသာအနိုင်ရခဲ့ပြီး ကြီး ၆ ကြီးအသင်းတွေအနက် အဆိုးဝါးဆုံး စံချိန်ကို တင်ခဲ့ပါတယ်။ မနက်ဖြန် ည ၈း၃၀ မှာတော့ ယူနိုက်တက်အသင်းက အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေတဲ့ ဧည့်သည် လက်စတာအသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။