ႀကီး ၄ႀကီးေၾကာင့္ နယ္သာလန္အသင္း ကမၻာ့ခ်န္ပီယံမျဖစ္ခဲ့ေၾကာင္း ဘာဘယ္ ျပင္းထန္စြာတုိက္ခိုက္

Photo Credit

Photo Credit

နယ္သာလန္အသင္းတုိက္စစ္မွဴးဘာဘယ္ဟာ ၂၀၁၀ ကမၻာ့ဖလားဗိုလ္လုပဲြမွာ နယ္သာလန္ရဲ႕အဓိကကစားသမားေတြျဖစ္တဲ့ ရွႏိုက္ဒါ၊ ဗန္ပါစီ၊ ေရာ္ဘင္နဲ႔ ဗန္ဒါဗတ္တုိ႔ကို ျပင္းထန္စြာေ၀ဖန္တုိက္ခိုက္လုိက္ၿပီး သူတုိ႔ရဲ႕အတၱမာနေတြေၾကာင့္ အသင္းလည္း ကမၻာ့ခ်န္ပီယံျဖစ္ခြင့္နဲ႔လြဲေခ်ာ္ခဲ့ရေၾကာင္း စြပ္စြဲလုိက္ပါတယ္။

Photo Credit

၂၀၁၀ ကမၻာ့ဖလားဗိုလ္လုပြဲမွာ စပိန္အသင္းကြင္းလယ္လူ အင္နီေယစတာက အခ်ိန္ပိုမွာ အသင္းအတြက္ တစ္လုံးတည္းေသာအႏုိင္ဂုိးသြင္းယူခဲ့ၿပီး စပိန္အသင္းလည္း ပထမဆုံးကမၻာ့ဖလားခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။ အသက္ ၃၂ႏွစ္အရြယ္ရွိ ဂါလာတာစာေရးတုိက္စစ္မွဴး ဘာဘယ္က ၂၀၁၀ ကမၻာ့ဖလားၿပိဳင္ပြဲ၀င္ နယ္သာလန္အသင္းလူစာရင္းမွာ ပါ၀င္ခဲ့ေပမယ့္ တစ္ပြဲမွပါ၀င္ကစားခြင့္မရခဲ့ပါဘူး။

Photo Credit

ေအဂ်က္စ္နဲ႔ လီဗာပူးတုိက္စစ္မွဴးေဟာင္း ဘာဘယ္က ဗိုလ္လုပဲြမွာ အေရးနိမ့္ခဲ့ရမႈအတြက္ နယ္သာလန္ရဲ႕ႀကီး ၄ႀကီးကို အျပစ္တင္ရမွာျဖစ္ၿပီး အသင္းလုိက္စိတ္ဓာတ္နဲ႔သာ ခ်ဥ္းကပ္ႏုိင္ခဲ့ရင္ မိမိတုိ႔အသင္း ကမၻာ့ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့မွာျဖစ္ေၾကာင္း ေ၀ဖန္ခဲ့ပါတယ္။

Photo Credit

”အဲဒီအခ်ိန္တုန္းက အသင္းမွာ ႀကီး ၄ႀကီးရဲ႕အားၿပိဳင္မႈက ျပင္းထန္ခဲ့ပါတယ္။ ကၽြန္ေတာ့္အေတြ႕အႀကံဳအရေျပာရရင္ သူတုိ႔ ၄ေယာက္စလုံးက အသင္းရဲ႕နံပါတ္ ၁ျဖစ္ခ်င္ခဲ့တာပါ။ လက္ရွိနယ္သာလန္အသင္းကေတာ့ အတၱေတြ၊ မာနေတြမရွိပါဘူး။ ကၽြန္ေတာ္တု႔ိအားလုံး ဂိုးသြင္းႏိုင္ဖို႔ တစ္ေယာက္နဲ႔တစ္ေယာက္ အစြမ္းကုန္ေပးဆပ္ကစားသလို အသင္းရဲ႕အထက္မွာ ဘယ္သူမွလည္းမရွိပါဘူး”

Photo Credit

”စပိန္နဲ႔ကစားခဲ့တဲ့ဗုိလ္လုပြဲကျဖစ္ရပ္ကို အခုထိမွတ္မိေနပါေသးတယ္။ အဲဒီမွာ ေရာ္ဘင္က စပိန္ဂိုးသမား ကာဆီးလက္စ္နဲ႔ တစ္ေယာက္ခ်င္းကန္သြင္းခြင့္ရတယ္။ ၿပီးေတာ့ ကာဆီးလက္စ္က ေရာ္ဘင္ကို ဖ်က္ထုတ္လုနီးပါးျဖစ္ခဲ့ရတယ္။ ပုံမွန္အတုိင္းဆုိရင္ေတာ့ ေရာ္ဘင္က အဲဒီဖ်က္ထုတ္မႈေၾကာင့္ လဲက်သြားမွာပါ”

Photo Credit

”တကယ္လုိ႔ အဲဒီလုိသာ သူလုပ္လုိက္ရင္ ကၽြန္ေတာ္တုိ႔အသင္းလည္း လက္က်န္တစ္ပြဲလုံး တစ္ေယာက္အသာနဲ႔ကစားခြင့္ရမွာျဖစ္ၿပီး အႏုိင္ရဖို႔လည္း ရာခိုင္ႏႈန္းမ်ားသြားမွာပါ။ ဒါေပမဲ့ ေရာ္ဘင္က ဂိုးသြင္းဖို႔ပဲ ဆႏၵေစာေနခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ေရာ္ဘင္အေနနဲ႔ အသင္းအႏုိင္ရေရးထက္ သူဂိုးသြင္းႏိုင္ဖို႔ပဲ စိတ္ေရာက္ေနတယ္ထင္ပါတယ္”လုိ႔ ဘာဘယ္က ေျပာပါတယ္။

Photo Credit

ဘာဘယ္ဟာ လက္ရွိအခ်ိန္အထိ နယ္သာလန္အသင္းမွာ ပါ၀င္ကစားေနၿပီး နည္းျပေရာ္နယ္ကိုးမန္းဦးေဆာင္တဲ့နယ္သာလန္အသင္းက အခုရက္သတၱပတ္အတြင္း ကစားခဲ့တဲ့ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲေတြမွာ ဂ်ာမနီနဲ႔ အက္စ္တိုးနီးယားတို႔ကို ဂိုးျပတ္အႏိုင္ရရွိခဲ့ပါတယ္။

Photo Credit

Unicode

ကြီး ၄ကြီးကြောင့် နယ်သာလန်အသင်း ကမ္ဘာ့ချန်ပီယံမဖြစ်ခဲ့ကြောင်း ဘာဘယ် ပြင်းထန်စွာတိုက်ခိုက်

နယ်သာလန်အသင်းတိုက်စစ်မှူးဘာဘယ်ဟာ ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ နယ်သာလန်ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ ရှနိုက်ဒါ၊ ဗန်ပါစီ၊ ရော်ဘင်နဲ့ ဗန်ဒါဗတ်တို့ကို ပြင်းထန်စွာဝေဖန်တိုက်ခိုက်လိုက်ပြီး သူတို့ရဲ့အတ္တမာနတွေကြောင့် အသင်းလည်း ကမ္ဘာ့ချန်ပီယံဖြစ်ခွင့်နဲ့လွဲချော်ခဲ့ရကြောင်း စွပ်စွဲလိုက်ပါတယ်။
၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ စပိန်အသင်းကွင်းလယ်လူ အင်နီယေစတာက အချိန်ပိုမှာ အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူခဲ့ပြီး စပိန်အသင်းလည်း ပထမဆုံးကမ္ဘာ့ဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အသက် ၃၂နှစ်အရွယ်ရှိ ဂါလာတာစာရေးတိုက်စစ်မှူး ဘာဘယ်က ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် တစ်ပွဲမှပါဝင်ကစားခွင့်မရခဲ့ပါဘူး။
အေဂျက်စ်နဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း ဘာဘယ်က ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ရမှုအတွက် နယ်သာလန်ရဲ့ကြီး ၄ကြီးကို အပြစ်တင်ရမှာဖြစ်ပြီး အသင်းလိုက်စိတ်ဓာတ်နဲ့သာ ချဉ်းကပ်နိုင်ခဲ့ရင် မိမိတို့အသင်း ကမ္ဘာ့ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့မှာဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။
”အဲဒီအချိန်တုန်းက အသင်းမှာ ကြီး ၄ကြီးရဲ့အားပြိုင်မှုက ပြင်းထန်ခဲ့ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရပြောရရင် သူတို့ ၄ယောက်စလုံးက အသင်းရဲ့နံပါတ် ၁ဖြစ်ချင်ခဲ့တာပါ။ လက်ရှိနယ်သာလန်အသင်းကတော့ အတ္တတွေ၊ မာနတွေမရှိပါဘူး။ ကျွန်တော်တု့ိအားလုံး ဂိုးသွင်းနိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် အစွမ်းကုန်ပေးဆပ်ကစားသလို အသင်းရဲ့အထက်မှာ ဘယ်သူမှလည်းမရှိပါဘူး”
”စပိန်နဲ့ကစားခဲ့တဲ့ဗိုလ်လုပွဲကဖြစ်ရပ်ကို အခုထိမှတ်မိနေပါသေးတယ်။ အဲဒီမှာ ရော်ဘင်က စပိန်ဂိုးသမား ကာဆီးလက်စ်နဲ့ တစ်ယောက်ချင်းကန်သွင်းခွင့်ရတယ်။ ပြီးတော့ ကာဆီးလက်စ်က ရော်ဘင်ကို ဖျက်ထုတ်လုနီးပါးဖြစ်ခဲ့ရတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ရော်ဘင်က အဲဒီဖျက်ထုတ်မှုကြောင့် လဲကျသွားမှာပါ”
”တကယ်လို့ အဲဒီလိုသာ သူလုပ်လိုက်ရင် ကျွန်တော်တို့အသင်းလည်း လက်ကျန်တစ်ပွဲလုံး တစ်ယောက်အသာနဲ့ကစားခွင့်ရမှာဖြစ်ပြီး အနိုင်ရဖို့လည်း ရာခိုင်နှုန်းများသွားမှာပါ။ ဒါပေမဲ့ ရော်ဘင်က ဂိုးသွင်းဖို့ပဲ ဆန္ဒစောနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ရော်ဘင်အနေနဲ့ အသင်းအနိုင်ရရေးထက် သူဂိုးသွင်းနိုင်ဖို့ပဲ စိတ်ရောက်နေတယ်ထင်ပါတယ်”လို့ ဘာဘယ်က ပြောပါတယ်။
ဘာဘယ်ဟာ လက်ရှိအချိန်အထိ နယ်သာလန်အသင်းမှာ ပါဝင်ကစားနေပြီး နည်းပြရော်နယ်ကိုးမန်းဦးဆောင်တဲ့နယ်သာလန်အသင်းက အခုရက်သတ္တပတ်အတွင်း ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေမှာ ဂျာမနီနဲ့ အက်စ်တိုးနီးယားတို့ကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။