ၿပီးျပည့္စုံတ့ဲကြင္းလယ္လူ ေပါ့ဂ္ဘာက အသင္းအတြက္ အလြန္အေရးပါသူျဖစ္ေၾကာင္း မာတာ ခ်ီးက်ဴး

Photo Credit

Photo Credit

ယူႏုိက္တက္၀ါရင့္ကြင္းလယ္လူ ဟြမ္မာတာက အသင္းေဖာ္ေပါ့ဂ္ဘာမွာ ၿပီးျပည့္စုံတဲ့ ကြင္းလယ္လူျဖစ္ေၾကာင္းနဲ႔ အသင္းအတြက္ သူက အလြန္အေရးပါတဲ့ကစားသမားျဖစ္ေၾကာင္း ခ်ီးက်ဴးလုိက္ပါတယ္။

Photo Credit

ေပါ့ဂ္ဘာဟာ ၂၀၁၆ ခုႏွစ္က ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထုိစဥ္က) ေပါင္ ၈၉သန္းနဲ႔ ဂ်ဴဗင္တပ္စ္ကေန ယူႏုိက္တက္ကို ျပန္လည္ေရာက္ရွိလာခ်ိန္ကတည္းက တည္ၿငိမ္တဲ့ကမၻာ့အဆင့္ေျခစြမ္းမ်ိဳး ျပသဖို႔ ႐ုန္းကန္ေနရၿပီး ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ မာတာကေတာ့ မိမိအေနနဲ႔ ေပါ့ဂ္ဘာရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ေၾကာင္းနဲ႔ အမ်ားစုက သူ႕ကို ေ၀ဖန္ေနေပမယ့္ အသင္းမွာရွိတဲ့သူ႕ရဲ႕တန္ဖိုးကို ျမင့္မားစြာထားရွိထားေၾကာင္း ဆုိပါတယ္။ ”ေပါလ္က ကၽြန္ေတာ္တုိ႔အသင္းအတြက္ တကယ့္ကိုအေရးပါတဲ့ကစားသမားတစ္ေယာက္ပါ”

Photo Credit ; Getty Images

”သူ႕မွာ အံ့အားသင့္စရာေကာင္းတဲ့အရည္အေသြးေတြ ပိုင္ဆုိင္ထားၿပီး ႐ုပ္ပိုင္းဆုိင္ရာအရေရာ ေဘာလုံးအျမင္ရွိမႈမွာပါ အရမ္းေကာင္းပါတယ္။ ၿပီးေတာ့ သူ႕ရဲ႕ေဘာလုံးေပးပုိ႔မႈေတြက တိက်ပါတယ္။ သူက ၿပီးျပည့္စုံကြင္းလယ္လူျဖစ္ၿပီး လူမႈမီဒီယာမွာ မေကာင္းတဲ့ဘက္ကေန ပိုမိုလူသိမ်ားေပမယ့္ တကယ့္အျပင္ဘ၀မွာေတာ့ စိတ္ထားေကာင္းသူပါ”လုိ႔ မာတာက ေျပာပါတယ္။

Photo Credit

ေပါ့ဂ္ဘာဟာ လက္ရွိိအခ်ိန္မွာေတာ့ ဒဏ္ရာျပႆနာေတြနဲ႔ရင္ဆုိင္ေနရၿပီး ၂၀၁၉-၂၀ ရာသီမွာ အသင္းရဲ႕ဦးေဆာင္ကစားသမားအျဖစ္ ရပ္တည္ႏိုင္ဖုိ႔ ႐ုန္းကန္ေနရပါတယ္။ မာတာကေတာ့ အနာဂတ္မေသမခ်ာျဖစ္ခဲ့တဲ့ေႏြရာသီေစ်းကြက္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးေနာက္ ေပါ့ဂ္ဘာလည္း အသင္းကို ဦးေဆာင္ကစားႏိုင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။

Photo Credit

Unicode

ပြီးပြည့်စုံတဲ့ကွင်းလယ်လူ ပေါ့ဂ်ဘာက အသင်းအတွက် အလွန်အရေးပါသူဖြစ်ကြောင်း မာတာ ချီးကျူး

ယူနိုက်တက်ဝါရင့်ကွင်းလယ်လူ ဟွမ်မာတာက အသင်းဖော်ပေါ့ဂ်ဘာမှာ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူဖြစ်ကြောင်းနဲ့ အသင်းအတွက် သူက အလွန်အရေးပါတဲ့ကစားသမားဖြစ်ကြောင်း ချီးကျူးလိုက်ပါတယ်။
ပေါ့ဂ်ဘာဟာ ၂၀၁၆ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က) ပေါင် ၈၉သန်းနဲ့ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာချိန်ကတည်းက တည်ငြိမ်တဲ့ကမ္ဘာ့အဆင့်ခြေစွမ်းမျိုး ပြသဖို့ ရုန်းကန်နေရပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါပေမဲ့ မာတာကတော့ မိမိအနေနဲ့ ပေါ့ဂ်ဘာရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ကြောင်းနဲ့ အများစုက သူ့ကို ဝေဖန်နေပေမယ့် အသင်းမှာရှိတဲ့သူ့ရဲ့တန်ဖိုးကို မြင့်မားစွာထားရှိထားကြောင်း ဆိုပါတယ်။ ”ပေါလ်က ကျွန်တော်တို့အသင်းအတွက် တကယ့်ကိုအရေးပါတဲ့ကစားသမားတစ်ယောက်ပါ”
”သူ့မှာ အံ့အားသင့်စရာကောင်းတဲ့အရည်အသွေးတွေ ပိုင်ဆိုင်ထားပြီး ရုပ်ပိုင်းဆိုင်ရာအရရော ဘောလုံးအမြင်ရှိမှုမှာပါ အရမ်းကောင်းပါတယ်။ ပြီးတော့ သူ့ရဲ့ဘောလုံးပေးပို့မှုတွေက တိကျပါတယ်။ သူက ပြီးပြည့်စုံကွင်းလယ်လူဖြစ်ပြီး လူမှုမီဒီယာမှာ မကောင်းတဲ့ဘက်ကနေ ပိုမိုလူသိများပေမယ့် တကယ့်အပြင်ဘဝမှာတော့ စိတ်ထားကောင်းသူပါ”လို့ မာတာက ပြောပါတယ်။
ပေါ့ဂ်ဘာဟာ လက်ရှိအချိန်မှာတော့ ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရပြီး ၂၀၁၉-၂၀ ရာသီမှာ အသင်းရဲ့ဦးဆောင်ကစားသမားအဖြစ် ရပ်တည်နိုင်ဖို့ ရုန်းကန်နေရပါတယ်။ မာတာကတော့ အနာဂတ်မသေမချာဖြစ်ခဲ့တဲ့နွေရာသီဈေးကွက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ပေါ့ဂ်ဘာလည်း အသင်းကို ဦးဆောင်ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။