ၿပိဳင္ဘက္အိမ္ရွင္ပရိသတ္ေတြကေတာင္ လက္ခုပ္တီးအားေပးတာခံခဲ့ရတဲ့ ရစ္ဘာရီ

Photo Credit

Photo Credit

ျပင္သစ္ႏိုင္ငံသားရစ္ဘာရီဟာ အသက္ ၃၆ ႏွစ္ရွိေနပါၿပီ။ ဒါေပမဲ့ ေအစီမီလန္အသင္းနဲ႔ ပြဲစဥ္က ရစ္ဘာရီျပသခဲ့တဲ့ ေျခစြမ္းေတြက သူ႕ရဲ႕ အရည္အေသြးေတြကို ျပက္ရယ္ျပဳလို႔ မရဘူးဆိုတာသက္ေသပါပဲ။

Photo Credit

ရစ္ဘာရီဟာ ေအစီမီလန္အသင္းနဲ႔ ပြဲစဥ္မွာ တတိယေျမာက္ အႏိုင္ဂိုးကိုအသာအယာပဲသြင္းယူၿပီး ဖီအိုရင္တီးနားအသင္းက သက္ေသာင့္သက္သာပဲအိ္မ္ရွင္ကိုအႏိုင္ယူခဲ့ပါတယ္။ အဆိုပါပြဲစဥ္မွာရစ္ဘာရီရဲ႕ စြမ္းေဆာင္ရည္ေတြက တကယ္ကိုေကာင္းမြန္ခဲ့ပါတယ္။

Photo Credit

ပြဲကစားခ်ိန္ ၈၉ မိနစ္မွာ လူစားလဲခံရၿပီး ကြင္းထဲကထြက္ခြာခ်ိန္မွာေတာ့ ၿပိဳင္ဘက္ ပရိသတ္ေတြကေတာင္ လက္ခုပ္ၾသဘာေပးၿပီး ခ်ီးမြမ္းခဲ့ၾကပါတယ္။ ထိုပြဲစဥ္မွာ ရစ္ဘာရီရဲ႕သြင္းဂိုးဟာ ေႏြရာသီမွာအလြတ္နဲ႔ ေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္ ဖီအိုရင္တီးနားအသင္းအတြက္ ျပင္သစ္သားရဲ႕ ဒုတိယေျမာက္ သြင္းဂိုးလည္းျဖစ္ပါတယ္။

Photo Credit

နည္းျပမြန္တယ္လာက သူ႕အတြက္ ယခုလိုဂုဏ္ျပဳလက္ခုပ္သံေတြ ခ်ီးျမွင့္ၾကမယ္ဆိုတာသိတာေၾကာင့္ လူစားလဲခဲ့တာ ျဖစ္တယ္လုိ႔ ဆိုပါတယ္။ မြန္တယ္လာက ”ကၽြန္ေတာ္ သူ႕ကိုတမင္ကြင္းထဲကထြက္ေစခဲ့တာပါ”

Photo Credit

”ဒီလိုလက္ခုပ္သံေတြက သူ႕ကို ႀကိဳဆိုေနမယ္ဆိုတာ ကၽြန္ေတာ္ ႀကိဳသိထားႏွင့္ေနလို႔ပါ၊ လြန္ခဲ့တဲ့ ၅ ႏွစ္၊ ၆ ႏွစ္ေလာက္ကတည္းက ရစ္ဘာရီဟာ သူ႔အတြက္ ေနရာလြတ္ေတြ ရွိမေနရင္ေတာင္ ၿပိဳင္ပြဲကိုအသက္သြင္းႏိုင္ၿပီး ျပတ္သားတဲ့ရလဒ္ေတြနဲ႔ မေမွ်ာ္လင့္ထားႏိုင္တာေတြ လုပ္ျပႏုိင္တဲ့ ကစားသမားမ်ိဳးပါ”လို႔ ေျပာပါတယ္။

Photo Credit

ဘိုင္ယန္ျမဴးနစ္က စာခ်ဳပ္သက္တမ္းကုန္ဆံုးသြားၿပီးျဖစ္တဲ့ ရစ္ဘာရီကိုအသင္းက ထြက္ခြာခြင့္ျပဳခဲ့ၿပီး သူ႕ရဲ႕ေနရာမွာလူငယ္ေတြနဲ႔ အစားထိုးဖို႔ စီစဥ္ခဲ့ပါတယ္။ ဒါေပမဲ့ ရစ္ဘာရီကေတာ့ ေအစီမီလန္အသင္းနဲ႔ပြဲစဥ္မွာ အသက္အရြယ္ဆိုတာ ကိန္းဂဏန္းေတြသက္သက္ပဲဆိုတာ ျပသသြားခဲ့ပါတယ္။

Photo Credit

ရစ္ဘာရီက ”ဟုတ္ပါတယ္၊ ကၽြန္ေတာ္ အသက္ႀကီးေနပါၿပီ၊ ဒါေပမဲ့ ကြင္းထဲေရာက္ရင္ အသက္ငယ္သြားသလုိ ခံစားရပါတယ္၊ ေဘာလံုးက ကၽြန္ေတာ့္ရဲ႕ဘဝျဖစ္သလိုအရမ္းလည္းခ်စ္ပါတယ္”

Photo Credit

”ကၽြန္ေတာ္သြင္းဂိုးေတြကိုဆာေလာင္တာေၾကာင့္ ဖီအိုရင္တီးနားကို ေရာက္ရွိလာတာပါ၊ အသင္းနဲ႔ အေကာင္းဆံုးကစားႏိုင္ဖို႔လည္း စိတ္လႈပ္ရွားမိပါတယ္၊ ကၽြန္ေတ္ာဒီအသင္းကိုကူညီဖို႔ ေရာက္ရွိလာတာပါ”

Photo Credit

”ကစားသမားေတြနဲ႔ ပရိသတ္ေတြကိုေရာေပါ့ ၊ ဒီေန႔ ကစားခဲ့သလိုေန႔ရက္တိုင္း၊ ရက္သတၱပတ္တိုင္းကစားႏိုင္ဖို႔ ႀကိဳးစားသြားမွာပါ”လို႔ ေျပာသြားခဲ့ပါတယ္။

Photo Credit

Unicode

ပြိုင်ဘက်အိမ်ရှင်ပရိသတ်တွေကတောင် လက်ခုပ်တီးအားပေးတာခံခဲ့ရတဲ့ ရစ်ဘာရီ

ပြင်သစ်နိုင်ငံသားရစ်ဘာရီဟာ အသက် ၃၆ နှစ်ရှိနေပါပြီ။ ဒါပေမဲ့ အေစီမီလန်အသင်းနဲ့ ပွဲစဉ်က ရစ်ဘာရီပြသခဲ့တဲ့ ခြေစွမ်းတွေက သူ့ရဲ့ အရည်အသွေးတွေကို ပြက်ရယ်ပြုလို့ မရဘူးဆိုတာသက်သေပါပဲ။
ရစ်ဘာရီဟာ အေစီမီလန်အသင်းနဲ့ ပွဲစဉ်မှာ တတိယမြောက် အနိုင်ဂိုးကိုအသာအယာပဲသွင်းယူပြီး ဖီအိုရင်တီးနားအသင်းက သက်သောင့်သက်သာပဲအိမ်ရှင်ကိုအနိုင်ယူခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာရစ်ဘာရီရဲ့ စွမ်းဆောင်ရည်တွေက တကယ်ကိုကောင်းမွန်ခဲ့ပါတယ်။
ပွဲကစားချိန် ၈၉ မိနစ်မှာ လူစားလဲခံရပြီး ကွင်းထဲကထွက်ခွာချိန်မှာတော့ ပြိုင်ဘက် ပရိသတ်တွေကတောင် လက်ခုပ်သြဘာပေးပြီး ချီးမွမ်းခဲ့ကြပါတယ်။ ထိုပွဲစဉ်မှာ ရစ်ဘာရီရဲ့သွင်းဂိုးဟာ နွေရာသီမှာအလွတ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဖီအိုရင်တီးနားအသင်းအတွက် ပြင်သစ်သားရဲ့ ဒုတိယမြောက် သွင်းဂိုးလည်းဖြစ်ပါတယ်။
နည်းပြမွန်တယ်လာက သူ့အတွက် ယခုလိုဂုဏ်ပြုလက်ခုပ်သံတွေ ချီးမြှင့်ကြမယ်ဆိုတာသိတာကြောင့် လူစားလဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မွန်တယ်လာက ”ကျွန်တော် သူ့ကိုတမင်ကွင်းထဲကထွက်စေခဲ့တာပါ”
”ဒီလိုလက်ခုပ်သံတွေက သူ့ကို ကြိုဆိုနေမယ်ဆိုတာ ကျွန်တော် ကြိုသိထားနှင့်နေလို့ပါ၊ လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်လောက်ကတည်းက ရစ်ဘာရီဟာ သူ့အတွက် နေရာလွတ်တွေ ရှိမနေရင်တောင် ပြိုင်ပွဲကိုအသက်သွင်းနိုင်ပြီး ပြတ်သားတဲ့ရလဒ်တွေနဲ့ မမျှော်လင့်ထားနိုင်တာတွေ လုပ်ပြနိုင်တဲ့ ကစားသမားမျိုးပါ”လို့ ပြောပါတယ်။
ဘိုင်ယန်မြူးနစ်က စာချုပ်သက်တမ်းကုန်ဆုံးသွားပြီးဖြစ်တဲ့ ရစ်ဘာရီကိုအသင်းက ထွက်ခွာခွင့်ပြုခဲ့ပြီး သူ့ရဲ့နေရာမှာလူငယ်တွေနဲ့ အစားထိုးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ရစ်ဘာရီကတော့ အေစီမီလန်အသင်းနဲ့ပွဲစဉ်မှာ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတွေသက်သက်ပဲဆိုတာ ပြသသွားခဲ့ပါတယ်။
ရစ်ဘာရီက ”ဟုတ်ပါတယ်၊ ကျွန်တော် အသက်ကြီးနေပါပြီ၊ ဒါပေမဲ့ ကွင်းထဲရောက်ရင် အသက်ငယ်သွားသလို ခံစားရပါတယ်၊ ဘောလုံးက ကျွန်တော့်ရဲ့ဘဝဖြစ်သလိုအရမ်းလည်းချစ်ပါတယ်”
”ကျွန်တော်သွင်းဂိုးတွေကိုဆာလောင်တာကြောင့် ဖီအိုရင်တီးနားကို ရောက်ရှိလာတာပါ၊ အသင်းနဲ့ အကောင်းဆုံးကစားနိုင်ဖို့လည်း စိတ်လှုပ်ရှားမိပါတယ်၊ ကျွန်တေ်ာဒီအသင်းကိုကူညီဖို့ ရောက်ရှိလာတာပါ”
”ကစားသမားတွေနဲ့ ပရိသတ်တွေကိုရောပေါ့ ၊ ဒီနေ့ ကစားခဲ့သလိုနေ့ရက်တိုင်း၊ ရက်သတ္တပတ်တိုင်းကစားနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ပြောသွားခဲ့ပါတယ်။