၅ ပတ္ခန္႔ အနားယူရေတာ့မယ့္ စတုန္းေၾကာင့္ လႈပ္ခတ္လာႏိုင္တဲ့ စီးတီးရဲ႕ ေနာက္တန္းျပႆနာ

Photo Credit

Photo Credit

မန္စီးတီးအသင္းေနာက္ခံလူ ဂၽြန္စတုန္းဟာ ႂကြက္သားဒဏ္ရာေၾကာင့္ ၅ ပတ္ခန္႔ အနားယူရေတာ့မယ္လို႔ နည္းျပ ဂြါဒီယိုလာကအတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

Photo Credit

စီးတီးအသင္းရဲ႕ခံစစ္ပိုင္းမွာေရြးခ်ယ္စရာေတြျဖစ္တဲ့လာေပၚတီကလည္း ဒူးဒဏ္ရာေၾကာင့္ ၆ ပတ္ခန္႔ အနားယူရမွာျဖစ္ၿပီး အသင္းနဲ႔ လမ္းခြဲသြားခဲ့တဲ့ အသင္းေခါင္းေဆာင္ေဟာင္း ဗင္းဆင့္ကြန္ပနီရဲ႕ေနရာကိုလည္း လက္ရွိအခ်ိန္ထိအစားထိုးႏိုင္ျခင္းမရွိေသးပါဘူး။

Photo Credit

စီးတီးအသင္းဟာ လက္ရွိအခ်ိန္မွာ ဂၽြန္စတုန္းနဲ႔ ေအာ္တာမန္ဒီတို႔သာ စီနီယာဗဟိုေနာက္ခံလူ ၂ ဦးအျဖစ္ရွိေနခဲ့ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ (၅)အျဖစ္ ေနာဝစ္ခ်္အသင္းကို ၃ – ၂ နဲ႔ ႐ံႈးနိမ့္ခဲ့တဲ့ပြဲစဥ္က ၿပီးခဲ့တဲ့ရာသီကလိုပရီးမီးယားလိဂ္ ခ်န္ပီယံဆုကိုဆက္လက္ထိန္းသိမ္းႏိုင္ဖို႔ စီးတီးအသင္းခံစစ္ပိုင္းက ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။

Photo Credit

စီးတီးအသင္းဟာ ဒီည ၁း၃၀ မွာ ခ်န္ပီယံလိဂ္အဖြင့္ပြဲစဥ္အျဖစ္ ရွက္တာဒိုးနက္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ယမန္ေန႔က ေလ့က်င့္ေရးကြင္းမွာ ဂၽြန္စတုန္း ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ အဆုိပါပြဲစဥ္မွာပါဝင္ႏိုင္ေတာ့မွာမဟုတ္ေၾကာင္း ဂြါဒီယိုလာကအတည္ျပဳသြားခဲ့တာပါ။

Photo Credit

သူ႕ရဲ႕ဒဏ္ရာအေျခအေနဘယ္အခ်ိန္ သက္သာမလဲဆိုတာကိုေတာ့ “တစ္လ၊ ၄ ပတ္ (သို႔) ၅ ပတ္ေလာက္ေတာ့ ၾကာမွာပါ”လို႔ ဂြါဒီယိုလာကေျပာသြားခဲ့ပါတယ္။ နည္းျပ ဂြါဒီယိုလာဟာ ၿပီးခဲ့တဲ့ေနာဝစ္ခ်္အသင္းနဲ႔ပြဲစဥ္မွာေတာ့ အဓိကေနာက္ခံကစားသမားျဖစ္တဲ့ ကိုင္လီေဝၚလ္ကာကိုလည္း လူစားမလဲခဲ့ဘဲတစ္ပြဲလံုးအသံုးျပဳသြားခဲ့ၿပီး ကြင္းလယ္အဖ်က္ ကစားသမားဖာနန္ဒင္ဟုိကိုလည္း ထုတ္မသံုးခဲ့ဘဲအနားေပးထားခဲ့ပါတယ္။

Photo Credit

ဆက္လက္ၿပီး ဂြါဒီယိုလာက လူငယ္ကစားသမားေတြျဖစ္တဲ့ အဲရစ္ဂါစီယာနဲ႔ ေတလာဟာဝုဒ္ဘဲလ္လစ္တို႔ကလည္း ဒဏ္ရာျပႆနာေတြကေန တိုးတက္လာၿပီလို႔ ေျပာပါတယ္။ ဂြါဒီယိုလာက ” ဒါကမန္ေနဂ်ာတစ္ေယာက္အတြက္ ၾကီးမားတဲ့ စိန္ေခၚမႈတစ္ခုပါ”

Photo Credit

”အသင္းကဗဟိုေနာက္ခံလူတစ္ဦးတည္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာက အံအားသင့္ဖြယ္ စိန္ေခၚမႈတစ္ခုပါပဲ၊ ဒါေပမဲ့ အသင္းအေပၚ ကၽြန္ေတ္္ာ ယံုၾကည္ပါတယ္။ လူေတြက ျပႆနာကိုဘယ္လိုေျဖရွင္းရမလဲဆိုတာမသိၾကပါဘူး၊ ဖာနန္ဒင္ဟို၊ ဂါစီယာနဲ႔ ဟာဝုဒ္ဘဲလ္လစ္ စတဲ့ကစားသမားေတြကအသင္းနဲ႔ ျပန္လည္ ပူးေပါင္းလာၾကမွာပါ။ ေဝဖန္မႈေတြကို လုိက္ၿပီးေျဖရွင္းေနဖို႔ မလုိပါဘူး၊ တကယ္လို႔ သူတို႔ မကစားႏိုင္ခဲ့ရင္လည္း ကြင္းထဲမွာ ကၽြန္ေတာ့္အသင္းကစားသမား ၁၁ ေယာက္ရွိပါတယ္၊ သူတို႔ကအေျဖရွာေပးသြားပါလိမ့္မယ္”လို႔ ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။

Photo Credit

Unicode

၅ ပတ်ခန့် အနားယူရတော့မယ့် စတုန်းကြောင့် လှုပ်ခတ်လာနိုင်တဲ့ စီးတီးရဲ့ နောက်တန်းပြဿနာ

မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းဟာ ကြွက်သားဒဏ်ရာကြောင့် ၅ ပတ်ခန့် အနားယူရတော့မယ်လို့ နည်းပြ ဂွါဒီယိုလာကအတည်ပြု ပြောကြားလိုက်ပါတယ်။
စီးတီးအသင်းရဲ့ခံစစ်ပိုင်းမှာရွေးချယ်စရာတွေဖြစ်တဲ့လာပေါ်တီကလည်း ဒူးဒဏ်ရာကြောင့် ၆ ပတ်ခန့် အနားယူရမှာဖြစ်ပြီး အသင်းနဲ့ လမ်းခွဲသွားခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့်ကွန်ပနီရဲ့နေရာကိုလည်း လက်ရှိအချိန်ထိအစားထိုးနိုင်ခြင်းမရှိသေးပါဘူး။
စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ဂျွန်စတုန်းနဲ့ အော်တာမန်ဒီတို့သာ စီနီယာဗဟိုနောက်ခံလူ ၂ ဦးအဖြစ်ရှိနေခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၅)အဖြစ် နောဝစ်ချ်အသင်းကို ၃ – ၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ပြီးခဲ့တဲ့ရာသီကလိုပရီးမီးယားလိဂ် ချန်ပီယံဆုကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့ စီးတီးအသင်းခံစစ်ပိုင်းက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
စီးတီးအသင်းဟာ ဒီည ၁း၃၀ မှာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် ရှက်တာဒိုးနက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ယမန်နေ့က လေ့ကျင့်ရေးကွင်းမှာ ဂျွန်စတုန်း ဒဏ်ရာရရှိသွားခဲ့တာကြောင့် အဆိုပါပွဲစဉ်မှာပါဝင်နိုင်တော့မှာမဟုတ်ကြောင်း ဂွါဒီယိုလာကအတည်ပြုသွားခဲ့တာပါ။
သူ့ရဲ့ဒဏ်ရာအခြေအနေဘယ်အချိန် သက်သာမလဲဆိုတာကိုတော့ “တစ်လ၊ ၄ ပတ် (သို့) ၅ ပတ်လောက်တော့ ကြာမှာပါ”လို့ ဂွါဒီယိုလာကပြောသွားခဲ့ပါတယ်။ နည်းပြ ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့နောဝစ်ချ်အသင်းနဲ့ပွဲစဉ်မှာတော့ အဓိကနောက်ခံကစားသမားဖြစ်တဲ့ ကိုင်လီဝေါ်လ်ကာကိုလည်း လူစားမလဲခဲ့ဘဲတစ်ပွဲလုံးအသုံးပြုသွားခဲ့ပြီး ကွင်းလယ်အဖျက် ကစားသမားဖာနန်ဒင်ဟိုကိုလည်း ထုတ်မသုံးခဲ့ဘဲအနားပေးထားခဲ့ပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက လူငယ်ကစားသမားတွေဖြစ်တဲ့ အဲရစ်ဂါစီယာနဲ့ တေလာဟာဝုဒ်ဘဲလ်လစ်တို့ကလည်း ဒဏ်ရာပြဿနာတွေကနေ တိုးတက်လာပြီလို့ ပြောပါတယ်။ ဂွါဒီယိုလာက ” ဒါကမန်နေဂျာတစ်ယောက်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါ”
”အသင်းကဗဟိုနောက်ခံလူတစ်ဦးတည်းနဲ့ ယှဉ်ပြိုင်ကစားရမှာက အံအားသင့်ဖွယ် စိန်ခေါ်မှုတစ်ခုပါပဲ၊ ဒါပေမဲ့ အသင်းအပေါ် ကျွန်တေ်ာ ယုံကြည်ပါတယ်။ လူတွေက ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာမသိကြပါဘူး၊ ဖာနန်ဒင်ဟို၊ ဂါစီယာနဲ့ ဟာဝုဒ်ဘဲလ်လစ် စတဲ့ကစားသမားတွေကအသင်းနဲ့ ပြန်လည် ပူးပေါင်းလာကြမှာပါ။ ဝေဖန်မှုတွေကို လိုက်ပြီးဖြေရှင်းနေဖို့ မလိုပါဘူး၊ တကယ်လို့ သူတို့ မကစားနိုင်ခဲ့ရင်လည်း ကွင်းထဲမှာ ကျွန်တော့်အသင်းကစားသမား ၁၁ ယောက်ရှိပါတယ်၊ သူတို့ကအဖြေရှာပေးသွားပါလိမ့်မယ်”လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။