၂ ဂိုးသြင္းၿပီး ရီးရဲလ္ကိုကယ္တင္ေပးႏိုင္ခဲ့ေပမယ့္ အနီကတ္ထိခဲ့တဲ့ ေဘးလ္အတြက္ ခ်ိဳသက္သက္ည

photo-sportbible

photo-gettyimages

ဗီလာရီးရဲလ္နဲ႔အေ၀းကြင္းပြဲစဥ္မွာ ဂါရတ္ေဘးလ္ဟာ သူ႔ရဲ႕သြင္းဂိုး ၂ ဂိုးနဲ႔ ရီးရဲလ္ကို ရႈံးပြဲမႀကဳံရေအာင္ ကယ္တင္ေပးႏုိင္ခဲ့ေပမယ့္လည္း ပြဲၿပီးခါနီးမွာ ႏွစ္၀ါတစ္နီနဲ႔အထုတ္ခံခဲ့ရတာေၾကာင့္ သူ႔အတြက္ ခံစားခ်က္ေရာျပြန္းတဲ့ရတဲ့ ပြဲစဥ္တစ္ပြဲျဖစ္ခဲ့မွာပါ။ အဲဒီပြဲမွာ ရီးရဲလ္ဟာ အိမ္ရွင္အသင္းရဲ႕ ၂ ႀကိမ္တိုင္ ဦးေဆာင္ျခင္းကို ခံခဲ့ရတာပါ။ ပြဲခ်ိန္ ၁၂ မိနစ္မွာ ဦးေဆာင္ဂိုးစေပးခဲ့ရေပမယ့္ ဂါရတ္ေဘးလ္က ျပန္လည္ေခ်ပေပးခဲ့ၿပီး ဒုတိယပိုင္း ၇၄ မိနစ္မွလည္း ဗီလာရီးရဲလ္က ထပ္မံဦးေဆာင္ခဲ့ေပမယ့္ ၈၆မိနစ္မွာ ေဘးလ္ကပဲ ေနာက္က်ေေခ်ပဂိုးျပန္သြင္းေပးခဲ့ရတယ္။ သူသြင္းခဲ့တဲ့ဒုတိယဂိုးကေတာ့ မထင္မွတ္တဲ့ေထာင့္က်ဥ္းထဲကို ပညာသားပါပါသြင္းခဲ့တာျဖစ္လုိ႔ အေတာ္ေကာင္းပါတယ္။

photo-gettyimages

သူ႔ရဲ႕အဲဒီေနာက္က်ဂိုးေၾကာင့္လည္း ရီးရဲလ္ဟာ ဗီလာရီးရဲလ္ကို မရႈံးခဲ့တာပါ။ ဒါေပမဲ့လည္း ဂါရတ္ေဘးလ္ဟာ နာက်င္အခ်ိန္ပိုမွာ ႏွစ္၀ါတစ္နီနဲ႔အထုတ္ခံလိုက္ရပါတယ္။ ပိုအံ့ၾသဖုိ႔ေကာင္းတာက ဂါရတ္ေဘးလ္ရခဲ့တဲ့ အ၀ါကတ္ႏွစ္ႀကိမ္ဟာ တစ္ခုနဲ႔တစ္ခု ၂ မိနစ္သာ ျခားတာပါ။ ပထမအ၀ါကို နာက်င္အခ်ိန္ပို ၉၂ မိနစ္မွာရခဲ့ၿပီး ဒုတိယအ၀ါကိုေတာ့ ၉၄ မိနစ္မွာ ထပ္ရခဲ့တာပါ။ အဲဒါေၾကာင့္လည္း ဂါရတ္ေဘးလ္ဟာ ႏုိင္ငံတကာရက္သတၱပတ္အၿပီး ျပန္ကစားရမယ့္ လီဗန္ေတးနဲ႔ပြဲစဥ္ကို ပါ၀င္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး။

photo-gettyimages

ဗီလာရီးရဲလ္နဲ႔ပြဲက သြင္းဂိုးေတြေၾကာင့္လညး္ ဂါရတ္ေဘးလ္ဟာ ၆ လၾကာဂိုးေပါက္ေပ်ာက္မႈကို အဆုံးသတ္ႏိုင္ခဲ့ပါတယ္။ သူဟာ ၿပီးခ့ဲတဲ့မတ္လကတည္းက ၿပိဳင္ပြဲအသြင္ပြဲေတြမွာ ရီးရဲလ္အတြက္ ဂိုးသြင္းေပးႏိုင္ျခင္းမရွိေတာ့ဘဲ ဗီလာရီးရဲလ္နဲ႔ပြဲေရာက္မွ ျပန္သြင္းေပးႏိုင္ခဲ့တာပါ။ ေဘးလ္ဟာ နည္းျပဇီဒန္းျပန္ေရာက္လာၿပီးကတည္းက ရီးရဲလ္ရဲ႕အပယ္ခံျဖစ္ခဲ့ၿပီး ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ တရုတ္စူပါလိဂ္ကိုေတာင္ ေရာက္ေတာ့မလုိျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ရီးရဲလ္ဘက္က စိတ္ေျပာင္းသြားမႈနဲ႔အတူ အသင္းမွာဆက္ရွိခဲ့ကာ ရာသီအစပြဲေတြကတည္းက ျပန္လည္ကစားခြင့္ရလာခဲ့ၿပီး အခုေတာ့ သူဟာ ရီးရဲလ္အတြက္ အေရးပါသူတစ္ေယာက္ျပန္ျဖစ္ေနပါၿပီ။

[Unicode]

ဗီလာရီးရဲလ်နဲ့အဝေးကွင်းပွဲစဉ်မှာ ဂါရတ်ဘေးလ်ဟာ သူ့ရဲ့သွင်းဂိုး ၂ ဂိုးနဲ့ ရီးရဲလ်ကို ရှုံးပွဲမကြုံရအောင် ကယ်တင်ပေးနိုင်ခဲ့ပေမယ့်လည်း ပွဲပြီးခါနီးမှာ နှစ်ဝါတစ်နီနဲ့အထုတ်ခံခဲ့ရတာကြောင့် သူ့အတွက် ခံစားချက်ရောပြွန်းတဲ့ရတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့မှာပါ။ အဲဒီပွဲမှာ ရီးရဲလ်ဟာ အိမ်ရှင်အသင်းရဲ့ ၂ ကြိမ်တိုင် ဦးဆောင်ခြင်းကို ခံခဲ့ရတာပါ။ ပွဲချိန် ၁၂ မိနစ်မှာ ဦးဆောင်ဂိုးစပေးခဲ့ရပေမယ့် ဂါရတ်ဘေးလ်က ပြန်လည်ချေပပေးခဲ့ပြီး ဒုတိယပိုင်း ၇၄ မိနစ်မှလည်း ဗီလာရီးရဲလ်က ထပ်မံဦးဆောင်ခဲ့ပေမယ့် ၈၆မိနစ်မှာ ဘေးလ်ကပဲ နောက်ကျေချေပဂိုးပြန်သွင်းပေးခဲ့ရတယ်။ သူသွင်းခဲ့တဲ့ဒုတိယဂိုးကတော့ မထင်မှတ်တဲ့ထောင့်ကျဉ်းထဲကို ပညာသားပါပါသွင်းခဲ့တာဖြစ်လို့ အတော်ကောင်းပါတယ်။

သူ့ရဲ့အဲဒီနောက်ကျဂိုးကြောင့်လည်း ရီးရဲလ်ဟာ ဗီလာရီးရဲလ်ကို မရှုံးခဲ့တာပါ။ ဒါပေမဲ့လည်း ဂါရတ်ဘေးလ်ဟာ နာကျင်အချိန်ပိုမှာ နှစ်ဝါတစ်နီနဲ့အထုတ်ခံလိုက်ရပါတယ်။ ပိုအံ့သြဖို့ကောင်းတာက ဂါရတ်ဘေးလ်ရခဲ့တဲ့ အဝါကတ်နှစ်ကြိမ်ဟာ တစ်ခုနဲ့တစ်ခု ၂ မိနစ်သာ ခြားတာပါ။ ပထမအဝါကို နာကျင်အချိန်ပို ၉၂ မိနစ်မှာရခဲ့ပြီး ဒုတိယအဝါကိုတော့ ၉၄ မိနစ်မှာ ထပ်ရခဲ့တာပါ။ အဲဒါကြောင့်လည်း ဂါရတ်ဘေးလ်ဟာ နိုင်ငံတကာရက်သတ္တပတ်အပြီး ပြန်ကစားရမယ့် လီဗန်တေးနဲ့ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။

ဗီလာရီးရဲလ်နဲ့ပွဲက သွင်းဂိုးတွေကြောင့်လည်း ဂါရတ်ဘေးလ်ဟာ ၆ လကြာဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့မတ်လကတည်းက ပြိုင်ပွဲအသွင်ပွဲတွေမှာ ရီးရဲလ်အတွက် ဂိုးသွင်းပေးနိုင်ခြင်းမရှိတော့ဘဲ ဗီလာရီးရဲလ်နဲ့ပွဲရောက်မှ ပြန်သွင်းပေးနိုင်ခဲ့တာပါ။ ဘေးလ်ဟာ နည်းပြဇီဒန်းပြန်ရောက်လာပြီးကတည်းက ရီးရဲလ်ရဲ့အပယ်ခံဖြစ်ခဲ့ပြီး ဒီနွေရာသီအပြောင်းအရွှေ့မှာ တရုတ်စူပါလိဂ်ကိုတောင် ရောက်တော့မလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ရီးရဲလ်ဘက်က စိတ်ပြောင်းသွားမှုနဲ့အတူ အသင်းမှာဆက်ရှိခဲ့ကာ ရာသီအစပွဲတွေကတည်းက ပြန်လည်ကစားခွင့်ရလာခဲ့ပြီး အခုတော့ သူဟာ ရီးရဲလ်အတွက် အရေးပါသူတစ်ယောက်ပြန်ဖြစ်နေပါပြီ။