၂၃ မိနစ္တာအတြင္းမွာ ဂိုးဖန္တီးမႈ ဟက္ထရစ္ယူၿပီး စံခ်ိန္မွတ္တမ္းေရးထုိးခဲ့တဲ့ဒီဘရူနီ

photo-gettyimages

photo-getttyimages

စေကာ့တလန္ကို ၄ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ တနလၤာညယူရိုေျခစစ္ပြဲမွာ ကြင္းလယ္လူဒီဘရူနီဟာ ဂိုးဖန္တီးမႈ ၃ ႀကိမ္လုပ္ႏိုင္ခဲ့ၿပီး ကိုယ္တုိင္လည္း ၁ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ အဲဒီပြဲမွာ ဘယ္လ္ဂ်ီယံဟာ ပြဲခ်ိန္ ၉ မိနစ္ကေန ၃၂ မိနစ္အတြင္း ၂၃ မိနစ္တာဆုိတဲ့ကာလေလးအတြင္းမွာ ၃ ဂိုးဆက္တုိက္ရရွိခဲ့တာျဖစ္ၿပီး အဲဒီ ၃ ဂိုးစလုံးကို ဒီဘရူနီက ဖန္တီးေပးႏိုင္ခဲ့တာပါ။ အဲဒီပြဲက ဂိုးဖန္တီးမႈဟက္ထရစ္ေၾကာင့္လည္း ဒီဘရူနီဟာ ယူရို ၂၀၂၀ ေျခစစ္ပြဲမွာ တစ္ပြဲတည္း ဂိုးဖန္တီးမႈ ၃ ႀကိမ္လုပ္ႏိုင္ခဲဲ့တဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

photo-gettyimages

အဲဒီမန္စီးတီးၾကယ္ပြင့္ဟာ ပြဲသိမ္းဂိုးလည္းသြင္းႏိုင္ခဲ့တာေၾကာင့္ စေကာ့တလန္နဲ႔ပြဲက ဘယ္လ္ဂ်ီယံရခဲ့တဲ့ ၄ ဂိုးစလုံးမွာ ပါ၀င္ပတ္သက္ႏိုင္ခဲ့တာပါ။ အသက္ ၂၈ ႏွစ္အရြယ္ ဒီဘရူနီဟာ ကလပ္အသင္းမန္စီးတီးအတြက္လည္း ဒီရာသီမွာ ဂိုးဖန္တီးမႈေတြျပဳလုပ္ေပးထားပါတယ္။ မန္စီးတီးအတြက္ကစားခဲ့တဲ့ ရာသီအစ ၄ ပြဲမွာ ၅ ဂိုးဖန္တီးေပးႏိုင္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ဂိုးဖန္တီးႏိုင္မႈစာရင္းမွာ ထိပ္ဆုံးက ရပ္တည္ႏိုင္ေနတာပါ။

photo-gettyimages

ဒီဘရူနီအေနနဲ႔ ၿပီးခဲ့တဲ့ရာသီတုန္းက ဒဏ္ရာျပသနာေၾကာင့္ ကလပ္နဲ႔ႏိုင္ငံအတြက္ သိပ္ၿပီးစြမ္းေဆာင္ေပးႏိုင္း မရွိခဲ့ပါဘူး။ ၿပီးခဲ့တဲ့ရာသီမွာ မန္စီးတီးသာ ခ်န္ပီယံဆုကာကြယ္ႏိုင္ခဲ့ေပမယ့္ ဒီဘရူနီကေတာ့ ပရီးမီးယားလိဂ္ ၁၉ ပြဲမွာ ၂ ဂိုးသာသြင္းၿပီး ၂ ဂိုးသာဖန္တီးႏိုင္ခဲ့တာပါ။ ဒါေပမဲ့ အခုရာသီသစ္မွာေတာ့ အဲဒီဘယ္လ္ဂ်ီယံသားဟာ အေကာင္းဆုံးပုံစံျပန္ရေနၿပီး ပထမဆုံးပရီးမီးယားလိဂ္ ၄ ပြဲမွာ ၅ ဂိုးဖန္တီး၊ ၁ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ၿပိဳင္ပြဲအရပ္ရပ္ သူ႔ရဲ႕ေနာက္ဆုံး ၆ ပဲြမွာ ဒီဘရူနီဟာ ဂိုးဖန္တီးမႈ ၈ ႀကိမ္ရထားတာ ျဖစ္ပါတယ္။

[Unicode]

စကော့တလန်ကို ၄ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ တနင်္လာညယူရိုခြေစစ်ပွဲမှာ ကွင်းလယ်လူဒီဘရူနီဟာ ဂိုးဖန်တီးမှု ၃ ကြိမ်လုပ်နိုင်ခဲ့ပြီး ကိုယ်တိုင်လည်း ၁ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဘယ်လ်ဂျီယံဟာ ပွဲချိန် ၉ မိနစ်ကနေ ၃၂ မိနစ်အတွင်း ၂၃ မိနစ်တာဆိုတဲ့ကာလလေးအတွင်းမှာ ၃ ဂိုးဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး အဲဒီ ၃ ဂိုးစလုံးကို ဒီဘရူနီက ဖန်တီးပေးနိုင်ခဲ့တာပါ။ အဲဒီပွဲက ဂိုးဖန်တီးမှုဟက်ထရစ်ကြောင့်လည်း ဒီဘရူနီဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ တစ်ပွဲတည်း ဂိုးဖန်တီးမှု ၃ ကြိမ်လုပ်နိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

အဲဒီမန်စီးတီးကြယ်ပွင့်ဟာ ပွဲသိမ်းဂိုးလည်းသွင်းနိုင်ခဲ့တာကြောင့် စကော့တလန်နဲ့ပွဲက ဘယ်လ်ဂျီယံရခဲ့တဲ့ ၄ ဂိုးစလုံးမှာ ပါဝင်ပတ်သက်နိုင်ခဲ့တာပါ။ အသက် ၂၈ နှစ်အရွယ် ဒီဘရူနီဟာ ကလပ်အသင်းမန်စီးတီးအတွက်လည်း ဒီရာသီမှာ ဂိုးဖန်တီးမှုတွေပြုလုပ်ပေးထားပါတယ်။ မန်စီးတီးအတွက်ကစားခဲ့တဲ့ ရာသီအစ ၄ ပွဲမှာ ၅ ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ဂိုးဖန်တီးနိုင်မှုစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နိုင်နေတာပါ။

ဒီဘရူနီအနေနဲ့ ပြီးခဲ့တဲ့ရာသီတုန်းက ဒဏ်ရာပြသနာကြောင့် ကလပ်နဲ့နိုင်ငံအတွက် သိပ်ပြီးစွမ်းဆောင်ပေးနိုင်း မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးသာ ချန်ပီယံဆုကာကွယ်နိုင်ခဲ့ပေမယ့် ဒီဘရူနီကတော့ ပရီးမီးယားလိဂ် ၁၉ ပွဲမှာ ၂ ဂိုးသာသွင်းပြီး ၂ ဂိုးသာဖန်တီးနိုင်ခဲ့တာပါ။ ဒါပေမဲ့ အခုရာသီသစ်မှာတော့ အဲဒီဘယ်လ်ဂျီယံသားဟာ အကောင်းဆုံးပုံစံပြန်ရနေပြီး ပထမဆုံးပရီးမီးယားလိဂ် ၄ ပွဲမှာ ၅ ဂိုးဖန်တီး၊ ၁ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲအရပ်ရပ် သူ့ရဲ့နောက်ဆုံး ၆ ပွဲမှာ ဒီဘရူနီဟာ ဂိုးဖန်တီးမှု ၈ ကြိမ်ရထားတာ ဖြစ်ပါတယ်။