၂၀၁၉ Ballon d’Or ဆုအတြက္ေရပန္းစားေနသူ ၅ ဦး

Photo-Sportsskeeda

ေဘာလုံးေလာကရဲ႕ တစ္ဦးခ်င္းဆုေတြထဲမွာ အထင္ရွားဆုံးနဲ႔ ဂုဏ္သိကၡာအရွိဆုံးကေတာ႔ Ballon d’Or ဘဲျဖစ္ပါတယ္။ ဒီဆုကို ၁၉၅၆ ကတည္းကေပးအပ္လာတာျဖစ္ၿပီး ဆုရတဲ႔သူေတြအားလုံးဟာလည္း ေဘာလုံးေလာကရဲ႕ဂႏၳ၀င္စာရင္း၀င္ေတြအျဖစ္ရပ္တည္ႏိုင္ခဲ့ၾကတာပါ။အရင္တုန္းက ဥေရာပသားေတြကိုဘဲ ေပးအပ္တာျဖစ္ေပမယ္႔ ၁၉၉၅ ကစလို႔ ဥေရာပမွာလာကစားတဲ႔ အေကာင္းဆုံးျဖစ္တဲ႔ဘယ္ႏိုင္ငံသားမဆို ဆုရပိုင္ခြင့္ရွိတဲ႔အထဲ ပါ၀င္လာခဲ့ပါတယ္။

၂၀၀၇ မွာေတာ႔ တစ္ကမၻာလုံးက ဘယ္ႏိုင္ငံသားမဆုိအေကာင္းဆုံးကစားႏိုင္မယ္ဆုိရင္ ဆုရယူႏိုင္တယ္လို႔ သတ္မွတ္ခဲ့ပါတယ္။ ၾကားထဲမွာ ၂၀၁၀ ကေန ၂၀၁၅ အထိ ဖီဖာနဲ႔ပူးေပါင္းၿပီး Fifa Ballon d’Or အျဖစ္ေပးအပ္ခဲ့ေပမယ္႔ ၂၀၁၆ ကစလို႔ Ballon d’Or အျဖစ္ဘဲျပန္လည္ေပးအပ္ခဲ့ပါတယ္။ လက္ရွိဆုရွင္ကေတာ႔ ခရိုေအးရွားနဲ႔ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ မိုဒရစ္ျဖစ္ပါတယ္။ ၂၀၁၉ အတြက္ဆုေပးပြဲနီးကပ္လာခ်ိန္မွာေတာ႔ ထူးျခားခ်က္အျဖစ္ ေနာက္ခံလူတစ္ဦးပါ၀င္လာခဲ့ၿပီး သူကေတာ႔ လီဗာပူးက ဗန္ဒစ္ခ်္ ျဖစ္ပါတယ္။ သူသူဆုရမယ္ဆိုရင္ေတာ႔ ၂၀၀၆ ကကန္နဗာရို ေနာက္ပိုင္း ဒီဆုကိုပထမဆုံးျပန္လည္ရယူႏိုင္သူအျဖစ္မွတ္တမ္း၀င္မွာျဖစ္ပါတယ္။

Photo-Sportsskeeda

လက္ရွိမွာ Ballon d’Or ဆုေပးမယ္႔အခ်ိန္နဲ႔ က်င္းပမယ္႔ေနရာကိုမထုတ္ျပန္ေသးေပမယ္႔ အစဥ္အလာအရဆိုရင္ေတာ႔ လာမယ္႔ ဒီဇင္ဘာလထဲမွာ က်င္းပႏိုင္ပါတယ္။ ဒါေၾကာင့္ လက္ရွိမွာ ဒီဆုအတြက္ေရပန္းစားေနတဲ႔ သူ ၅ ဦးအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

Photo-Sportsskeeda

ဗန္ဒစ္ခ်္(လီဗာပူး/နယ္သာလန္)

ၿပီးခဲ့တဲ႔ ရာသီမွာလီဗာပူးအသင္းခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲတုန္းကအဓိကက်သူျဖစ္ခဲ့တဲ႔ ဗန္ဒစ္ခ်္ဟာမၾကာေသးခင္ကလည္း ယူအီးအက္ဖ္ေအရဲ႕တစ္ႏွစ္တာအေကာင္းဆုံးအမ်ဳိးသားကစားသမားဆုကိုရယူႏိုင္ခဲ့သူပါ။ သူဟာခံစစ္နဲ႔ပတ္သက္တဲ႔ တစ္ဦးခ်င္းမွတ္တမ္းေတြလည္းေကာင္းမြန္ခဲ့သူျဖစ္ပါတယ္။ သူ႔စြမ္းေဆာင္ရည္ေၾကာင့္လည္းၿပီးခဲ့တဲ႔ ရာသီတုန္းက PFA တစ္ႏွစ္တာအေကာင္းဆုံးဆုကိုလည္းရယူႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္နယ္သာလန္အသင္းကိုလည္း ေနးရွင္းလိဂ္ဗိုလ္လုပြဲတက္ေစခဲ့လို႔ သူသာ Ballon d’Or ဆုရခဲ့မယ္ဆိုရင္ အံအားသင့္စရာရွိမွာ မဟုတ္ပါဘူး။

Photo-Sportsskeeda

မက္ဆီ(ဘာစီလိုနာ/အာဂ်င္တီးနား)

ဒီဆုကို ၄ ႀကိမ္ဆက္ရယူႏိုင္တဲ႔ ပထမဆုံးကစားသမားအျဖစ္မွတ္တမ္း၀င္ထားတဲ႔ မက္ဆီဟာ ေနာက္ပိုင္းႏွစ္ေတြမွာ ထင္မွတ္ထားသလိုေအာင္ျမင္မႈမရခဲ့ဘဲ အာဂ်င္တီးနားအသင္းနဲ႔လည္းေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။ ဒါေပမယ္႔ၿပီးခဲ့တဲ႔ ရာသီကေတာ႔သူ႔ရဲ႕အေကာင္းဆုံးရာသီေတြထဲက တစ္ခုျဖစ္ခဲ့ၿပီး ဘာစီလိုနာအတြက္ ၿပိဳင္ပြဲအရပ္ရပ္ပြဲ ၅၀ ကစားခဲ့ရာမွာ ၅၁ ဂိုးသြင္းၿပီး ၂၂ ဂိုးဖန္တီးေပးခဲ့ပါတယ္။ ဒါေၾကာင့္လည္း လာလီဂါ နဲ႔ခ်န္ပီယံလိဂ္မွာ ဂိုးသြင္းအမ်ားဆုံးျဖစ္ခဲ့ၿပီး ဥေရာပရဲ႕ဂိုးသြင္းအမ်ားဆုံးဆုကိုလည္း ရရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ႔ရာသီခ်န္ပီယံလိဂ္ရဲ႕အေကာင္းဆုံးတိုက္စစ္မွဴ းအျဖစ္ေရြးခ်ယ္ခံခဲ့ရတဲ႔ မက္ဆီဟာလည္း ဆုရဖို႔ ေရပန္းစားတဲ႔ထဲမွာ ပါ၀င္ေနပါတယ္။

Photo-Sportsskeeda

စီေရာ္နယ္ဒို(ဂ်ဴ ဗင္တပ္/ေပၚတူဂီ)

ၿပီးခဲ့တဲ႔ရာသီက ရီးရဲလ္ကေနဂ်ဴ ဗင္တပ္ကိုေျပာင္းၿပီး ကစားသမားဘ၀မွာက႑သစ္ဖြင့္လွစ္ခဲ့တဲ႔ စီေရာ္နယ္ဒိုဟာအဂၤလန္၊ စပိန္နဲ႔ အီတလီတို႔မွာ အမွတ္ေပးခ်န္ပီယံဘြဲ႔ကိုဆြတ္ခူးခဲ့တဲ႔ ပထမဆုံးသူလည္းျဖစ္ပါတယ္။ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ႔ စီေရာ္နယ္ဒိုဟာဂ်ဴ ဗင္တပ္အတြက္ ၄၅ ပြဲကစားၿပီး၂၈ ဂိုးသြင္းကာ ၁၀ ဂိုးဖန္တီးေပးခဲ့ပါတယ္။ ၂၈ ဂိုးသြင္းခဲ့တာဟာ ၿပီးခဲ့တဲ႔ႏွစ္ေပါင္းမ်ားစြာအတြင္း အနည္းဆုံးျဖစ္ခဲ့ေပမယ္႔ ဂ်ဴ ဗင္တပ္အတြက္ပထမဆုံးရာသီမွာ အျမန္ဆုံး ၁၀ ဂိုးသြင္းခဲ့သူျဖစ္ခဲ့တဲ႔အျပင္ ေပၚတူဂီအသင္းကိုေနးရွင္းလိဂ္မွာ ဗိုလ္စြဲဖို႔ဦးေဆာင္ႏိုင္ခဲ့လို႔ ဆုရဖို႔ေရပန္းစားသူတစ္ဦးျဖစ္ေနဆဲပါဘဲ။

Photo-Sportsskeeda

စတာလင္း(မန္စီးတီး/အဂၤလန္)

စတာလင္းဟာ မန္စီးတီးေရာက္ၿပီးမွ ဂိုးသြင္းစြမ္းရည္အမ်ားႀကီးတိုးတက္လာၿပီး ၿပီးခဲ့တဲ႔ရာသီမွာ မန္စီးတီးအသင္းျပည္တြင္းဆုဖလား ၃ လုံးရယူႏိုင္ခဲ့ရာမွာ အဓိကက်သူျဖစ္ခဲ့ပါတယ္။ သူဟာၿပီးခဲ့တဲ႔ ရာသီကမန္စီးတီးအတြက္ ၂၅ ဂိုးသြင္းကာ ၁၈ ဂိုးဖန္တီးေပးခဲ့သူျဖစ္ပါတယ္။ ဒီရာသီမွာလည္း ဂိုးသြင္းစြမ္းရည္ကို ဆက္လက္ျပသေနၿပီး ပရီးမီးယားလိဂ္ ၄ ပြဲမွာ ၅ ဂိုးသြင္းယူထားပါတယ္။

Photo-Sportsskeeda

အဲလစ္ဆန္(လီဗာပူး/ဘရာဇီး)

ကမၻာ႔စံခ်ိန္တင္ဂိုးသမားျဖစ္တဲ႔ အဲလစ္ဆန္အတြက္ေတာ႔ ၿပီးခဲ့တဲ႔ရာသီဟာသူ႔အတြက္တကယ္႔ကိုထူးျခားခဲ့ပါတယ္။ လီဗာပူးအသင္းခ်န္ပီယံလိဂ္ဗိုလ္စြဲရာမွာ အဓိကက်သူတစ္ဦးျဖစ္ခဲ့သလို ဘရာဇီးအသင္း ၂၀၁၉ ကိုပါအေမရိကမွာဗိုလ္စြဲေတာ႔လည္း သူ႔လက္စြမ္းကအေရးပါခဲ့ပါတယ္။ အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ႔ အဲလစ္ဆန္ဟာၿပီးခဲ႔တဲ႔ ရာသီမွာ လီဗာပူးကိုေပးဂိုးအနည္းဆုံး(၂၂ ဂိုး)ျဖစ္ေအာင္စြမ္းေဆာင္ေပးခဲ့လို႔ ေရြလက္အိတ္ဆုကိုလည္းဆြတ္ခူးခဲ့ပါေသးတယ္။ဒါ႔အျပင္သူဟာ ယူအီးအက္ေအရဲ႕တစ္ႏွစ္တာအေကာင္းဆုံးဆုကို ရရွိခဲ့ေသးတဲ႔အတြက္ ဆုရဖို႔ေရပန္းစားတဲ႔အထဲမွာ ပါ၀င္ေနတာျဖစ္ပါတယ္။

Unicode

၂၀၁၉ Ballon d’Or ဆုအတွက်ရေပန်းစားနေသူ ၅ ဦး
ဘောလုံးလောကရဲ့ တစ်ဦးချင်းဆုတွေထဲမှာ အထင်ရှားဆုံးနဲ့ ဂုဏ်သိက္ခာအရှိဆုံးကတော့ Ballon d’Or ဘဲဖြစ်ပါတယ်။ ဒီဆုကို ၁၉၅၆ ကတည်းကပေးအပ်လာတာဖြစ်ပြီး ဆုရတဲ့သူတွေအားလုံးဟာလည်း ဘောလုံးလောကရဲ့ဂန္ထဝင်စာရင်းဝင်တွေအဖြစ်ရပ်တည်နိုင်ခဲ့ကြတာပါ။အရင်တုန်းက ဥရောပသားတွေကိုဘဲ ပေးအပ်တာဖြစ်ပေမယ့် ၁၉၉၅ ကစလို့ ဥရောပမှာလာကစားတဲ့ အကောင်းဆုံးဖြစ်တဲ့ဘယ်နိုင်ငံသားမဆို ဆုရပိုင်ခွင့်ရှိတဲ့အထဲ ပါဝင်လာခဲ့ပါတယ်။

၂၀၀၇ မှာတော့ တစ်ကမ္ဘာလုံးက ဘယ်နိုင်ငံသားမဆိုအကောင်းဆုံးကစားနိုင်မယ်ဆိုရင် ဆုရယူနိုင်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ကြားထဲမှာ ၂၀၁၀ ကနေ ၂၀၁၅ အထိ ဖီဖာနဲ့ပူးပေါင်းပြီး Fifa Ballon d’Or အဖြစ်ပေးအပ်ခဲ့ပေမယ့် ၂၀၁၆ ကစလို့ Ballon d’Or အဖြစ်ဘဲပြန်လည်ပေးအပ်ခဲ့ပါတယ်။ လက်ရှိဆုရှင်ကတော့ ခရိုအေးရှားနဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်ဖြစ်ပါတယ်။ ၂၀၁၉ အတွက်ဆုပေးပွဲနီးကပ်လာချိန်မှာတော့ ထူးခြားချက်အဖြစ် နောက်ခံလူတစ်ဦးပါဝင်လာခဲ့ပြီး သူကတော့ လီဗာပူးက ဗန်ဒစ်ချ် ဖြစ်ပါတယ်။ သူသူဆုရမယ်ဆိုရင်တော့ ၂၀၀၆ ကကန်နဗာရို နောက်ပိုင်း ဒီဆုကိုပထမဆုံးပြန်လည်ရယူနိုင်သူအဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

လက်ရှိမှာ Ballon d’Or ဆုပေးမယ့်အချိန်နဲ့ ကျင်းပမယ့်နေရာကိုမထုတ်ပြန်သေးပေမယ့် အစဉ်အလာအရဆိုရင်တော့ လာမယ့် ဒီဇင်ဘာလထဲမှာ ကျင်းပနိုင်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ဒီဆုအတွက်ရေပန်းစားနေတဲ့ သူ ၅ ဦးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဗန်ဒစ်ချ်(လီဗာပူး/နယ်သာလန်)

ပြီးခဲ့တဲ့ ရာသီမှာလီဗာပူးအသင်းချန်ပီယံလိဂ်မှာ ဗိုလ်စွဲတုန်းကအဓိကကျသူဖြစ်ခဲ့တဲ့ ဗန်ဒစ်ချ်ဟာမကြာသေးခင်ကလည်း ယူအီးအက်ဖ်အေရဲ့တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုကိုရယူနိုင်ခဲ့သူပါ။ သူဟာခံစစ်နဲ့ပတ်သက်တဲ့ တစ်ဦးချင်းမှတ်တမ်းတွေလည်းကောင်းမွန်ခဲ့သူဖြစ်ပါတယ်။ သူ့စွမ်းဆောင်ရည်ကြောင့်လည်းပြီးခဲ့တဲ့ ရာသီတုန်းက PFA တစ်နှစ်တာအကောင်းဆုံးဆုကိုလည်းရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင်နယ်သာလန်အသင်းကိုလည်း နေးရှင်းလိဂ်ဗိုလ်လုပွဲတက်စေခဲ့လို့ သူသာ Ballon d’Or ဆုရခဲ့မယ်ဆိုရင် အံအားသင့်စရာရှိမှာ မဟုတ်ပါဘူး။

မက်ဆီ(ဘာစီလိုနာ/အာဂျင်တီးနား)

ဒီဆုကို ၄ ကြိမ်ဆက်ရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ထားတဲ့ မက်ဆီဟာ နောက်ပိုင်းနှစ်တွေမှာ ထင်မှတ်ထားသလိုအောင်မြင်မှုမရခဲ့ဘဲ အာဂျင်တီးနားအသင်းနဲ့လည်းခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့်ပြီးခဲ့တဲ့ ရာသီကတော့သူ့ရဲ့အကောင်းဆုံးရာသီတွေထဲက တစ်ခုဖြစ်ခဲ့ပြီး ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ်ပွဲ ၅၀ ကစားခဲ့ရာမှာ ၅၁ ဂိုးသွင်းပြီး ၂၂ ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒါကြောင့်လည်း လာလီဂါ နဲ့ချန်ပီယံလိဂ်မှာ ဂိုးသွင်းအများဆုံးဖြစ်ခဲ့ပြီး ဥရောပရဲ့ဂိုးသွင်းအများဆုံးဆုကိုလည်း ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူ းအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ မက်ဆီဟာလည်း ဆုရဖို့ ရေပန်းစားတဲ့ထဲမှာ ပါဝင်နေပါတယ်။

စီရော်နယ်ဒို(ဂျူ ဗင်တပ်/ပေါ်တူဂီ)

ပြီးခဲ့တဲ့ရာသီက ရီးရဲလ်ကနေဂျူ ဗင်တပ်ကိုပြောင်းပြီး ကစားသမားဘဝမှာကဏ္ဍသစ်ဖွင့်လှစ်ခဲ့တဲ့ စီရော်နယ်ဒိုဟာ အင်္ဂလန်၊ စပိန်နဲ့ အီတလီတို့မှာ အမှတ်ပေးချန်ပီယံဘွဲ့ကိုဆွတ်ခူးခဲ့တဲ့ ပထမဆုံးသူလည်းဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာဂျူ ဗင်တပ်အတွက် ၄၅ ပွဲကစားပြီး၂၈ ဂိုးသွင်းကာ ၁၀ ဂိုးဖန်တီးပေးခဲ့ပါတယ်။ ၂၈ ဂိုးသွင်းခဲ့တာဟာ ပြီးခဲ့တဲ့နှစ်ပေါင်းများစွာအတွင်း အနည်းဆုံးဖြစ်ခဲ့ပေမယ့် ဂျူ ဗင်တပ်အတွက်ပထမဆုံးရာသီမှာ အမြန်ဆုံး ၁၀ ဂိုးသွင်းခဲ့သူဖြစ်ခဲ့တဲ့အပြင် ပေါ်တူဂီအသင်းကိုနေးရှင်းလိဂ်မှာ ဗိုလ်စွဲဖို့ဦးဆောင်နိုင်ခဲ့လို့ ဆုရဖို့ရေပန်းစားသူတစ်ဦးဖြစ်နေဆဲပါဘဲ။

စတာလင်း(မန်စီးတီး/အင်္ဂလန်)

စတာလင်းဟာ မန်စီးတီးရောက်ပြီးမှ ဂိုးသွင်းစွမ်းရည်အများကြီးတိုးတက်လာပြီး ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအသင်းပြည်တွင်းဆုဖလား ၃ လုံးရယူနိုင်ခဲ့ရာမှာ အဓိကကျသူဖြစ်ခဲ့ပါတယ်။ သူဟာပြီးခဲ့တဲ့ ရာသီကမန်စီးတီးအတွက် ၂၅ ဂိုးသွင်းကာ ၁၈ ဂိုးဖန်တီးပေးခဲ့သူဖြစ်ပါတယ်။ ဒီရာသီမှာလည်း ဂိုးသွင်းစွမ်းရည်ကို ဆက်လက်ပြသနေပြီး ပရီးမီးယားလိဂ် ၄ ပွဲမှာ ၅ ဂိုးသွင်းယူထားပါတယ်။

အဲလစ်ဆန်(လီဗာပူး/ဘရာဇီး)

ကမ္ဘာ့စံချိန်တင်ဂိုးသမားဖြစ်တဲ့ အဲလစ်ဆန်အတွက်တော့ ပြီးခဲ့တဲ့ရာသီဟာသူ့အတွက်တကယ့်ကိုထူးခြားခဲ့ပါတယ်။ လီဗာပူးအသင်းချန်ပီယံလိဂ်ဗိုလ်စွဲရာမှာ အဓိကကျသူတစ်ဦးဖြစ်ခဲ့သလို ဘရာဇီးအသင်း ၂၀၁၉ ကိုပါအမေရိကမှာဗိုလ်စွဲတော့လည်း သူ့လက်စွမ်းကအရေးပါခဲ့ပါတယ်။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ အဲလစ်ဆန်ဟာပြီးခဲ့တဲ့ ရာသီမှာ လီဗာပူးကိုပေးဂိုးအနည်းဆုံး(၂၂ ဂိုး)ဖြစ်အောင်စွမ်းဆောင်ပေးခဲ့လို့ ရွေလက်အိတ်ဆုကိုလည်းဆွတ်ခူးခဲ့ပါသေးတယ်။ဒါ့အပြင်သူဟာ ယူအီးအက်အေရဲ့တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိခဲ့သေးတဲ့အတွက် ဆုရဖို့ရေပန်းစားတဲ့အထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။