ေႏြရာသီအေျပာင္းအေရႊ႕မတိုင္ခင္ ဆန္ခ်ဳိရဲ႕အေျပာင္းအေရႊ႕အတြက္ ယူႏိုက္တက္နဲ႔ ေဒါ့မြန္တိ႔ု ေတြ႔ဆံုေဆြးေႏြးခဲ့

Photo Credit

Photo Credit ; AFP / Getty Images

ၿပီးခဲ့တဲ့မတ္လက ကမၻာ့ေဘာလုံးစင္ျမင့္ထက္ အရွိန္ျပင္းျပင္းေရာက္ရွိလာတ့ဲ ေတာင္ပံကစားသမား ဆန္ခ်ိဳရဲ႕ အေျပာင္းအေရႊ႕အတြက္ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႔ဆံုေဆြးေႏြးမႈ ျပဳလုပ္ခဲ့တယ္လို႔ ေဒါ့မြန္အသင္းက ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

Photo Credit ; Reuters

အဆိုပါ အဂၤလန္ေတာင္ပံကစားသမားဟာ ယမန္ေန႔က ကိုဆုိဗိုအသင္းနဲ႔ပြဲစဥ္မွာ နည္းျပေဆာက္ဂိတ္ ကိုင္တြယ္တဲ့ အဂၤလန္အသင္းအတြက္ သြင္းဂိုး ၂ ဂိုး သြင္းယူေပးခဲ့ၿပီး ဒီေႏြရာသီမတိုင္ခင္က ယူႏိုက္တက္က ေခၚယူလိုေနတဲ့ ပစ္မွတ္ကစားသမား တစ္ဦးျဖစ္ခဲ့တာပါ။

Photo Credit ; EPA

ေဒါ႔မြန္အသင္းရဲ႔ အားကစား ဒါရိုက္တာ မိုက္ကယ္ေဇာ့က ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ အေမဇုန္ ေဒါ႔မြန္ ရုပ္သံအစီအစဥ္ကို အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ အဆိုပါ ေဆြးေႏြးမႈမွာ ေဇာ့၊ မားသီးယပ္စ္ဆမ္းမား၊ ဆီဘက္စတီယန္ ခါးလ္နဲ႔ ေဒါ႔မြန္အသင္း ဥကၠ႒ ဟန္ဂ်ဳိအာခ်င္ ဝက္ဇ္ကီတို႔ ပါဝင္ခဲ့ပါတယ္။

Photo Credit

မုိက္ကယ္ေဇာ့က ဆန္ခ်ဳိရဲ႕အေျပာင္းအေရႊ႔ ျဖစ္ေျမာက္ေစဖိ႔ု စကားေျပာဆို ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ဆန္ခ်ိဳကိုယ္တိုင္က ဒီေႏြရာသီမွာ ဂ်ာမန္ေျမက ထြက္ခြာဖို႔ ဆႏၵမရွိခဲ့တာလိ႔ု ဆိုပါတယ္။

Photo Credit

ဆက္လက္ၿပီး ေဇာ့က “အခုခ်ိန္မွာ ေဟာ့ပ္ျဖစ္ေနတဲ့ သတင္းက ဆန္ခ်ိဳနဲ႔ ယူႏိုက္တက္တို႔ရဲ႔ သတင္းပါပဲ၊ သူ႕ရဲ႕ဆံုးျဖတ္ခ်က္က ေဒါ႔မြန္အသင္းနဲ႔ ကၽြန္ေတာ္တို႔ ေတြ႕ဆံုမႈအတြက္ အေျဖပါပဲ၊ ယူႏိုက္တက္နဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ခ့ဲပါတယ္၊ ဒါေပမဲ့ သူ႕ရဲ႕ေအးဂ်င့္က ေငြဘယ္ေလာက္ေပးေပး ဒီေႏြရာသီမွာ အသင္းက ထြက္ခြာမွာ မဟုတ္ဘူးလိ႔ု ေျပာခဲ့ပါတယ္”

Photo Credit

”ကစားသမား ကိုယ္တုိင္ကလည္း ဒီေႏြမွာ အသင္းက ထြက္ခြာလိုစိတ္ မရွိခဲ့ပါဘူး”လို႔ ေျပာျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့လကထြက္ေပၚခဲ့တဲ့ သတင္းေတြအရ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကေတာ့ ၁၉ ႏွစ္အရြယ္ အဂၤလန္ၾကယ္ပြင့္ကို ေခၚယူဖိ႔ု ႀကိဳးစားေနဆဲလိ႔ု သိရပါတယ္။

Photo Credit

Unicode

နွေရာသီအပြောင်းအရွှေ့မတိုင်ခင် ဆန်ချိုရဲ့အပြောင်းအရွှေ့အတွက် ယူနိုက်တက်နဲ့ ဒေါ့မွန်တိ့ု တွေ့ဆုံဆွေးနွေးခဲ့

ပြီးခဲ့တဲ့မတ်လက ကမ္ဘာ့ဘောလုံးစင်မြင့်ထက် အရှိန်ပြင်းပြင်းရောက်ရှိလာတဲ့ တောင်ပံကစားသမား ဆန်ချိုရဲ့ အပြောင်းအရွှေ့အတွက် စာချုပ်ချုပ်ဆိုဖို့ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ ဒေါ့မွန်အသင်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဆိုပါ အင်္ဂလန်တောင်ပံကစားသမားဟာ ယမန်နေ့က ကိုဆိုဗိုအသင်းနဲ့ပွဲစဉ်မှာ နည်းပြဆောက်ဂိတ် ကိုင်တွယ်တဲ့ အင်္ဂလန်အသင်းအတွက် သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့ပြီး ဒီနွေရာသီမတိုင်ခင်က ယူနိုက်တက်က ခေါ်ယူလိုနေတဲ့ ပစ်မှတ်ကစားသမား တစ်ဦးဖြစ်ခဲ့တာပါ။
ဒေါ့မွန်အသင်းရဲ့ အားကစား ဒါရိုက်တာ မိုက်ကယ်ဇော့က ယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေဇုန် ဒေါ့မွန် ရုပ်သံအစီအစဉ်ကို အတည်ပြု ပြောကြားခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးမှုမှာ ဇော့၊ မားသီးယပ်စ်ဆမ်းမား၊ ဆီဘက်စတီယန် ခါးလ်နဲ့ ဒေါ့မွန်အသင်း ဥက္ကဋ္ဌ ဟန်ဂျိုအာချင် ဝက်ဇ်ကီတို့ ပါဝင်ခဲ့ပါတယ်။
မိုက်ကယ်ဇော့က ဆန်ချိုရဲ့အပြောင်းအရွှေ့ ဖြစ်မြောက်စေဖိ့ု စကားပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဆန်ချိုကိုယ်တိုင်က ဒီနွေရာသီမှာ ဂျာမန်မြေက ထွက်ခွာဖို့ ဆန္ဒမရှိခဲ့တာလိ့ု ဆိုပါတယ်။
ဆက်လက်ပြီး ဇော့က “အခုချိန်မှာ ဟော့ပ်ဖြစ်နေတဲ့ သတင်းက ဆန်ချိုနဲ့ ယူနိုက်တက်တို့ရဲ့ သတင်းပါပဲ၊ သူ့ရဲ့ဆုံးဖြတ်ချက်က ဒေါ့မွန်အသင်းနဲ့ ကျွန်တော်တို့ တွေ့ဆုံမှုအတွက် အဖြေပါပဲ၊ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်၊ ဒါပေမဲ့ သူ့ရဲ့အေးဂျင့်က ငွေဘယ်လောက်ပေးပေး ဒီနွေရာသီမှာ အသင်းက ထွက်ခွာမှာ မဟုတ်ဘူးလိ့ု ပြောခဲ့ပါတယ်”
”ကစားသမား ကိုယ်တိုင်ကလည်း ဒီနွေမှာ အသင်းက ထွက်ခွာလိုစိတ် မရှိခဲ့ပါဘူး”လို့ ပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့လကထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ၁၉ နှစ်အရွယ် အင်္ဂလန်ကြယ်ပွင့်ကို ခေါ်ယူဖိ့ု ကြိုးစားနေဆဲလိ့ု သိရပါတယ်။