ေလးစားစရာေကာင္းလြန္းတ့ဲ႐ိုးမားအသင္းရဲ႕ရည္ရြယ္ခ်က္…ကစားသမားသစ္မိတ္ဆက္ရာမွာ ေပ်ာက္ေနတဲ့ကေလးေတြပါ တဲြလ်က္ေဖာ္ျပခဲ့ၿပီးေနာက္ ၄ဦးအထိ ျပန္ေတြ႕လာ

Photo Credit ; Getty Images

Photo Credit

႐ိုးမားအသင္းက ယူႏုိက္တက္ေနာက္ခံလူ ခရစၥစေမာလင္းကို အငွားနဲ႔ေခၚယူႏုိင္ခဲ့ၿပီးေနာက္ သူ႕ရဲ႕ကစားသမားသစ္မိတ္ဆက္မႈကို ေပ်ာက္ဆုံးေနတဲ့ကေလးဓာတ္ပုံနဲ႔အတူ လူမႈမီဒီယာမွာ တင္ခ့ဲရာ အဲဒီ အသက္ ၈ႏွစ္အရြယ္ရွိ ကင္ညာႏိုင္ငံသူေလးကို ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီျဖစ္ၿပီး အဲဒီကေလးမေလးက ႐ိုးမားအသင္းရဲ႕ေလးစားအတုယူစရာေကာင္းတဲ့လုပ္ရပ္ေၾကာင့္ ရွာေဖြေတြ႕ရွိတဲ့ စတုတၳေျမာက္ကေလးျဖစ္လာပါတယ္။

Photo Credit

႐ိုးမားအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္း ကစားသမားေခၚယူႏိုင္တာနဲ႔ ကစားသမားသစ္မိတ္ဆက္မႈကို လူမႈမီဒီယာမွာ တင္တဲ့အခါ ေပ်ာက္ဆုံးေနတဲ့ကေလးေတြရဲ႕ဓာတ္ပုံကိုပါ တြဲလ်က္တင္ကာ ကေလးငယ္ေတြျပန္ေတြ႕ဖုိ႔ တတ္ႏိုင္တဲ့ဘက္က ပါ၀င္ကူညီခဲ့တာျဖစ္ၿပီး သူတုိ႔ရဲ႕လုပ္ေဆာင္ခ်က္ေတြက ေအာင္ျမင္တယ္လုိ႔ ဆိုရမွာပါ။

Photo Credit

ၿပီးခဲ့တဲ့ၾသဂုတ္လကုန္က ယူႏုိက္တက္ကေန တစ္ရာသီအငွားနဲ႔ ေရာက္ရွိလာခဲ့တဲ့ အဂၤလန္ေနာက္ခံလူ စေမာလင္းက ”ကၽြန္ေတာ့္ရဲ႕ကစားသမားသစ္မိတ္ဆက္မႈမွာ ပါ၀င္တဲ့ကေလးမေလးကို ျပန္ရွာေတြ႕ၿပီး သူခ်စ္တဲ့မိသားစု၀င္ေတြနဲ႔ ျပန္လည္ဆုံစည္းခြင့္ရခဲ့တာက ဖခင္တစ္ဦးအေနနဲ႔လည္း အရမ္းကိုေပ်ာ္ရႊင္မိပါတယ္။ ကေလးေတြအတြက္ မွန္ကန္တဲ့ေနအိမ္ေလးေတြ ျပန္လည္ရွာေဖြႏိုင္ေရးအတြက္ ကၽြန္ေတာ္တုိ႔ဒီထက္ပိုမိုကူညီႏိုင္ဖို႔လည္း ေမွ်ာ္လင့္ပါတယ္”လုိ႔ ေျပာပါတယ္။

Photo Credit

႐ိုးမားအသင္းက သူတုိ႔ရဲ႕လူမႈမီဒီယာမွာ ”ေပ်ာက္ဆုံးေနတဲ့ကေလးေတြကို ရွာေဖြေနတာ အခုဆုိရင္ ၄ေယာက္ေျမာက္ကေလးကို ျပန္ေတြ႕ပါၿပီ။ စေမာလင္းကို ေခၚယူလုိက္ၿပီဆုိတဲ့အသင္းရဲ႕ထုတ္ျပန္ေၾကညာခ်က္နဲ႔အတူ တြဲလ်က္ထည့္သြင္းခဲ့တဲ့ အသက္ ၈ႏွစ္အရြယ္ ကင္ညာႏုိင္ငံသူေလးကို ေဘးမသီရန္မခဘဲ ျပန္လည္ရွာေဖြေတြ႕ရွိခဲ့တာပါ”လု႔ိ ေရးသားေဖာ္ျပခဲ့ပါတယ္။

Photo Credit

ၿပီးခဲ့တဲ့တနဂၤေႏြေန႔ကလည္း အာဆင္နယ္ကြင္းလယ္လူ မစ္ခီတာယန္ကို အငွားနဲ႔ေခၚယူႏုိင္ခဲ့ၿပီလုိ႔ အတည္ျပဳေၾကညာခဲ့တဲ့ ဗီဒီယိုဖိုင္မွာ တစ္ခါတည္းထည့္သြင္းခဲ့တဲ့ ေပ်ာက္ဆုံးကေလးငယ္ေလးကိုလည္း ျပန္ရွာေတြ႕ခဲ့ၿပီး အသက္ ၁၃ႏွစ္အရြယ္ရွိ အဆိုပါေကာင္ေလးဟာ ဘာထိခုိက္ဒဏ္ရာမွမရဘဲ ျပန္ေတြ႕ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

Photo Credit

႐ိုးမားအသင္းရဲ႕လုပ္ေဆာင္ခ်က္က အေတာ္ေလးေအာင္ျမင္ေနၿပီး ကစားသမားသစ္မိတ္ဆက္မႈမွာ ေပ်ာက္ဆုံးကေလးငယ္ေတြရဲ႕ဓာတ္ပုံကိုပါ တြဲလ်က္တင္ေလ့ရွိလို႔ အဲဒီကေလးငယ္ေလးေတြ ေပ်ာက္ဆုံးေနတာ လူသိပိုမ်ားခဲ့ၿပီး အခုဆုိရင္ ေပ်ာက္ဆုံးကေလးငယ္ ၄ဦးအထိ ျပန္ေတြ႕ေနၿပီျဖစ္ပါတယ္။

Photo Credit

လြန္ခ့ဲတဲ့လကလည္း အသက္ ၁၅ႏွစ္အရြယ္ လန္ဒန္ၿမိဳ႕သူေလးကို ေဘးမသီရန္မချပန္ေတြ႕ၿပီး ဒါက တူရကီကလပ္ ဂင္ကလီဘီလီဂီအသင္းကေန ေခၚယူခဲ့တဲ့ မတ္ဆီတင္အတြက္ ကစားသမားသစ္မိတ္ဆက္မႈအျဖစ္ လူမႈမီဒီယာမွာ တင္ခဲ့တ့ဲအခ်ိန္ တစ္ခါတည္းတြဲလ်က္တင္ခဲ့ၿပီးေနာက္ ၆ရက္အၾကာမွာ ျပန္ေတြ႕ခဲ့တာျဖစ္ပါတယ္။

Photo Credit

Unicode

လေးစားစရာကောင်းလွန်းတဲ့ရိုးမားအသင်းရဲ့ရည်ရွယ်ချက်…ကစားသမားသစ်မိတ်ဆက်ရာမှာ ပျောက်နေတဲ့ကလေးတွေပါ တွဲလျက်ဖော်ပြခဲ့ပြီးနောက် ၄ဦးအထိ ပြန်တွေ့လာ

ရိုးမားအသင်းက ယူနိုက်တက်နောက်ခံလူ ခရစ္စစမောလင်းကို အငှားနဲ့ခေါ်ယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ကစားသမားသစ်မိတ်ဆက်မှုကို ပျောက်ဆုံးနေတဲ့ကလေးဓာတ်ပုံနဲ့အတူ လူမှုမီဒီယာမှာ တင်ခဲ့ရာ အဲဒီ အသက် ၈နှစ်အရွယ်ရှိ ကင်ညာနိုင်ငံသူလေးကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပြီး အဲဒီကလေးမလေးက ရိုးမားအသင်းရဲ့လေးစားအတုယူစရာကောင်းတဲ့လုပ်ရပ်ကြောင့် ရှာဖွေတွေ့ရှိတဲ့ စတုတ္ထမြောက်ကလေးဖြစ်လာပါတယ်။
ရိုးမားအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားခေါ်ယူနိုင်တာနဲ့ ကစားသမားသစ်မိတ်ဆက်မှုကို လူမှုမီဒီယာမှာ တင်တဲ့အခါ ပျောက်ဆုံးနေတဲ့ကလေးတွေရဲ့ဓာတ်ပုံကိုပါ တွဲလျက်တင်ကာ ကလေးငယ်တွေပြန်တွေ့ဖို့ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီခဲ့တာဖြစ်ပြီး သူတို့ရဲ့လုပ်ဆောင်ချက်တွေက အောင်မြင်တယ်လို့ ဆိုရမှာပါ။
ပြီးခဲ့တဲ့သြဂုတ်လကုန်က ယူနိုက်တက်ကနေ တစ်ရာသီအငှားနဲ့ ရောက်ရှိလာခဲ့တဲ့ အင်္ဂလန်နောက်ခံလူ စမောလင်းက ”ကျွန်တော့်ရဲ့ကစားသမားသစ်မိတ်ဆက်မှုမှာ ပါဝင်တဲ့ကလေးမလေးကို ပြန်ရှာတွေ့ပြီး သူချစ်တဲ့မိသားစုဝင်တွေနဲ့ ပြန်လည်ဆုံစည်းခွင့်ရခဲ့တာက ဖခင်တစ်ဦးအနေနဲ့လည်း အရမ်းကိုပျော်ရွှင်မိပါတယ်။ ကလေးတွေအတွက် မှန်ကန်တဲ့နေအိမ်လေးတွေ ပြန်လည်ရှာဖွေနိုင်ရေးအတွက် ကျွန်တော်တို့ဒီထက်ပိုမိုကူညီနိုင်ဖို့လည်း မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။
ရိုးမားအသင်းက သူတို့ရဲ့လူမှုမီဒီယာမှာ ”ပျောက်ဆုံးနေတဲ့ကလေးတွေကို ရှာဖွေနေတာ အခုဆိုရင် ၄ယောက်မြောက်ကလေးကို ပြန်တွေ့ပါပြီ။ စမောလင်းကို ခေါ်ယူလိုက်ပြီဆိုတဲ့အသင်းရဲ့ထုတ်ပြန်ကြေညာချက်နဲ့အတူ တွဲလျက်ထည့်သွင်းခဲ့တဲ့ အသက် ၈နှစ်အရွယ် ကင်ညာနိုင်ငံသူလေးကို ဘေးမသီရန်မခဘဲ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာပါ”လု့ိ ရေးသားဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း အာဆင်နယ်ကွင်းလယ်လူ မစ်ခီတာယန်ကို အငှားနဲ့ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုကြေညာခဲ့တဲ့ ဗီဒီယိုဖိုင်မှာ တစ်ခါတည်းထည့်သွင်းခဲ့တဲ့ ပျောက်ဆုံးကလေးငယ်လေးကိုလည်း ပြန်ရှာတွေ့ခဲ့ပြီး အသက် ၁၃နှစ်အရွယ်ရှိ အဆိုပါကောင်လေးဟာ ဘာထိခိုက်ဒဏ်ရာမှမရဘဲ ပြန်တွေ့ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ရိုးမားအသင်းရဲ့လုပ်ဆောင်ချက်က အတော်လေးအောင်မြင်နေပြီး ကစားသမားသစ်မိတ်ဆက်မှုမှာ ပျောက်ဆုံးကလေးငယ်တွေရဲ့ဓာတ်ပုံကိုပါ တွဲလျက်တင်လေ့ရှိလို့ အဲဒီကလေးငယ်လေးတွေ ပျောက်ဆုံးနေတာ လူသိပိုများခဲ့ပြီး အခုဆိုရင် ပျောက်ဆုံးကလေးငယ် ၄ဦးအထိ ပြန်တွေ့နေပြီဖြစ်ပါတယ်။
လွန်ခဲ့တဲ့လကလည်း အသက် ၁၅နှစ်အရွယ် လန်ဒန်မြို့သူလေးကို ဘေးမသီရန်မခပြန်တွေ့ပြီး ဒါက တူရကီကလပ် ဂင်ကလီဘီလီဂီအသင်းကနေ ခေါ်ယူခဲ့တဲ့ မတ်ဆီတင်အတွက် ကစားသမားသစ်မိတ်ဆက်မှုအဖြစ် လူမှုမီဒီယာမှာ တင်ခဲ့တဲ့အချိန် တစ်ခါတည်းတွဲလျက်တင်ခဲ့ပြီးနောက် ၆ရက်အကြာမှာ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။