ေရပန္းစားတဲ႔ ဗန္ဒစ္ခ်္ကိုေက်ာ္ၿပီး The Best ုဆုကို မက္ဆီဆြတ္ခူး၊နည္းျပဆုကို ကေလာ႔ပ္ရရွိ

Photo- Internet
Photo- Internet

မေန႔ညက မီလန္ၿမိဳ႕မွာက်င္းပခဲ့တဲ႔ ဖီဖာရဲ႕ ၂၀၁၉ The Best ဆုေပးပြဲမွာ ေရပန္းစားေနတဲ႔ လီဗာပူးနဲ႔နယ္သာလန္ေနာက္ခံလူ ဗန္ဒစ္ခ်္ကိုေက်ာ္ၿပီး ဘာစီလိုနာနဲ႔ အာဂ်င္တီးနားတိုက္စစ္မွဴ းမက္ဆီက အေကာင္းဆုံးဆု ကိုဆြတ္ခူးသြားႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒီဆုေပးပြဲကို စီေရာ္နယ္ဒို တက္ေရာက္ခဲ့ျခင္းမရွိခဲ့ပါဘူး။

ဗန္ဒစ္ခ်္ဟာ ၿပီးခဲ့တဲ႔လက ယူအီးအက္ဖ္ေအကေပးအပ္ခဲ့တဲ႔ ခ်န္ပီယံလိဂ္တစ္ႏွစ္တာအေကာင္းဆုံးဆုကို ဆြတ္ခူးခဲ့ၿပီးတဲ႔ေနာက္ The Best  ဆုရဖို႔ေရပန္းစားခဲ့တာပါ။ ဒါေပမယ္႔လည္း မက္ဆီက ဆုရရွိၿပီး ဖီဖာရဲ႕အေကာင္းဆုံးဆုကို ၆ ႀကိမ္ေျမာက္အျဖစ္ စံခ်ိန္တင္ဆြတ္ခူးသြားခဲ့တာျဖစ္ပါတယ္။ သူဟာ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ နဲ႔ ၂၀၁၅ တို႔မွာလည္း ဆုရခဲ့ေသးသူျဖစ္ပါတယ္။ ဗန္ဒစ္္ခ်္က ဒုတိယရၿပီး ဂ်ဴ ဗင္တပ္နဲ႔ ေပၚတူဂီတိုက္စစ္မွဴ းး စီေရာ္နယ္ဒိုက တတိယရခဲ့ပါတယ္။

Photo- Internet

မက္ဆီဟာ  ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ နဲ႔ ၂၀၁၅ တို႔မွာလည္း ဆုရခဲ့ေသးသူျဖစ္ပါတယ္။ သူဟာၿပီးခဲ့တဲ႔ရာသီမွာ ဘာစီလိုနာနဲ႔ လာလီဂါခ်န္ပီယံဘြဲ႔သာရရွိခဲ့ေပမယ္႔ ၅၈ ပြဲကစားခဲ့ရာမွာ ၅၄ ဂိုးသြင္းယူၿပီး ဂိုး ၂၀ ဖန္တီးေပးခဲ့လို႔ အခုလိုဆုရခဲ့တာျဖစ္တယ္လို႔လည္း သုံးသပ္ၾကပါတယ္။

Photo- Internet

တစ္ႏွစ္တာအေကာင္းဆုံးဆုကိုေတာ႔ ဂြာဒီယိုလာနဲ႔ ပိုခ်က္တီႏိုတို႔ကိုေက်ာ္ျဖတ္ၿပီး လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ႔ပ္ကဆြတ္ခူးသြားပါတယ္။ ကေလာ႔ပ္ဟာ လီဗာပူးကိုခ်န္ပီယံလိဂ္ဖလားအရယူေပးခဲ့တဲ႔အတြက္ ေရပန္းစားခဲ့တဲ႔အတိုင္း ဆုရသြားတာျဖစ္ပါတယ္။ သူဆုရခဲ့ေပမယ္႔ စပါးနည္းျပ ပိုခ်က္တီႏိုလည္း ဆုနဲ႔ထိုက္တန္တဲ႔သူလို႔ ကေလာ႔ပ္က ေျပာသြားပါတယ္။ အေကာင္းဆုံးဂိုးသမားဆုကိုေတာ႔ လီဗာပူးနဲ႔ ဘရာဇီး ဂိုးသမား အဲလစ္ဆန္က ရရွိခဲ့ပါတယ္။

Photo- Internet

ဒီဆုအတြက္နည္းျပေတြ၊ ကစားသမားေတြနဲ႔ မီဒီယာတာ၀န္ရွိသူေပါင္း ၄၀၀ ေက်ာ္မဲေပးခဲ့ၾကတာျဖစ္ၿပီး မက္ဆီက ၄၆%၊ ဗန္ဒစ္ခ်္က ၃၈% နဲ႔ စီေရာ္နယ္ဒိုက ၃၆% အသီးသီးရရွိခဲ့ၾကပါတယ္။ ဒီဆုအတြက္ မက္ဆီမဲေပးခဲ့တဲ႔အထဲမွာ ဗန္ဒစ္ခ်္မပါခဲ့ဘဲ မာနီ၊ စီေရာ္နယ္ဒိုနဲ႔ ဒီေဂ်ာင္တို႔ကို မဲေပးခဲ့ၾကပါတယ္။ စီေရာ္နယ္ဒိုကေတာ႔ သူ႔ရဲ႕အေကာင္းဆုံးကစားသမားအျဖစ္ ဒီလစ္ကိုေရြးခဲ့တာပါ။

Photo- Internet

Unicode

ရေပန်းစားတဲ့ ဗန်ဒစ်ချ်ကိုကျော်ပြီး The Best ုဆုကို မက်ဆီဆွတ်ခူး၊နည်းပြဆုကို ကလော့ပ်ရရှိ
မနေ့ညက မီလန်မြို့မှာကျင်းပခဲ့တဲ့ ဖီဖာရဲ့ ၂၀၁၉ The Best ဆုပေးပွဲမှာ ရေပန်းစားနေတဲ့ လီဗာပူးနဲ့နယ်သာလန်နောက်ခံလူ ဗန်ဒစ်ချ်ကိုကျော်ပြီး ဘာစီလိုနာနဲ့ အာဂျင်တီးနားတိုက်စစ်မှူ းမက်ဆီက အကောင်းဆုံးဆု ကိုဆွတ်ခူးသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဆုပေးပွဲကို စီရော်နယ်ဒို တက်ရောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဗန်ဒစ်ချ်ဟာ ပြီးခဲ့တဲ့လက ယူအီးအက်ဖ်အေကပေးအပ်ခဲ့တဲ့ ချန်ပီယံလိဂ်တစ်နှစ်တာအကောင်းဆုံးဆုကို ဆွတ်ခူးခဲ့ပြီးတဲ့နောက် The Best  ဆုရဖို့ရေပန်းစားခဲ့တာပါ။ ဒါပေမယ့်လည်း မက်ဆီက ဆုရရှိပြီး ဖီဖာရဲ့အကောင်းဆုံးဆုကို ၆ ကြိမ်မြောက်အဖြစ် စံချိန်တင်ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ နဲ့ ၂၀၁၅ တို့မှာလည်း ဆုရခဲ့သေးသူဖြစ်ပါတယ်။ ဗန်ဒစ်ချ်က ဒုတိယရပြီး ဂျူ ဗင်တပ်နဲ့ ပေါ်တူဂီတိုက်စစ်မှူ းး စီရော်နယ်ဒိုက တတိယရခဲ့ပါတယ်။

မက်ဆီဟာ  ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ နဲ့ ၂၀၁၅ တို့မှာလည်း ဆုရခဲ့သေးသူဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာနဲ့ လာလီဂါချန်ပီယံဘွဲ့သာရရှိခဲ့ပေမယ့် ၅၈ ပွဲကစားခဲ့ရာမှာ ၅၄ ဂိုးသွင်းယူပြီး ဂိုး ၂၀ ဖန်တီးပေးခဲ့လို့ အခုလိုဆုရခဲ့တာဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

တစ်နှစ်တာအကောင်းဆုံးဆုကိုတော့ ဂွာဒီယိုလာနဲ့ ပိုချက်တီနိုတို့ကိုကျော်ဖြတ်ပြီး လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ကဆွတ်ခူးသွားပါတယ်။ ကလော့ပ်ဟာ လီဗာပူးကိုချန်ပီယံလိဂ်ဖလားအရယူပေးခဲ့တဲ့အတွက် ရေပန်းစားခဲ့တဲ့အတိုင်း ဆုရသွားတာဖြစ်ပါတယ်။ သူဆုရခဲ့ပေမယ့် စပါးနည်းပြ ပိုချက်တီနိုလည်း ဆုနဲ့ထိုက်တန်တဲ့သူလို့ ကလော့ပ်က ပြောသွားပါတယ်။ အကောင်းဆုံးဂိုးသမားဆုကိုတော့ လီဗာပူးနဲ့ ဘရာဇီး ဂိုးသမား အဲလစ်ဆန်က ရရှိခဲ့ပါတယ်။

ဒီဆုအတွက်နည်းပြတွေ၊ ကစားသမားတွေနဲ့ မီဒီယာတာဝန်ရှိသူပေါင်း ၄၀၀ ကျော်မဲပေးခဲ့ကြတာဖြစ်ပြီး မက်ဆီက ၄၆%၊ ဗန်ဒစ်ချ်က ၃၈% နဲ့ စီရော်နယ်ဒိုက ၃၆% အသီးသီးရရှိခဲ့ကြပါတယ်။ ဒီဆုအတွက် မက်ဆီမဲပေးခဲ့တဲ့အထဲမှာ ဗန်ဒစ်ချ်မပါခဲ့ဘဲ မာနီ၊ စီရော်နယ်ဒိုနဲ့ ဒီဂျောင်တို့ကို မဲပေးခဲ့ကြပါတယ်။ စီရော်နယ်ဒိုကတော့ သူ့ရဲ့အကောင်းဆုံးကစားသမားအဖြစ် ဒီလစ်ကိုရွေးခဲ့တာပါ။