ေရနစ္ေနတဲ့ယူႏုိက္တက္ကို ၀ါးကူထုိးမယ့္သတင္းမ်ားလား…အာဆင္နယ္နဲ႔ပြဲမွာ ပါ၀င္ႏိုင္ဖို႔ ေပါ့ဂ္ဘာမေသမခ်ာျဖစ္ေန

Photo Credit ; AFP / Getty Images

Photo Credit

ဒဏ္ရာျပႆနာေတြနဲ႔ရင္ဆုိင္ေနရတဲ့ယူႏုိက္တက္အတြက္ အဆုိးရြားဆုံးအျဖစ္ အားထားရတဲ့ကြင္းလယ္လူ ေပါ့ဂ္ဘာဟာ ေျခက်င္း၀တ္ဒဏ္ရာျပန္ေပၚလာတာေၾကာင့္ တနလၤာေန႔မွာကစားရမယ့္ အာဆင္နယ္နဲ႔အိမ္ကြင္းပြဲစဥ္မွာ ပါ၀င္ကစားႏိုင္ဖို႔ မေသမခ်ာျဖစ္ေနေၾကာင္း သိရပါတယ္။

Photo Credit

ျပင္သစ္လက္ေရြးစင္ ေပါ့ဂ္ဘာဟာ ဗုဒၶဟူးညက ေရာ့ခ်္ေဒးလ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရခဲ့တဲ့ကာရာေဘာင္ဖလားပြဲမွာ ျပန္လည္ကစားႏုိင္ခဲ့ၿပီးေနာက္ အသင္းအတြက္ မိနစ္ ၉၀ျပည့္ပါ၀င္ကစားသြားႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ နည္းျပဆုိးလ္ရွားက ဂ်ဴဗင္တပ္စ္ကြင္းလယ္လူေဟာင္း ေပ့ါဂ္ဘာအေနနဲ႔ ၾသဂုတ္လကုန္ကတည္းက အနားယူေစခဲ့ရတဲ့ ေျခက်င္း၀တ္ဒဏ္ရာ ျပန္ေပၚလာတာေၾကာင့္ အာဆင္နယ္နဲ႔ပရီးမီးယားလိဂ္ပြဲမွာ ပါ၀င္ႏိုင္ဖို႔ မေသခ်ာေၾကာင္း အတည္ျပဳခဲ့ပါတယ္။

Photo Credit

”ေပါ့ဂ္ဘာအေနနဲ႔ မိနစ္ ၉၀ျပည့္ကစားခဲ့တာမွန္ေပမယ့္ ပြဲကစားခ်ိန္အတြင္း ေျခက်င္း၀တ္ကို အကန္ခံခဲ့ရပါတယ္။ ဒီေတာ့ သူလည္း အာဆင္နယ္နဲ႔ပဲြမွာ ပါ၀င္ႏိုင္ဖုိ႔ ႀကိဳးစားရဦးမယ္။ မေသခ်ာဘူးလားဆိုေတာ့ မေသခ်ာဘူးေပါ့။ ဒါေပမဲ့ အဲဒီနည္းလမ္းတစ္ခုပဲ အခုခ်ိန္မွာရွိပါတယ္”လုိ႔ ဆုိးလ္ရွားက ေျပာပါတယ္။

Photo Credit ; Getty Images

တကယ္လုိ႔ ေပါ့ဂ္ဘာသာ မပါ၀င္ႏိုင္ရင္ နည္းျပဆုိးလ္ရွားအတြက္ ကစားသမားေရြးခ်ယ္မႈအပိုင္းမွာ ပိုမိုအခက္ေတြ႕လာႏိုင္ၿပီး အသင္းက ပရီးမီးယားလိဂ္ပြဲစဥ္ ၆အၿပီးမွာ ရမွတ္ ၈မွတ္သာရရွိထားခ်ိန္ ႏိုင္ပဲြေတြမျဖစ္မေနလိုအပ္ေနပါတယ္။

Photo Credit

ေနာက္ထပ္ဆုိးရြားတဲ့ေနရာက တုိက္စစ္ပိုင္းျဖစ္ၿပီး ဆုိးလ္ရွားက အာဆင္နယ္နဲ႔ပြဲမွာ တုိက္စစ္မွဴးေတြျဖစ္တ့ဲ မာရွယ္နဲ႔ ရက္ရွ္ဖို႔ဒ္တုိ႔ ျပန္လည္ပါ၀င္ႏိုင္ဖို႔ မျဖစ္ႏိုင္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။ မာရွယ္က ေပါင္ဒဏ္ရာေၾကာင့္ ၾသဂုတ္လ ၂၃ရက္ေန႔ကတည္းက အနားယူေနရတာျဖစ္သလို ရက္ရွ္ဖို႔ဒ္ကလည္း တနဂၤေႏြေန႔က ၀က္စ္ဟမ္းကို ၂-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပဲြမွာ ေပါင္ၿခံဒဏ္ရာေၾကာင့္ လူစားလဲခံခဲ့ရပါတယ္။

Photo Credit ; Getty Images

”ကၽြန္ေတာ့္အေနနဲ႔ မာရွယ္နဲ႔ရက္ရွ္ဖို႔ဒ္တုိ႔ ျပန္ကစားဖုိ႔အတြက္ ကုိယ့္ဘ၀ႀကီးတစ္ခုလုံးကို ေလာင္းေၾကးထပ္မွာမဟုတ္ပါဘူး။ ဒါေပမဲ့ ဒါေတြက ပြဲတစ္ပြဲရဲ႕အစိတ္အပို္င္းပါ။ ကုိယ့္မွာရွိတဲ့လူအင္အားနဲ႔ လုပ္ရမွာျဖစ္ၿပီး ဒီပြဲကုိ မေစာင့္ႏိုင္ေအာင္ ျဖစ္ေနပါတယ္”လုိ႔ ဆုိးလ္ရွားက ေျပာပါတယ္။

Photo Credit ; Getty Images

Unicode

ရေနစ်နေတဲ့ယူနိုက်တက်ကို ဝါးကူထိုးမယ့်သတင်းများလား…အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ပေါ့ဂ်ဘာမသေမချာဖြစ်နေ

ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ယူနိုက်တက်အတွက် အဆိုးရွားဆုံးအဖြစ် အားထားရတဲ့ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ခြေကျင်းဝတ်ဒဏ်ရာပြန်ပေါ်လာတာကြောင့် တနင်္လာနေ့မှာကစားရမယ့် အာဆင်နယ်နဲ့အိမ်ကွင်းပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မသေမချာဖြစ်နေကြောင်း သိရပါတယ်။
ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာဟာ ဗုဒ္ဓဟူးညက ရော့ချ်ဒေးလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့ကာရာဘောင်ဖလားပွဲမှာ ပြန်လည်ကစားနိုင်ခဲ့ပြီးနောက် အသင်းအတွက် မိနစ် ၉၀ပြည့်ပါဝင်ကစားသွားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ နည်းပြဆိုးလ်ရှားက ဂျူဗင်တပ်စ်ကွင်းလယ်လူဟောင်း ပေ့ါဂ်ဘာအနေနဲ့ သြဂုတ်လကုန်ကတည်းက အနားယူစေခဲ့ရတဲ့ ခြေကျင်းဝတ်ဒဏ်ရာ ပြန်ပေါ်လာတာကြောင့် အာဆင်နယ်နဲ့ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာကြောင်း အတည်ပြုခဲ့ပါတယ်။
”ပေါ့ဂ်ဘာအနေနဲ့ မိနစ် ၉၀ပြည့်ကစားခဲ့တာမှန်ပေမယ့် ပွဲကစားချိန်အတွင်း ခြေကျင်းဝတ်ကို အကန်ခံခဲ့ရပါတယ်။ ဒီတော့ သူလည်း အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ကြိုးစားရဦးမယ်။ မသေချာဘူးလားဆိုတော့ မသေချာဘူးပေါ့။ ဒါပေမဲ့ အဲဒီနည်းလမ်းတစ်ခုပဲ အခုချိန်မှာရှိပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။
တကယ်လို့ ပေါ့ဂ်ဘာသာ မပါဝင်နိုင်ရင် နည်းပြဆိုးလ်ရှားအတွက် ကစားသမားရွေးချယ်မှုအပိုင်းမှာ ပိုမိုအခက်တွေ့လာနိုင်ပြီး အသင်းက ပရီးမီးယားလိဂ်ပွဲစဉ် ၆အပြီးမှာ ရမှတ် ၈မှတ်သာရရှိထားချိန် နိုင်ပွဲတွေမဖြစ်မနေလိုအပ်နေပါတယ်။
နောက်ထပ်ဆိုးရွားတဲ့နေရာက တိုက်စစ်ပိုင်းဖြစ်ပြီး ဆိုးလ်ရှားက အာဆင်နယ်နဲ့ပွဲမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ ပြန်လည်ပါဝင်နိုင်ဖို့ မဖြစ်နိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။ မာရှယ်က ပေါင်ဒဏ်ရာကြောင့် သြဂုတ်လ ၂၃ရက်နေ့ကတည်းက အနားယူနေရတာဖြစ်သလို ရက်ရှ်ဖို့ဒ်ကလည်း တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပါတယ်။
”ကျွန်တော့်အနေနဲ့ မာရှယ်နဲ့ရက်ရှ်ဖို့ဒ်တို့ ပြန်ကစားဖို့အတွက် ကိုယ့်ဘဝကြီးတစ်ခုလုံးကို လောင်းကြေးထပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒါတွေက ပွဲတစ်ပွဲရဲ့အစိတ်အပိုင်းပါ။ ကိုယ့်မှာရှိတဲ့လူအင်အားနဲ့ လုပ်ရမှာဖြစ်ပြီး ဒီပွဲကို မစောင့်နိုင်အောင် ဖြစ်နေပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။