ေပၚတူဂီအေကာင္းဆုံးဆုအတြက္ ေရာ္နယ္ဒိုကုိ ဖာဂူဆန္ေပးပို႔တဲ့ဗီဒီယိုမက္ေဆ့ခ်္

photo-express

photo-skysports

စီေရာ္နယ္ဒိုဟာ တနလၤာညကပဲ ေပၚတူဂီအေကာင္းဆုံးကစားသမားဆုကို စံခ်ိန္တင္အျဖစ္ ၁၀ ႀကိမ္ေျမာက္ရရွိသြားခဲ့ၿပီး အဲဒီအတြက္လည္း သူနဲ႔အတူ မန္ယူမွာလက္တြဲခဲ့ဖူးတဲ့နည္းျပေဟာင္းဖာဂူဆန္က ခ်ီးက်ဴးဂုဏ္ျပဳတဲ့အထူးမက္ေဆ့ခ်္ကို ဗီဒီယိုဖိုင္ကေန တစ္ဆင့္ ဆုေပးပြဲအတြက္ ေပးပို႔ခဲ့ပါတယ္။ စီေရာ္နယ္ဒုိဟာ ၿပီးခဲ့တဲ့ရာသီမွာ ကလပ္အသင္းဂ်ဴဗင္တပ္န႔ဲ စီးရီးေအမွာ ဗိုလ္စြဲခဲ့ၿပီး ႏိုင္ငံအသင္းေပၚတူဂီနဲ႔လည္း ေနးရွင္းလိဂ္မွာ ဗုိလ္စြဲခဲ့တာပါ။ ေပၚတူဂီႏိုင္ငံရဲဲ႕ၿမိဳ႕ေတာ္လစၥဘြန္းမွာ က်င္းပခဲ့တဲ့ ဆုေပးပြဲမွာ စီေရာ္နယ္ဒုိဆုလက္ခံရယူၿပီးေနာက္ ဖာဂူဆန္ေပးပို႔တဲ့ဗီဒီယုိမက္ေဆ့ခ်္ကို ဖြင့္ျပခဲ့တာပါ။

photo-gettyimages

အဲဒီဗီဒီယိုမက္ေဆ့ခ်္မွာ စီေရာ္နယ္ဒုိနဲ႔ပတ္သက္လို႔ ဖာဂူဆန္ခ်ီးက်ဴးေျပာၾကားခဲ့တာက”ႀကီးက်ယ္တဲ့ေအာင္ျမင္မႈတစ္ခုနဲ႔ ေပၚတူဂီမွာ မင္းႀကဳံေတြ႕ရမယ့္ အံ့အားသင့္ဖြယ္ညတစ္ညအတြက္ ကြန္ဂရက္က်ဴေလးရွင္းပါ။ မင္းနဲ႔အတူ ရွိမေနႏိုင္လုိ႔ ငါတကယ္စိတ္မေကာင္းပါဘူး။ ဒါေပမဲ့ ျပန္ေျပာင္းၾကည့္ရင္ အသက္ ၁၇ ႏွစ္အရြယ္နဲ႔ မန္ယူကို ေရာက္လာတဲ့ေကာင္ေလးတစ္ေယာက္ဟာ လူသားတစ္ေယာက္အျဖစ္နဲ႔သိပ္ေတာ္တဲ့အားကစားသမားတစ္ေယာက္အျဖစ္ ဘယ္လုိတုိးတက္လာတယ္ဆိုတာကို ျမင္ရပါတယ္။ မင္းမိခင္ရယ္၊မင္းရဲ႕မိသားစု၀င္အားလုံးရယ္နဲ႔ မငး္ရဲ႕ကေလးေတြအားလုံးအတြက္လည္း ဂုဏ္ယူပါေၾကာင္း ေျပာခ်င္ပါတယ္။ မင္းနဲ႔သိခြင့္ရတာေရာ မင္းနဲ႔အတူအလုပ္လုပ္ခြင့္ရတာအတြက္ပါ ငါအရမ္းေက်နပ္ေပ်ာ္ရႊင္ရပါတယ္။ ဒါေၾကာင့္ ကံေကာင္းပါေစ”ဆုိတာ ျဖစ္ပါတယ္။

photo-gettyimages

အသက္ ၇၇ ႏွစ္အရြယ္ ဖာဂူဆန္ဟာ စီေရာ္နယ္ဒိုရဲ႕ကစားသမားဘ၀မွာ အေရးပါသူျဖစ္ခဲ့ၿပီး အဲဒီေပၚတူဂီသားအတြက္ ဖခင္တစ္ေယာက္လုိလည္းျဖစ္ခဲ့တာပါ။ စီေရာ္နယ္ဒိုရဲ႕ကစားသမားဘ၀အေစာပိုင္းမွာ ဖာဂူဆန္က ကြင္းတြင္းကြင္းျပင္ အစစအရာရာ လမ္းညြန္သင္ၾကားေပးခဲ့သူလည္း ျဖစ္ပါတယ္။ စီေရာ္နယ္ဒုိဟာ မန္ယူမွာကတည္းက ဖီဖာကမာၻ႔အေကာင္းဆုံးကစားသမားဆုနဲ႔ Ballond’Or ဆုတုိ႔ကို စတင္ရရွိခဲ့တာပါ။

[Unicode]

စီရော်နယ်ဒိုဟာ တနင်္လာညကပဲ ပေါ်တူဂီအကောင်းဆုံးကစားသမားဆုကို စံချိန်တင်အဖြစ် ၁၀ ကြိမ်မြောက်ရရှိသွားခဲ့ပြီး အဲဒီအတွက်လည်း သူနဲ့အတူ မန်ယူမှာလက်တွဲခဲ့ဖူးတဲ့နည်းပြဟောင်းဖာဂူဆန်က ချီးကျူးဂုဏ်ပြုတဲ့အထူးမက်ဆေ့ချ်ကို ဗီဒီယိုဖိုင်ကနေ တစ်ဆင့် ဆုပေးပွဲအတွက် ပေးပို့ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ ကလပ်အသင်းဂျူဗင်တပ်နဲ့ စီးရီးအေမှာ ဗိုလ်စွဲခဲ့ပြီး နိုင်ငံအသင်းပေါ်တူဂီနဲ့လည်း နေးရှင်းလိဂ်မှာ ဗိုလ်စွဲခဲ့တာပါ။ ပေါ်တူဂီနိုင်ငံရဲ့မြို့တော်လစ္စဘွန်းမှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ စီရော်နယ်ဒိုဆုလက်ခံရယူပြီးနောက် ဖာဂူဆန်ပေးပို့တဲ့ဗီဒီယိုမက်ဆေ့ချ်ကို ဖွင့်ပြခဲ့တာပါ။

အဲဒီဗီဒီယိုမက်ဆေ့ချ်မှာ စီရော်နယ်ဒိုနဲ့ပတ်သက်လို့ ဖာဂူဆန်ချီးကျူးပြောကြားခဲ့တာက”ကြီးကျယ်တဲ့အောင်မြင်မှုတစ်ခုနဲ့ ပေါ်တူဂီမှာ မင်းကြုံတွေ့ရမယ့် အံ့အားသင့်ဖွယ်ညတစ်ညအတွက် ကွန်ဂရက်ကျူလေးရှင်းပါ။ မင်းနဲ့အတူ ရှိမနေနိုင်လို့ ငါတကယ်စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ပြန်ပြောင်းကြည့်ရင် အသက် ၁၇ နှစ်အရွယ်နဲ့ မန်ယူကို ရောက်လာတဲ့ကောင်လေးတစ်ယောက်ဟာ လူသားတစ်ယောက်အဖြစ်နဲ့သိပ်တော်တဲ့အားကစားသမားတစ်ယောက်အဖြစ် ဘယ်လိုတိုးတက်လာတယ်ဆိုတာကို မြင်ရပါတယ်။ မင်းမိခင်ရယ်၊မင်းရဲ့မိသားစုဝင်အားလုံးရယ်နဲ့ မင်းရဲ့ကလေးတွေအားလုံးအတွက်လည်း ဂုဏ်ယူပါကြောင်း ပြောချင်ပါတယ်။ မင်းနဲ့သိခွင့်ရတာရော မင်းနဲ့အတူအလုပ်လုပ်ခွင့်ရတာအတွက်ပါ ငါအရမ်းကျေနပ်ပျော်ရွှင်ရပါတယ်။ ဒါကြောင့် ကံကောင်းပါစေ”ဆိုတာ ဖြစ်ပါတယ်။

အသက် ၇၇ နှစ်အရွယ် ဖာဂူဆန်ဟာ စီရော်နယ်ဒိုရဲ့ကစားသမားဘဝမှာ အရေးပါသူဖြစ်ခဲ့ပြီး အဲဒီပေါ်တူဂီသားအတွက် ဖခင်တစ်ယောက်လိုလည်းဖြစ်ခဲ့တာပါ။ စီရော်နယ်ဒိုရဲ့ကစားသမားဘဝအစောပိုင်းမှာ ဖာဂူဆန်က ကွင်းတွင်းကွင်းပြင် အစစအရာရာ လမ်းညွန်သင်ကြားပေးခဲ့သူလည်း ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူမှာကတည်းက ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမားဆုနဲ့ Ballond’Or ဆုတို့ကို စတင်ရရှိခဲ့တာပါ။