နောဝစ်ခ်ျကို အရေးနိမ့်ခဲ့ရပြီးနောက် လီဗာပူးကို ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ဂွါဒီယိုလာ ကွန်ဂရက်ကျူလေးရှင်းလုပ်
Photo Credit ; Getty Images
Photo Credit
စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ နောဝစ်ခ်ျကို အဝေးကွင်းမှာ မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ရပြီးနောက် အဓိကပြိုင်ဘက် လီဗာပူးကို ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ကွန်ဂရက်ကျူလေးရှင်းလုပ်ခဲ့ကြောင်း သိရပါတယ်။
Photo Credit
လီဗာပူးက အစောပိုင်းပွဲမှာ နယူးကာဆယ်ကို ၃-၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် စီးတီးက နောဝစ်ခ်ျကို ၃-၂ ဂိုးနဲ့အရေးနိမ့်ခဲ့လို့ လက်ရှိချန်ပီယံအသင်းက အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၅မှတ်ကွာဟသွားပြီး ဂွါဒီယိုလာက အထက်ပါအတိုင်းနောက်ပြောင်ခဲ့တာဖြစ်ပါတယ်။
Photo Credit
တန်းတက်နောဝစ်ခ်ျကို အံ့အားသင့်ဖွယ်အရေးနိမ့်ခဲ့ပြီးနောက် သတင်းထောက်တွေကို ဂွါဒီယိုလာက ပြောကြားရာမှာ လီဗာပူးအနေနဲ့ ယခုရာသီပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း နောက်ပြောင်သွားတာပါ။
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Unicode
နောဝစ်ချ်ကို အရေးနိမ့်ခဲ့ရပြီးနောက် လီဗာပူးကို ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ဂွါဒီယိုလာ ကွန်ဂရက်ကျူလေးရှင်းလုပ်
စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ နောဝစ်ချ်ကို အဝေးကွင်းမှာ မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ရပြီးနောက် အဓိကပြိုင်ဘက် လီဗာပူးကို ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ကွန်ဂရက်ကျူလေးရှင်းလုပ်ခဲ့ကြောင်း သိရပါတယ်။
လီဗာပူးက အစောပိုင်းပွဲမှာ နယူးကာဆယ်ကို ၃-၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် စီးတီးက နောဝစ်ချ်ကို ၃-၂ ဂိုးနဲ့အရေးနိမ့်ခဲ့လို့ လက်ရှိချန်ပီယံအသင်းက အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၅မှတ်ကွာဟသွားပြီး ဂွါဒီယိုလာက အထက်ပါအတိုင်းနောက်ပြောင်ခဲ့တာဖြစ်ပါတယ်။
တန်းတက်နောဝစ်ချ်ကို အံ့အားသင့်ဖွယ်အရေးနိမ့်ခဲ့ပြီးနောက် သတင်းထောက်တွေကို ဂွါဒီယိုလာက ပြောကြားရာမှာ လီဗာပူးအနေနဲ့ ယခုရာသီပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း နောက်ပြောင်သွားတာပါ။
”ကျွန်တော်တို့ အခုမှ စက်တင်ဘာလထဲရောက်နေတာပါ။ ဒီတော့ ဘာတွေလုပ်ရမှာလဲ။ အိုကေလေ။ ကွန်ဂရက်ကျူလေးရှင်းပါလီဗာပူး။ ခင်ဗျားတို့က ပရီးမီးယားလိဂ်ချန်ပီယံပါ။ အခုမှစက်တင်ဘာပဲရှိပါသေးတယ်။ ကျွန်တော်တို့ ပြန်လာနိုင်မှာပါ”
”ကျွန်တော်တု့ိ ၅မှတ်လျော့ကျသွားပြီဆိုတာ သိပ်မှန်တာပေါ့။ စပါးနဲ့ပွဲမှာ သရေကျခဲ့ပေမယ့် ကစားပုံအရမ်းကောင်းခဲ့ပါတယ်။ နောဝစ်ချ်နဲ့ပွဲမှာတော့ အရေးပါတဲ့တည်ကန်ဘောတွေကနေ ဂိုးပေးလိုက်ရပြီး ကစားသမားတွေကလည်း ဘာလုပ်ရမလဲဆိုတာ အတိအကျသိနေပါပြီ”လို့ ဂွါဒီယိုလာက ပြောပါတယ်။
လီဗာပူးဟာ ရာသီအဖွင့် ၅ပွဲဆက်အနိုင်ရထားပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အနည်းဆုံး ၂ဂိုးသွင်းယူကာ ၁၄ပွဲဆက်အနိုင်ရတဲ့ပထမဆုံးအသင်းအဖြစ်လည်း စံချိန်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။
စီးတီးကတော့ ယခုရာသီအတွင်း ဒုတိယမြောက်အမှတ်လျော့ခဲ့ရတာဖြစ်ပြီး သြဂုတ်လကလည်း အိမ်ကွင်းမှာ စပါးနဲ့ ၂-၂ ဂိုးသရေကျခဲ့ပါတယ်။ ဒါပေမဲ့ ဂွါဒီယိုလာကတော့ ယခုလိုရာသီအစောပိုင်းမှာ အမှတ်တွေလျော့ကျနေတာကို စိုးရိမ်မနေဘဲ အသင်းသားတွေရဲ့လုပ်အားနှုန်းအပေါ် ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။