ေနာက္ခံလူအခ်င္းခ်င္းေသြးစည္းတာလား…အသင္းေဖာ္ေဟာင္းထက္ ဗန္ဒုိက္ပဲ Ballon d’Or ဆုရလိမ့္မယ္လုိ႔ ရာမို႔စ္ ေဟာကိန္းထုတ္

Photo Credit

Photo Credit

ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ ဆာဂ်ီယိုရာမို႔စ္က လီဗာပူးေနာက္ခံလူ ဗန္ဒိုက္အေနနဲ႔ ရီးရဲလ္အသင္းေဖာ္ေဟာင္းေရာ္နယ္ဒိုနဲ႔ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီတုိ႔ကုိ ေက်ာ္ျဖတ္ၿပီး ယခုႏွစ္ Ballon d’Or ဆုရရွိလိမ့္မယ္လို႔ ေဟာကိန္းထုတ္လုိက္ပါတယ္။

Photo Credit ; Getty Images

နယ္သာလန္အသင္းေခါင္းေဆာင္ ဗန္ဒိုက္ဟာ ယခုႏွစ္အတြက္ ယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးအမ်ိဳးသားကစားသမားဆုရရွိခဲ့ၿပီးေနာက္ Ballon d’Or ဆုရရွိဖုိ႔လည္း ထိပ္ဆုံးကေန ေရပန္းစားေနၿပီး စပိန္အသင္းေခါင္းေဆာင္ ရာမို႔စ္က တစ္ဦးခ်င္းထူးခၽြန္ဆုေတြအနက္ ဂုဏ္သိကၡာအႀကီးမားဆုံးဆုျဖစ္တဲ့ Ballon d’Or ဆုကို ဗန္ဒုိက္ရဖို႔ ေရာ္နယ္ဒိုနဲ႔ မက္ဆီတုိ႔ထက္ အခြင့္အေရးပိုသာေနတယ္လုိ႔ ဆုိပါတယ္။

Photo Credit ; Getty Images

”ေနာက္ခံလူတစ္ဦးအေနနဲ႔ ဒီဆုရဖို႔က ခက္ခဲပါတယ္။ အခုေတာ့ Ballon d’Or ဆုအတြက္ မက္ဆီနဲ႔ ေရာ္နယ္ဒုိတို႔ပဲ မဟုတ္ေတာ့တာ ေတြ႕ျမင္ေနရပါၿပီ။ တျခားကစားသမားေတြအတြက္လည္း အခြင့္အေရးရွိေနၿပီလုိ႔ ထင္ရပါတယ္။ ဘယ္သူရမလဲဆုိတာေတာ့ ကၽြန္ေတာ္လည္း မသိဘူး။ ဒါေပမဲ့ ကန္နာဗား႐ိုး(Ballo d’Or ဆုရခဲ့တဲ့ ေနာက္ဆုံးေနာက္ခံလူ)လည္း ရခဲ့တာဆုိေတာ့ ဗန္ဒုိက္လည္း ဘာလုိ႔မျဖစ္ႏိုင္ရမွာလဲ”

Photo Credit

”ဒီဆုရဖို႔ ကေလးဘ၀ကတည္းက အိပ္မက္မက္ခဲ့တာျဖစ္ၿပီး ျဖစ္လာႏိုင္ဖုိ႔လည္း ရွိပါတယ္။ ဗန္ဒုိက္ဟာ ၿပီးခဲ့တဲ့ရာသီက ႀကီးက်ယ္တဲ့ရာသီအျဖစ္ ဖန္တီးႏုိင္ခဲ့တာပဲေလ။ Ballon d’Or ဆုနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္တုိ႔က ေရာ္နယ္ဒိုနဲ႔မက္ဆီအေၾကာင္းပဲ အၿမဲေျပာခဲ့ၾကတယ္။ ဒါေပမဲ့ တျခားကစားသမားတစ္ေယာက္သာ ရခဲ့ရင္ လွပတဲ့အရာျဖစ္လာမွာပါ။ တကယ္လုိ႔ ဗန္ဒုိက္သာ ဒီဆုရခဲ့ရင္ ကၽြန္ေတာ္လည္း သူ႕ကုိ ကြန္ဂရက္က်ဴေလးရွင္းလုပ္မွာပါ”လုိ႔ ရာမို႔စ္က ေျပာပါတယ္။

Photo Credit

ဗန္ဒိုက္ရဲ႕လီဗာပူးအသင္းေဖာ္ ဂိုးသမား အက္ဒရီယန္ကလည္း ရာမို႔စ္နဲ႔ဗန္ဒိုက္တုိ႔ကို ႏႈိင္းယွဥ္သြားခဲ့ၿပီး ဗန္ဒုိက္အေနနဲ႔ Ballon d’Or ဆုရဖို႔ လုံး၀ကို ထုိက္တန္မႈရွိေၾကာင္း ဆုိပါတယ္။

Photo Credit

”ဗန္ဒုိက္နဲ႔ရာမုိ႔စ္တုိ႔ကို ႏႈိင္းယွဥ္ဖုိ႔က အရမ္းခက္ပါတယ္။ ကၽြန္ေတာ့္အတြက္ေတာ့ သူတို႔ႏွစ္ေယာက္က လက္ရွိကမၻာ့အေကာင္းဆုံးေနာက္ခံလူေတြပါပဲ။ ဘယ္အသင္းမွာပဲျဖစ္ျဖစ္ သူတုိ႔ႏွစ္ေယာက္တြဲကစားလုိက္ရင္ ရပ္တန္႔လုိ႔မရတဲ့အသင္းျဖစ္သြားမွာပါ”

Photo Credit ; PA

”သူတု႔ိႏွစ္ေယာက္သာ ကုိယ့္ေရွ႕မွာ မားမားမတ္မတ္ရွိေနရင္ အဲဒီဂိုးသမားလည္း စိတ္ေအးလက္ေအးဖမ္းႏိုင္မွာပါ။ ကၽြန္ေတာ့္အေနနဲ႔ေျပာရရင္ ဗန္ဒိုက္အေနနဲ႔ Ballon d’Or ဆုရွင္ျဖစ္ဖို႔ လုံး၀ကို ထုိက္တန္တယ္လုိ႔ ယုံၾကည္ပါတယ္”လု႔ိ စပိန္လက္ေရြးစင္ေဟာင္း အက္ဒရီယန္က ေျပာပါတယ္။

Photo Credit

Unicode

နောက်ခံလူအချင်းချင်းသွေးစည်းတာလား…အသင်းဖော်ဟောင်းထက် ဗန်ဒိုက်ပဲ Ballon d’Or ဆုရလိမ့်မယ်လို့ ရာမို့စ် ဟောကိန်းထုတ်

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်က လီဗာပူးနောက်ခံလူ ဗန်ဒိုက်အနေနဲ့ ရီးရဲလ်အသင်းဖော်ဟောင်းရော်နယ်ဒိုနဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီတို့ကို ကျော်ဖြတ်ပြီး ယခုနှစ် Ballon d’Or ဆုရရှိလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ ယခုနှစ်အတွက် ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုရရှိခဲ့ပြီးနောက် Ballon d’Or ဆုရရှိဖို့လည်း ထိပ်ဆုံးကနေ ရေပန်းစားနေပြီး စပိန်အသင်းခေါင်းဆောင် ရာမို့စ်က တစ်ဦးချင်းထူးချွန်ဆုတွေအနက် ဂုဏ်သိက္ခာအကြီးမားဆုံးဆုဖြစ်တဲ့ Ballon d’Or ဆုကို ဗန်ဒိုက်ရဖို့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ထက် အခွင့်အရေးပိုသာနေတယ်လို့ ဆိုပါတယ်။
”နောက်ခံလူတစ်ဦးအနေနဲ့ ဒီဆုရဖို့က ခက်ခဲပါတယ်။ အခုတော့ Ballon d’Or ဆုအတွက် မက်ဆီနဲ့ ရော်နယ်ဒိုတို့ပဲ မဟုတ်တော့တာ တွေ့မြင်နေရပါပြီ။ တခြားကစားသမားတွေအတွက်လည်း အခွင့်အရေးရှိနေပြီလို့ ထင်ရပါတယ်။ ဘယ်သူရမလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ ကန်နာဗားရိုး(Ballo d’Or ဆုရခဲ့တဲ့ နောက်ဆုံးနောက်ခံလူ)လည်း ရခဲ့တာဆိုတော့ ဗန်ဒိုက်လည်း ဘာလို့မဖြစ်နိုင်ရမှာလဲ”
”ဒီဆုရဖို့ ကလေးဘဝကတည်းက အိပ်မက်မက်ခဲ့တာဖြစ်ပြီး ဖြစ်လာနိုင်ဖို့လည်း ရှိပါတယ်။ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီက ကြီးကျယ်တဲ့ရာသီအဖြစ် ဖန်တီးနိုင်ခဲ့တာပဲလေ။ Ballon d’Or ဆုနဲ့ပတ်သက်လို့ ကျွန်တော်တို့က ရော်နယ်ဒိုနဲ့မက်ဆီအကြောင်းပဲ အမြဲပြောခဲ့ကြတယ်။ ဒါပေမဲ့ တခြားကစားသမားတစ်ယောက်သာ ရခဲ့ရင် လှပတဲ့အရာဖြစ်လာမှာပါ။ တကယ်လို့ ဗန်ဒိုက်သာ ဒီဆုရခဲ့ရင် ကျွန်တော်လည်း သူ့ကို ကွန်ဂရက်ကျူလေးရှင်းလုပ်မှာပါ”လို့ ရာမို့စ်က ပြောပါတယ်။
ဗန်ဒိုက်ရဲ့လီဗာပူးအသင်းဖော် ဂိုးသမား အက်ဒရီယန်ကလည်း ရာမို့စ်နဲ့ဗန်ဒိုက်တို့ကို နှိုင်းယှဉ်သွားခဲ့ပြီး ဗန်ဒိုက်အနေနဲ့ Ballon d’Or ဆုရဖို့ လုံးဝကို ထိုက်တန်မှုရှိကြောင်း ဆိုပါတယ်။
”ဗန်ဒိုက်နဲ့ရာမို့စ်တို့ကို နှိုင်းယှဉ်ဖို့က အရမ်းခက်ပါတယ်။ ကျွန်တော့်အတွက်တော့ သူတို့နှစ်ယောက်က လက်ရှိကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေပါပဲ။ ဘယ်အသင်းမှာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်တွဲကစားလိုက်ရင် ရပ်တန့်လို့မရတဲ့အသင်းဖြစ်သွားမှာပါ”
”သူတု့ိနှစ်ယောက်သာ ကိုယ့်ရှေ့မှာ မားမားမတ်မတ်ရှိနေရင် အဲဒီဂိုးသမားလည်း စိတ်အေးလက်အေးဖမ်းနိုင်မှာပါ။ ကျွန်တော့်အနေနဲ့ပြောရရင် ဗန်ဒိုက်အနေနဲ့ Ballon d’Or ဆုရှင်ဖြစ်ဖို့ လုံးဝကို ထိုက်တန်တယ်လို့ ယုံကြည်ပါတယ်”လု့ိ စပိန်လက်ရွေးစင်ဟောင်း အက်ဒရီယန်က ပြောပါတယ်။