ေနမာအတြက္ ကစားသမားအမ်ားအျပား အလိုက္ေပးကမ္းလွမ္းခဲ့တဲ့ဘာစီလိုနာရဲ႕လုပ္ရပ္အေပၚ အသင္းသားေတြ မေပ်ာ္မ႐ႊင္ျဖစ္ေန

Photo Credit ; Getty Images / AFP

Photo Credit ; Getty Images

ျပင္သစ္ထိပ္သီးကလပ္ပီအက္စ္ဂ်ီအသင္းတိုက္စစ္မႉးေနမာကို ေခၚယူႏိုင္ဖို႔ဘာစီနာအသင္းက မ်ားစြာေသာကမ္းလွမ္းမႈေတြျပဳလုပ္ခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕မျဖစ္ေျမာက္ခဲ့ဘဲ အသင္းဘက္က ကမ္းလွမ္းမႈေတြနဲ႔ပတ္သက္လို႔ အသင္းသားေတြ မေပ်ာ္မ႐ႊင္ျဖစ္ေနၾကပါတယ္။

Photo Credit ; EPA

မာကာသတင္းစာရဲ႕ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းသားေတြက ေနမာကိုအသင္းဆီ ျပန္လာေစလိုၾကေပမယ့္ အသင္းတာဝန္ရွိသူေတြက အသင္းရွိကစားသမားေကာင္းမ်ားစြာကို အလိုက္ေပးကမ္းလွမ္းကာ ေနမာကိုျပန္လည္ေခၚယူဖို႔ပီအက္စ္ဂ်ီအသင္းကိုဆြဲေဆာင္ခဲ့တယ္လို႔သိရပါတယ္။

Photo Credit ; Getty Images

ဘာစီလိုနာအသင္းက ဘရာဇီးလက္ေ႐ြးစင္ေနမာကို ျပန္လည္ေခၚယူဖို႔ ပီအက္စ္ဂ်ီအသင္းကို အလိုက္ေပးကမ္းလွမ္းခဲ့တဲ့ကစားသမားေတြထဲမွာ ဒမ္ဘီလီ၊ အိုင္ဗန္ရာကီတစ္၊ နယ္လ္ဆင္ဆီမီဒို၊ အာတူ႐ိုဗီဒယ္နဲ႔ ဂ်ီရန္ကလဲယားတိုဒီဘို စတဲ့ကစားသမားေကာင္းေတြ ပါဝင္ခဲ့ပါတယ္။

Photo Credit ; PA

ဘာစီလိုနာအသင္းက အားသြန္ခြန္စိုက္ႀကိဳးစားလုပ္ေဆာင္ၿပီး ေနမာျပန္လာေစဖို႔ေမွ်ာ္လင့္ေနခဲ့ေပမယ့္ ထင္မွတ္ထားသလို ျဖစ္မလာခဲ့ပါဘူး၊ အဂၤါေန႔က စပိန္သတင္းစာေတြကေတာ့ ဘရာဇီးသား တိုက္စစ္မႉး ေနမာကလည္း လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ႏူးကမ့္ေျမကိုျပန္လာဖို႔ ႀကိဳးစားအားထုတ္ေနတယ္လို႔ ေဖာ္ျပေနၾကပါတယ္။

Photo Credit ; Getty Images

ဘာစီလိုနာအသင္းဟာ ေနမာကိုေခၚယူဖို႔ ပီအက္စ္ဂ်ီအသင္းကိုကမ္းလွမ္းမႈေတြမျပဳလုပ္ခင္ အက္သလက္တီကိုတိုက္စစ္မႉးအန္တိုနီဂရစ္ဇ္မန္းကိုေခၚယူႏိုင္ဖို႔ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကး သုံးစြဲခဲ့ရပါတယ္။ ဂရစ္ဇ္မန္းဟာ အက္သလက္တီကိုကေန ဘာစီလိုနာအသင္းကို ေပါင္ ၁၀၈သန္းတန္ စာခ်ဳပ္နဲ႔ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

Photo Credit

Unicode

နေမာအတွက် ကစားသမားအများအပြား အလိုက်ပေးကမ်းလှမ်းခဲ့တဲ့ဘာစီလိုနာရဲ့လုပ်ရပ်အပေါ် အသင်းသားတွေ မပျော်မရွှင်ဖြစ်နေ

ပြင်သစ်ထိပ်သီးကလပ်ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာကို ခေါ်ယူနိုင်ဖို့ဘာစီနာအသင်းက များစွာသောကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ဘဲ အသင်းဘက်က ကမ်းလှမ်းမှုတွေနဲ့ပတ်သက်လို့ အသင်းသားတွေ မပျော်မရွှင်ဖြစ်နေကြပါတယ်။
မာကာသတင်းစာရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းသားတွေက နေမာကိုအသင်းဆီ ပြန်လာစေလိုကြပေမယ့် အသင်းတာဝန်ရှိသူတွေက အသင်းရှိကစားသမားကောင်းများစွာကို အလိုက်ပေးကမ်းလှမ်းကာ နေမာကိုပြန်လည်ခေါ်ယူဖို့ပီအက်စ်ဂျီအသင်းကိုဆွဲဆောင်ခဲ့တယ်လို့သိရပါတယ်။
ဘာစီလိုနာအသင်းက ဘရာဇီးလက်ရွေးစင်နေမာကို ပြန်လည်ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းကို အလိုက်ပေးကမ်းလှမ်းခဲ့တဲ့ကစားသမားတွေထဲမှာ ဒမ်ဘီလီ၊ အိုင်ဗန်ရာကီတစ်၊ နယ်လ်ဆင်ဆီမီဒို၊ အာတူရိုဗီဒယ်နဲ့ ဂျီရန်ကလဲယားတိုဒီဘို စတဲ့ကစားသမားကောင်းတွေ ပါဝင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းက အားသွန်ခွန်စိုက်ကြိုးစားလုပ်ဆောင်ပြီး နေမာပြန်လာစေဖို့မျှော်လင့်နေခဲ့ပေမယ့် ထင်မှတ်ထားသလို ဖြစ်မလာခဲ့ပါဘူး၊ အင်္ဂါနေ့က စပိန်သတင်းစာတွေကတော့ ဘရာဇီးသား တိုက်စစ်မှူး နေမာကလည်း လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နူးကမ့်မြေကိုပြန်လာဖို့ ကြိုးစားအားထုတ်နေတယ်လို့ ဖော်ပြနေကြပါတယ်။
ဘာစီလိုနာအသင်းဟာ နေမာကိုခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းကိုကမ်းလှမ်းမှုတွေမပြုလုပ်ခင် အက်သလက်တီကိုတိုက်စစ်မှူးအန်တိုနီဂရစ်ဇ်မန်းကိုခေါ်ယူနိုင်ဖို့ မြင့်မားတဲ့ပြောင်းရွှေ့ကြေး သုံးစွဲခဲ့ရပါတယ်။ ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုကနေ ဘာစီလိုနာအသင်းကို ပေါင် ၁၀၈သန်းတန် စာချုပ်နဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။