အျမင့္မားဆုံးအဆင့္မွာ ေအာင္ျမင္မႈရယူေရးက ဦးစားေပးျဖစ္ေနဆဲလုိ႔ ယူႏုိက္တက္ ေၾကညာ

Photo Credit

Photo Credit

ယူႏိုက္တက္အသင္းဟာ အျမင့္မားဆုံးအဆင့္မွာ ဆက္လက္ယွဥ္ၿပိဳင္ၿပီး ဆုဖလားေတြ ဆြတ္ခူးႏိုင္ဖုိ႔ အဓိကဦးစားေပးအျဖစ္ ဆက္လက္ထားရွိထားတယ္လုိ႔ အသင္းရဲ႔ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကဆိုပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္ဟာ အသင္းလူစာရင္းကိုလည္း ရင္းႏွီးျမွဳပ္ႏွံမႈေတြ ဆက္လက္ ျပဳလုပ္သြားဖို႔ ရည္ရြယ္ထားတယ္လို႔ ေျပာပါတယ္။

Photo Credit

ယူႏိုက္တက္အသင္းဟာ အဓိကဆုဖလားေတြနဲ႔ ေဝးကြာခဲ့တာ ၂ ရာသီခန္႔ရွိေနၿပီ ျဖစ္ၿပီး ယမန္ႏွစ္ရာသီကကလည္း ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာအဆင့္ ၆ ေနရာမွာသာရပ္တည္ႏိုင္ခဲ့ကာ ခ်န္ပီယံလိဂ္၀င္ခြင့္ဆုံး႐ံႈးခဲ့ရပါတယ္။

Photo Credit ; Getty Images

ၿပီးခဲ့တဲ့တနဂၤေႏြေန႔ကလည္း နည္းျပဆိုးလ္ရွားရဲ႕ယူႏိုက္တက္အသင္းဟာ ဝက္စ္ဟမ္းအသင္းကို ၂-၀နဲ႔ ႐ံႈးနိမ့္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ေဝဖန္မႈေတြနဲ႔ ဆိုးလ္ရွားကို အသင္းကထြက္ခြာသြားဖို႔ လႈံ႕ေဆာ္မႈေတြ ျဖစ္ေပၚလာခဲ့ပါတယ္။

Photo Credit

ယူႏိုက္တက္ပရိသတ္ေတြကလည္း အသင္းရဲ႕ရလဒ္ေတြ ဆိုးရြားေနမႈေၾကာင့္ စီးပြားေရးဆိုင္ရာသေဘာတူညီမႈေတြနဲ႔ ယူႏိုုက္တက္ကို ေငြေၾကးရွာေဖြေပးေနတဲ့ လုပ္ငန္းေတြ ရပ္ဆိုင္းသြားမွာကို စိုးရိမ္ေၾကာက္ရြံ႕လာၾကပါတယ္။ ဒါက အိုးထရက္ဖို႔ဒ္ရဲ႕ကြင္းျပင္ပျပႆနာေတြ ျဖစ္ေပမယ့္ ကြင္းထဲမွာလည္း အသင္းရဲ႕ရည္မွန္းခ်က္ေတြ ျပည့္ဝဖို႔ အဓိကလိုအပ္ေနပါတယ္။

Photo Credit

ယူႏိုက္တက္ရဲ႕ေျပာေရးဆိုခြင့္ရွိသူက မၾကာေသးခင္ကပရိသတ္စကားဝိုင္းမွာ ”အသင္းရဲ႕လူတိုင္း၊ ပိုင္ရွင္ကအစ ယူႏိုက္တက္အသင္းကယွဥ္ၿပိဳင္ၿပီး ျမင့္မားတဲ့ အဆင့္တစ္ခုမွာ ဆုဖလားေတြ ဆြတ္ခူးရယူႏိုင္ဖို႔ကို အာ႐ံုစိုက္ထားရပါမယ္”

Photo Credit

”ၿပီးေတာ့ အရင္လုိပဲ အသင္းရဲ႕လူစာရင္းမွာလည္း ရင္းႏွီးျမွဳပ္ႏွံမႈေတြ ႀကီးႀကီးမားမား ျပဳလုပ္သြားမွာျဖစ္ၿပီး တျခားအရာေတြကိုလည္း ဆက္လက္ လုပ္ေဆာင္သြားႏိုင္မွာပါ။ တစ္ခ်ိန္တည္းမွာပဲ ယူႏိုက္တက္အကယ္ဒမီထြက္ လူငယ္ကစားသမားေတြရဲ႕အရည္အေသြးေတြ ထြန္းေတာက္လာခဲ့ပါတယ္”

Photo Credit

”ဒါဟာ ၿပီးခဲ့တဲ့ ၅ ႏွစ္က ႀကီးမားတဲ့ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ျပဳလုပ္ခဲ့တာရဲ႕ရလဒ္ပါ၊ ဒါကအေရးႀကီးပါတယ္၊ အသင္းရဲ႕ စီးပြားေရးလုပ္ငန္းေတြ ေအာင္ျမင္ဖို႔အတြက္ေရာ၊ ရင္းႏွီးျမွပ္ႏွံမႈေတြ ဆက္လက္ လုပ္ေဆာင္ႏိုင္ဖို႔အတြက္ပါ ကြင္းထဲမွာေအာင္ျမင္မႈေတြ ရရွိပိုင္ဆိုင္ႏိုင္ဖို႔ကို ဦးစားေပးအာရံုစိုက္ထားၾကရမွာပါ”လို႔ ေျပာသြားခဲ့ပါတယ္။

Photo Credit

Unicode

အမြင့်မားဆုံးအဆင့်မှာ အောင်မြင်မှုရယူရေးက ဦးစားပေးဖြစ်နေဆဲလို့ ယူနိုက်တက် ကြေညာ

ယူနိုက်တက်အသင်းဟာ အမြင့်မားဆုံးအဆင့်မှာ ဆက်လက်ယှဉ်ပြိုင်ပြီး ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ အဓိကဦးစားပေးအဖြစ် ဆက်လက်ထားရှိထားတယ်လို့ အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ အသင်းလူစာရင်းကိုလည်း ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက် ပြုလုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
ယူနိုက်တက်အသင်းဟာ အဓိကဆုဖလားတွေနဲ့ ဝေးကွာခဲ့တာ ၂ ရာသီခန့်ရှိနေပြီ ဖြစ်ပြီး ယမန်နှစ်ရာသီကကလည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာအဆင့် ၆ နေရာမှာသာရပ်တည်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း နည်းပြဆိုးလ်ရှားရဲ့ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၂-ဝနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရိသတ်တွေရဲ့ဝေဖန်မှုတွေနဲ့ ဆိုးလ်ရှားကို အသင်းကထွက်ခွာသွားဖို့ လှုံ့ဆော်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကလည်း အသင်းရဲ့ရလဒ်တွေ ဆိုးရွားနေမှုကြောင့် စီးပွားရေးဆိုင်ရာသဘောတူညီမှုတွေနဲ့ ယူနိုက်တက်ကို ငွေကြေးရှာဖွေပေးနေတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းသွားမှာကို စိုးရိမ်ကြောက်ရွံ့လာကြပါတယ်။
ဒါက အိုးထရက်ဖို့ဒ်ရဲ့ကွင်းပြင်ပပြဿနာတွေ ဖြစ်ပေမယ့် ကွင်းထဲမှာလည်း အသင်းရဲ့ရည်မှန်းချက်တွေ ပြည့်ဝဖို့ အဓိကလိုအပ်နေပါတယ်။
ယူနိုက်တက်ရဲ့ပြောရေးဆိုခွင့်ရှိသူက မကြာသေးခင်ကပရိသတ်စကားဝိုင်းမှာ ”အသင်းရဲ့လူတိုင်း၊ ပိုင်ရှင်ကအစ ယူနိုက်တက်အသင်းကယှဉ်ပြိုင်ပြီး မြင့်မားတဲ့ အဆင့်တစ်ခုမှာ ဆုဖလားတွေ ဆွတ်ခူးရယူနိုင်ဖို့ကို အာရုံစိုက်ထားရပါမယ်”
”ပြီးတော့ အရင်လိုပဲ အသင်းရဲ့လူစာရင်းမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ကြီးကြီးမားမား ပြုလုပ်သွားမှာဖြစ်ပြီး တခြားအရာတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားနိုင်မှာပါ။ တစ်ချိန်တည်းမှာပဲ ယူနိုက်တက်အကယ်ဒမီထွက် လူငယ်ကစားသမားတွေရဲ့အရည်အသွေးတွေ ထွန်းတောက်လာခဲ့ပါတယ်”
”ဒါဟာ ပြီးခဲ့တဲ့ ၅ နှစ်က ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့တာရဲ့ရလဒ်ပါ၊ ဒါကအရေးကြီးပါတယ်၊ အသင်းရဲ့ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ဖို့အတွက်ရော၊ ရင်းနှီးမြှပ်နှံမှုတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့အတွက်ပါ ကွင်းထဲမှာအောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ဖို့ကို ဦးစားပေးအာရုံစိုက်ထားကြရမှာပါ”လို့ ပြောသွားခဲ့ပါတယ်။