အူႏုိင္းအမ္မရီမဟုတ္ဘဲ အူႏုိင္း၀င္းဂါးျဖစ္ေနၿပီလုိ႔ ေပါလ္မာဆန္ေ၀ဖန္စကားဆုိ

Photo Credit: Getty Images
Photo Credit: Getty Images

နာမည္ႀကီးရုပ္သံတင္ဆက္သူတစ္ဦးျဖစ္တဲ့ အာဆင္နယ္ကစားသမားေဟာင္း ေပါလ္မာဆန္က သူ႕ရဲ႕အသင္းေဟာင္းကိုၾကည့္ရတာ နည္းျပအူႏုိင္းအမ္မရီကိုင္တြယ္တာမဟုတ္ဘဲ အူႏုိင္း၀င္းဂါးပံုစံျဖစ္ေနၿပီလုိ႔ ေ၀ဖန္ေျပာၾကားလုိက္ပါတယ္။

Photo Credit: Getty Images

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့တစ္ပတ္က စပါးနဲ႔ လန္ဒန္ေျမာက္ပိုင္းဒါဘီမွာ 2 ဂိုးျပတ္ရႈံးနိမ့္ေနၿပီးမွ 2 ဂိုးျပန္လည္သြင္းယူကာ သေရရယူႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီပြဲမတုိင္ခင္က လီဗာပူးကိုဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီး စပါးကိုလည္း ကြင္းလယ္လူဇာခါရဲ႕ မလုပ္သင့္တဲ့ပင္နယ္တီျပစ္ဒဏ္ေဘာအပါအ၀င္ ဂိုးေတြအလြယ္တကူေပးခဲ့ရတာပါ။ ဒါေၾကာင့္လည္း ေပါလ္မာဆန္က သူ႕ရဲ႕အသင္းေဟာင္းကိုၾကည့္ရတာက ၀င္းဂါးလက္ထက္ကနဲ႔ ဘာမွကြာျခားျခင္းမရွိေတာ့ဘူးလုိ႔ ေ၀ဖန္ခဲ့တာျဖစ္ပါတယ္။

Photo Credit: Getty Images

”လန္ဒန္ေျမာက္ပိုင္းဒါဘီပြဲက ၾကည့္လုိ႔သိပ္ေကာင္းတာပဲ။ အာဆင္နယ္ကလည္း ေနာက္ကလုိက္ကစားၿပီး သေရရေအာင္ယူႏုိင္ခဲ့တယ္ေလ။ ဒါေပမဲ့ အာဆင္နယ္အသင္းမွာ အေျပာင္းအလဲျဖစ္သြားတယ္ဆုိတာ ဘာမ်ားရွိလုိ႔လဲ။ ကၽြန္ေတာ္ကေတာ့ ဘာမွေျပာင္းလဲတယ္လုိ႔ကုိမထင္ဘူး။ အူႏိုင္း၀င္းဂါးက အသင္းကိုတာ၀န္ယူထားသလုိမ်ဳိးပဲျဖစ္ေနတယ္။ စပါးက တစ္ခ်က္ေလာက္ထုိးေဖာက္တာနဲ႔ တစ္ဂိုးရေတာ့မလုိျဖစ္ေနေအာင္ကို အာဆင္နယ္ကပြင့္ထြက္ေနတာပါ။ ကြင္းလယ္ျပသနာက အရမ္းကိုဆုိးေနတုန္းပါပဲ။ ေနာက္ၿပီး ဇာခါလုိမ်ဳိး ၿပိဳင္ဘက္ေတြကိုေလွ်ာက္ကန္ၿပီးအ၀ါကတ္လုိက္ယူေနတဲ့သူမ်ဳိးကလည္းရွိေသးတယ္”လုိ႔ ေပါလ္မာဆန္ကေ၀ဖန္ခဲ့ပါတယ္။

Photo Credit: Getty Images

အမ္မရီဟာ 2018 ေမလက အနားယူသြားတဲ့ ဂႏၳ၀င္နည္းျပႀကီးအာစင္၀င္းဂါးရဲ႕ေနရာမွာဆက္ခံခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက ယူရိုပါလိဂ္မွာ ဒုတိယရရွိေစခဲ့ေပမယ့္ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ေတာ့ လြဲေခ်ာ္ခဲ့ပါတယ္။ ၀င္းဂါးရဲ႕ေနာက္ပိုင္းႏွစ္အနည္းငယ္အတြင္း အာဆင္နယ္ကြင္းလယ္ဟာ ၿပိဳင္ဘက္ကိုလႊမ္းမိုးႏုိင္စြမ္းမရွိမႈနဲ႔ ခံစစ္ကိုကာကြယ္ႏုိင္ျခင္းမရွိမႈတုိ႔ေၾကာင့္ ေ၀ဖန္ထိုးႏွက္ခ်က္ေတြနဲ႔ရင္ဆုိင္ခဲ့ရၿပီး အမ္မရီကလည္း ဒီအေျခအေနကို ေျပာင္းလဲႏုိင္ျခင္းမရွိဘူးလုိ႔ ေပါလ္မာဆန္က သံုးသပ္ခဲ့တာျဖစ္ပါတယ္။

(Unicode)

အူနိုင်းအမ်မရီမဟုတ်ဘဲ အူနိုင်းဝင်းဂါးဖြစ်နေပြီလို့ ပေါလ်မာဆန်ဝေဖန်စကားဆို

နာမည်ကြီးရုပ်သံတင်ဆက်သူတစ်ဦးဖြစ်တဲ့ အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆန်က သူ့ရဲ့အသင်းဟောင်းကိုကြည့်ရတာ အူနိုင်းအမ်မရီကိုင်တွယ်တာမဟုတ်ဘဲ အူနိုင်းဝင်းဂါးပုံစံဖြစ်နေပြီလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က စပါးနဲ့ လန်ဒန်မြောက်ပိုင်းဒါဘီမှာ 2 ဂိုးပြတ်ရှုံးနိမ့်နေပြီးမှ 2 ဂိုးပြန်လည်သွင်းယူကာ သရေရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပွဲမတိုင်ခင်က လီဗာပူးကိုဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး စပါးကိုလည်း ကွင်းလယ်လူဇာခါရဲ့ မလုပ်သင့်တဲ့ပင်နယ်တီပြစ်ဒဏ်ဘောအပါအဝင် ဂိုးတွေအလွယ်တကူပေးခဲ့ရတာပါ။ ဒါကြောင့်လည်း ပေါလ်မာဆန်က သူ့ရဲ့အသင်းဟောင်းကိုကြည့်ရတာက ဝင်းဂါးလက်ထက်ကနဲ့ ဘာမှကွာခြားခြင်းမရှိတော့ဘူးလို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

”လန်ဒန်မြောက်ပိုင်းဒါဘီပွဲက ကြည့်လို့သိပ်ကောင်းတာပဲ။ အာဆင်နယ်ကလည်း နောက်ကလိုက်ကစားပြီး သရေရအောင်ယူနိုင်ခဲ့တယ်လေ။ ဒါပေမဲ့ အာဆင်နယ်အသင်းမှာ အပြောင်းအလဲဖြစ်သွားတယ်ဆိုတာ ဘာများရှိလို့လဲ။ ကျွန်တော်ကတော့ ဘာမှပြောင်းလဲတယ်လို့ကိုမထင်ဘူး။ အူနိုင်းဝင်းဂါးက အသင်းကိုတာဝန်ယူထားသလိုမျိုးပဲဖြစ်နေတယ်။ စပါးက တစ်ချက်လောက်ထိုးဖောက်တာနဲ့ တစ်ဂိုးရတော့မလိုဖြစ်နေအောင်ကို အာဆင်နယ်ကပွင့်ထွက်နေတာပါ။ ကွင်းလယ်ပြသနာက အရမ်းကိုဆိုးနေတုန်းပါပဲ။ နောက်ပြီး ဇာခါလိုမျိုး ပြိုင်ဘက်တွေကိုလျှောက်ကန်ပြီးအဝါကတ်လိုက်ယူနေတဲ့သူမျိုးကလည်းရှိသေးတယ်”လို့ ပေါလ်မာဆန်ကဝေဖန်ခဲ့ပါတယ်။

အမ်မရီဟာ 2018 မေလက အနားယူသွားတဲ့ ဂန္ထဝင်နည်းပြကြီးအာစင်ဝင်းဂါးရဲ့နေရာမှာဆက်ခံခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်မှာ ဒုတိယရရှိစေခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့တော့ လွဲချော်ခဲ့ပါတယ်။ ဝင်းဂါးရဲ့နောက်ပိုင်းနှစ်အနည်းငယ်အတွင်း အာဆင်နယ်ကွင်းလယ်ဟာ ပြိုင်ဘက်ကိုလွှမ်းမိုးနိုင်စွမ်းမရှိမှုနဲ့ ခံစစ်ကိုကာကွယ်နိုင်ခြင်းမရှိမှုတို့ကြောင့် ဝေဖန်ထိုးနှက်ချက်တွေနဲ့ရင်ဆိုင်ခဲ့ရပြီး အမ်မရီကလည်း ဒီအခြေအနေကို ပြောင်းလဲနိုင်ခြင်းမရှိဘူးလို့ ပေါလ်မာဆန်က သုံးသပ်ခဲ့တာဖြစ်ပါတယ်။