အာဆင္နယ္ပရိသတ္ေတြကို အထိတ္တလန္႔ျဖစ္ေစမယ့္ ေဒးဗစ္လုဇ္ရဲ႕ကိန္းဂဏန္းမွတ္တမ္း

photo-sportbible

photo-gettyimages

ၿပီးခဲ့တဲ့ရာသီက စိတ္ပ်က္စရာျဖစ္ခဲ့ရတဲ့ မူစတာဖီရဲ႕စြမ္းေဆာင္မႈေၾကာင့္ ရာသီသစ္မွာ ဗဟိုေနာက္ခံလူသစ္တစ္ေယာက္ေခၚယူလုိက္ေတာ့ အာဆင္နယ္ပရိသတ္ေတြေက်နပ္သြားခဲ့ၾကၿပီး ေဒးဗစ္လုဇ္ဟာ ေပါင္ ၈ သန္းနဲ႔ ခ်ဲလ္ဆီးကေန ေရာက္လာပါတယ္။ ၿပီးခဲ့တဲ့ရာသီ ပဲေလ့စ္ကို ၃-၂ ဂိုးနဲ႔ ရႈံးခဲ့တဲ့ပြဲမွာ အာဆင္နယ္ေပးခဲ့ရတဲ့ ၃ ဂိုးစလုံးမွာ မူစတာဖီဟာ အျပစ္ရွိခဲ့တာေၾကာင့္ အဲဒီအခ်ိန္ကတည္းက အာဆင္နယ္ပရိသတ္အမာ်းစုရဲ႕ယုံၾကည္ကိုးစားျခင္းကို မရေတာ့ပါဘူး။ ဒါေၾကာင့္လည္း အာဆင္နယ္ဗဟိုခံစစ္မွာ ေဒးဗစ္လုဇ္ဟာ မူစတာဖီေနရာအစား၀င္သူျဖစ္လာခဲ့ၿပီး ေနာက္ဆုံးပရီးမီးယားလိဂ္ ၄ ပြဲစလုံးမွာ ဆုိကရာတစ္နဲ႔အတူပြဲထြက္ခြင့္ရခဲ့တာပါ။

photo-gettyimages

ဒါေပမဲ့လည္း ေဒးဗစ္လုဇ္ပါတဲ့ ၄ ပြဲစလုံးမွာ အာဆင္နယ္ဂိုးေပးခဲ့ရကာ ဗဟုိခံစစ္မွာ ဆုိကရာတစ္နဲ႔တြဲၿပီးကတည္းက ၈ ဂိုးေတာင္ေပးထးရပါတယ္။ အဲဒီထဲမွာ ေနာက္ဆုံးကစားခဲ့တဲ့ ၀က္ဖုိ႔ဒ္နဲ႔ပြဲက ၂ ဂိုးလညး္ ပါ၀င္ပါတယ္။ အဲဒီတုန္းက အာဆင္နယ္ေပးခဲ့ရတဲ့ပထမဂိုးဟာ ပင္နယ္တီဧရိယာအတြင္းမွာပဲ ဆုိကရာတစ္ရဲ႕လူေပးမႈအမွားေၾကာင့္ ျဖစ္ပါတယ္။

photo-gettyimages

ေနာက္ထပ္အမွားလုပ္သူက ေဒးဗစ္လုဇ္ျဖစ္ၿပီး ပင္နယ္တီဧရိယာအတြင္း သူ႔ရဲ႕သပ္ရပ္မႈမရွိတဲ့ဖ်က္ထုတ္မႈေၾကာင့္ ပင္နယ္တီေပးခ့ဲရကာ အဲဒီကေန ၀က္ဖုိ႔ဒ္ဟာ ဒုတိယေခ်ပဂိုးရသြားခဲ့ၿပီး အာဆင္နယ္အေနနဲ႔ ၂ ဂိုးျပတ္ဦးေဆာင္ႏိုင္ေနရာကေန ၂ ဂိုးေပးခဲ့ရကာ သေရနဲ႔ေက်နပ္ခဲ့ရတာပါ။ အခုဆိုရင္ ေဒးဗစ္လုဇ္ဟာ အာဆင္နယ္ကစားသမားဘ၀ ပထမဆုံး ၄ ပြဲမွာတင္ ပင္နယ္တီ ၂ လုံးေပးခဲ့ရပါတယ္။ အရင္ခ်ဲလ္ဆီးမွာတုန္းက ပရီးမီးယားလိဂ္ပြဲ ၁၆၀ မွာ ပင္နယ္တီ ၃ လုံးသာေပးခဲ့ရတာပါ။ အာဆင္နယ္မွာေတာ့ ၂ ပြဲကို ပင္နယ္တီ ၁ လုံးႏႈန္းသူခြင့္ျပဳေနရတာေၾကာင့္ ဒီကိန္းဂဏန္းမွတ္တမ္းဟာ အသင္းပရိသတ္ေတြအတြက္ အထိတ္တလန္႔ျဖစ္ေစမွာ အေသအခ်ာပါပဲ။

[Unicode]

ပြီးခဲ့တဲ့ရာသီက စိတ်ပျက်စရာဖြစ်ခဲ့ရတဲ့ မူစတာဖီရဲ့စွမ်းဆောင်မှုကြောင့် ရာသီသစ်မှာ ဗဟိုနောက်ခံလူသစ်တစ်ယောက်ခေါ်ယူလိုက်တော့ အာဆင်နယ်ပရိသတ်တွေကျေနပ်သွားခဲ့ကြပြီး ဒေးဗစ်လုဇ်ဟာ ပေါင် ၈ သန်းနဲ့ ချဲလ်ဆီးကနေ ရောက်လာပါတယ်။ ပြီးခဲ့တဲ့ရာသီ ပဲလေ့စ်ကို ၃-၂ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲမှာ အာဆင်နယ်ပေးခဲ့ရတဲ့ ၃ ဂိုးစလုံးမှာ မူစတာဖီဟာ အပြစ်ရှိခဲ့တာကြောင့် အဲဒီအချိန်ကတည်းက အာဆင်နယ်ပရိသတ်အမာျးစုရဲ့ယုံကြည်ကိုးစားခြင်းကို မရတော့ပါဘူး။ ဒါကြောင့်လည်း အာဆင်နယ်ဗဟိုခံစစ်မှာ ဒေးဗစ်လုဇ်ဟာ မူစတာဖီနေရာအစားဝင်သူဖြစ်လာခဲ့ပြီး နောက်ဆုံးပရီးမီးယားလိဂ် ၄ ပွဲစလုံးမှာ ဆိုကရာတစ်နဲ့အတူပွဲထွက်ခွင့်ရခဲ့တာပါ။

ဒါပေမဲ့လည်း ဒေးဗစ်လုဇ်ပါတဲ့ ၄ ပွဲစလုံးမှာ အာဆင်နယ်ဂိုးပေးခဲ့ရကာ ဗဟိုခံစစ်မှာ ဆိုကရာတစ်နဲ့တွဲပြီးကတည်းက ၈ ဂိုးတောင်ပေးထးရပါတယ်။ အဲဒီထဲမှာ နောက်ဆုံးကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲက ၂ ဂိုးလည်း ပါဝင်ပါတယ်။ အဲဒီတုန်းက အာဆင်နယ်ပေးခဲ့ရတဲ့ပထမဂိုးဟာ ပင်နယ်တီဧရိယာအတွင်းမှာပဲ ဆိုကရာတစ်ရဲ့လူပေးမှုအမှားကြောင့် ဖြစ်ပါတယ်။

နောက်ထပ်အမှားလုပ်သူက ဒေးဗစ်လုဇ်ဖြစ်ပြီး ပင်နယ်တီဧရိယာအတွင်း သူ့ရဲ့သပ်ရပ်မှုမရှိတဲ့ဖျက်ထုတ်မှုကြောင့် ပင်နယ်တီပေးခဲ့ရကာ အဲဒီကနေ ဝက်ဖို့ဒ်ဟာ ဒုတိယချေပဂိုးရသွားခဲ့ပြီး အာဆင်နယ်အနေနဲ့ ၂ ဂိုးပြတ်ဦးဆောင်နိုင်နေရာကနေ ၂ ဂိုးပေးခဲ့ရကာ သရေနဲ့ကျေနပ်ခဲ့ရတာပါ။ အခုဆိုရင် ဒေးဗစ်လုဇ်ဟာ အာဆင်နယ်ကစားသမားဘ၀ ပထမဆုံး ၄ ပွဲမှာတင် ပင်နယ်တီ ၂ လုံးပေးခဲ့ရပါတယ်။ အရင်ချဲလ်ဆီးမှာတုန်းက ပရီးမီးယားလိဂ်ပွဲ ၁၆၀ မှာ ပင်နယ်တီ ၃ လုံးသာပေးခဲ့ရတာပါ။ အာဆင်နယ်မှာတော့ ၂ ပွဲကို ပင်နယ်တီ ၁ လုံးနှုန်းသူခွင့်ပြုနေရတာကြောင့် ဒီကိန်းဂဏန်းမှတ်တမ်းဟာ အသင်းပရိသတ်တွေအတွက် အထိတ်တလန့်ဖြစ်စေမှာ အသေအချာပါပဲ။