အဂၤလန္အတြက္ ပထမဆံုးအႀကိမ္ကစားခြင့္ရဖုိ႔ ထပ္မံေစာင့္ဆုိင္းရဦးမယ့္ ဘစ္ဆာကာ

Photo Credit: Getty Images
Photo Credit: Getty Images

မန္ယူအသင္းညာေနာက္ခံလူဘစ္ဆာကာဟာ အဂၤလန္လက္ေရြးစင္အသင္းမွာ ပထမဆံုးအႀကိမ္အျဖစ္ ေရြးခ်ယ္ခံခဲ့ရေပမယ့္ ေနာက္ေက်ာဒဏ္ရာျပသနာေၾကာင့္ လူစာရင္းကေနႏုတ္ထြက္ခဲ့ရၿပီး လက္ေရြးစင္ပြဲထြက္ခြင့္ကို ပထမဆံုးအႀကိမ္ရယူႏုိင္ဖုိ႔ ထပ္မံေစာင့္ဆုိင္းရေတာ့မွာျဖစ္ပါတယ္။

Photo Credit: Getty Images

အသက္ 21 ႏွစ္အရြယ္ ဘစ္ဆာကာဟာ အဂၤလန္ယူ-21 အသင္းအတြက္ပါ၀င္ကစားခဲ့ဖူးေပမယ့္ လက္ေရြးစင္အသင္းမွာေတာ့ တစ္ႀကိမ္မွ်ပါ၀င္ႏုိင္ျခင္းမရွိေသးပါဘူး။ ဒီရာသီမွာ ပဲေလ့စ္ကေန မန္ယူကိုေျပာင္းေရႊ႕ၿပီးေနာက္ ဦးစားေပးကစားသမားအျဖစ္ ေျခစြမ္းျပႏုိင္ခဲ့တာေၾကာင့္ အဂၤလန္နည္းျပေဆာက္ဂိတ္က ဘစ္ဆာကာကို ပထမဆံုးအႀကိမ္ေရြးခ်ယ္ေခၚယူခဲ့ေပမယ့္ ဒဏ္ရာျပသနာႀကံဳေတြ႕ခဲ့ရလုိ႔ စိတ္ပ်က္စရာျဖစ္သြားခဲ့ပါတယ္။

Photo Credit: Getty Images

ဘစ္ဆာကာဟာ အဂၤလန္အသင္းနဲ႔ပူးေပါင္းၿပီးေနာက္ တနလၤာေန႔ကလည္း အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ေရးအစီအစဥ္မွာပါ၀င္ခဲ့ေသးတာပါ။ ဒါေပမဲ့ ေနာက္ေက်ာဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ မန္ယူအသင္းထံကိုျပန္ပုိ႔လုိက္ရၿပီး ဒဏ္ရာအေျခအေနကို အေသးစိတ္စစ္ေဆးမႈေတြထပ္မံျပဳလုပ္ရဦးမွာျဖစ္ပါတယ္။ ဒီျဖစ္ရပ္အတြက္ အဂၤလန္အသင္းကလည္း ”ဘစ္ဆာကာဟာ ေနာက္ေက်ာဒဏ္ရာေၾကာင့္ ကလပ္ကိုျပန္သြားရပါၿပီ။ လက္ရွိ 24 ဦးစာရင္းထဲမွာ အာႏုိးလ္နဲ႔ ထရစ္ပီယာတုိ႔ကိုလည္း နည္းျပေဆာက္ဂိတ္ကေရြးခ်ယ္ထားလုိ႔ အစားထုိးမႈျပဳလုပ္ေတာ့မွာမဟုတ္ပါဘူး”လုိ႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

Photo Credit: Getty Images

လက္ရွိအခ်ိန္မွာ ဘစ္ဆာကာရဲ႕ဒဏ္ရာအေသးစိတ္ကို ထုတ္ျပန္ျခင္းမရွိေသးလုိ႔ ႏုိင္ငံတကာပြဲစဥ္ေတြအလြန္မွာ မန္ယူအတြက္ ျပန္လည္ကစားေပးႏုိင္မလားဆုိတာကိုေတာ့ အတိအက်မသိရေသးပါဘူး။ မန္ယူကစားသမားေတြထဲမွာ ဘစ္ဆာကာအျပင္ အဓိကကြင္းလယ္လူေပါ့ဂ္ဘာကလည္း ေျခခ်င္း၀တ္ဒဏ္ရာေၾကာင့္ ျပင္သစ္လူစာရင္းကေနႏုတ္ထြက္ခဲ့ရေသးၿပီး သူ႕ရဲ႕ဒဏ္ရာကိုလည္း အေသးစိတ္စစ္ေဆးမႈေတြျပဳလုပ္ရဦးမွာျဖစ္ပါတယ္။

(Unicode)

အင်္ဂလန်အတွက် ပထမဆုံးအကြိမ်ကစားခွင့်ရဖို့ ထပ်မံစောင့်ဆိုင်းရဦးမယ့် ဘစ်ဆာကာ

မန်ယူအသင်းညာနောက်ခံလူဘစ်ဆာကာဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံခဲ့ရပေမယ့် နောက်ကျောဒဏ်ရာပြသနာကြောင့် လူစာရင်းကနေနုတ်ထွက်ခဲ့ရပြီး လက်ရွေးစင်ပွဲထွက်ခွင့်ကို ပထမဆုံးအကြိမ်ရယူနိုင်ဖို့ ထပ်မံစောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။

အသက် 21 နှစ်အရွယ် ဘစ်ဆာကာဟာ အင်္ဂလန်ယူ-21 အသင်းအတွက်ပါဝင်ကစားခဲ့ဖူးပေမယ့် လက်ရွေးစင်အသင်းမှာတော့ တစ်ကြိမ်မျှပါဝင်နိုင်ခြင်းမရှိသေးပါဘူး။ ဒီရာသီမှာ ပဲလေ့စ်ကနေ မန်ယူကိုပြောင်းရွှေ့ပြီးနောက် ဦးစားပေးကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အင်္ဂလန်နည်းပြဆောက်ဂိတ်က ဘစ်ဆာကာကို ပထမဆုံးအကြိမ်ရွေးချယ်ခေါ်ယူခဲ့ပေမယ့် ဒဏ်ရာပြသနာကြုံတွေ့ခဲ့ရလို့ စိတ်ပျက်စရာဖြစ်သွားခဲ့ပါတယ်။

ဘစ်ဆာကာဟာ အင်္ဂလန်အသင်းနဲ့ပူးပေါင်းပြီးနောက် တနင်္လာနေ့ကလည်း အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်မှာပါဝင်ခဲ့သေးတာပါ။ ဒါပေမဲ့ နောက်ကျောဒဏ်ရာရရှိသွားခဲ့တာကြောင့် မန်ယူအသင်းထံကိုပြန်ပို့လိုက်ရပြီး ဒဏ်ရာအခြေအနေကို အသေးစိတ်စစ်ဆေးမှုတွေထပ်မံပြုလုပ်ရဦးမှာဖြစ်ပါတယ်။ ဒီဖြစ်ရပ်အတွက် အင်္ဂလန်အသင်းကလည်း ”ဘစ်ဆာကာဟာ နောက်ကျောဒဏ်ရာကြောင့် ကလပ်ကိုပြန်သွားရပါပြီ။ လက်ရှိ 24 ဦးစာရင်းထဲမှာ အာနိုးလ်နဲ့ ထရစ်ပီယာတို့ကိုလည်း နည်းပြဆောက်ဂိတ်ကရွေးချယ်ထားလို့ အစားထိုးမှုပြုလုပ်တော့မှာမဟုတ်ပါဘူး”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဘစ်ဆာကာရဲ့ဒဏ်ရာအသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးလို့ နိုင်ငံတကာပွဲစဉ်တွေအလွန်မှာ မန်ယူအတွက် ပြန်လည်ကစားပေးနိုင်မလားဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ မန်ယူကစားသမားတွေထဲမှာ ဘစ်ဆာကာအပြင် အဓိကကွင်းလယ်လူပေါ့ဂ်ဘာကလည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် ပြင်သစ်လူစာရင်းကနေနုတ်ထွက်ခဲ့ရသေးပြီး သူ့ရဲ့ဒဏ်ရာကိုလည်း အသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ရဦးမှာဖြစ်ပါတယ်။