အက္စ္တာနာနဲ႔ပြဲမွာ ဂရင္း၀ုဒ္၊ ႐ိုမဲ႐ိုးနဲ႔ တြမ္ဇီဘီတုိ႔ ပြဲထြက္ခြင့္ရမယ္လုိ႔ ဆုိးလ္ရွားအတည္ျပဳ

Photo Credit

Photo Credit

ယူႏိုက္တက္အသင္းနည္းျပ ဆုိးလ္ရွားက အက္စ္တာနာနဲ႔ကစားရမယ့္ ယူ႐ိုပါလိဂ္အုပ္စုအဖြင့္ပြဲမွာ လူငယ္တိုက္စစ္မွဴး ဂရင္း၀ုဒ္၊ အာဂ်င္တီးနားလက္ေရြးစင္ဂိုးသမား ႐ိုမဲ႐ိုးနဲ႔ လူငယ္ေနာက္ခံလူ တြမ္ဇီဘီတုိ႔ ဦးစားေပးကစားသမားအျဖစ္ ပါ၀င္ကစားခြင့္ရရွိလိမ့္မယ္လုိ႔ အတည္ျပဳလုိက္ပါတယ္။

Photo Credit ; Getty Images

ဂရင္း၀ုဒ္ဟာ ၿပီးခဲ့တဲ့ရာသီပိတ္ပြဲမွာ အသင္းႀကီးအတြက္ ပထမဆုံးပဲြစဥ္အျဖစ္ ၾကာသပေတးေန႔မွာ ကစားရမယ့္ ကာဇက္စတန္ကလပ္နဲ႔အိမ္ကြင္းပြဲမွာ ပါ၀င္ကစားခြင့္ရရွိမွာျဖစ္ၿပီး လက္တေလာေျခစြမ္းျပသေနတဲ့ ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ကေတာ့ ဒဏ္ရာျပႆနာေၾကာင့္ ယခုပြဲစဥ္ကို လြဲေခ်ာ္ရမွာျဖစ္ပါတယ္။

Photo Credit

အသက္ ၂၁ႏွစ္အရြယ္ရွိ ေ၀းလ္လက္ေရြးစင္ ဂ်ိမ္းစ္ဟာ လက္စတာကို ၁-၀ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ အကန္ခံခဲ့ရတယ္လုိ႔ ဆုိးလ္ရွားက အတည္ျပဳခဲ့ၿပီး ေပါ့ဂ္ဘာ၊ မာရွယ္၊ လုခ္ေရွာတုိ႔နဲ႔အတူ ယခုပဲြစဥ္ကို လြဲေခ်ာ္ရမွာျဖစ္ပါတယ္။

Photo Credit

”မနက္ျဖန္ပြဲမွာ ဦးစားေပးကစားသမားအျဖစ္ ႐ိုမဲ႐ိုးကစားခြင့္ရမွာေသခ်ာပါတယ္။ သူဟာ ထိပ္တန္းအဆင့္ဂိုးသမားတစ္ဦးျဖစ္ၿပီး တကယ္လုိ႔ ဒီဂီယာ တစ္ခုခုျဖစ္ရင္ အစား၀င္ဖို႔လည္း အသင့္ရွိေနပါတယ္။ သူ႕အတြက္ ပြဲကစားခြင့္ကေတာ့ လိုအပ္ပါတယ္”

Photo Credit

”တြမ္ဇီဘီလည္း ဦးစားေပးလူစာရင္းမွာ ပါ၀င္လာမွာပါ။ ကၽြန္ေတ္တုိ႔အသင္းမွာ ကစားသမားအမ်ားအျပားရွိၿပီး သူကလည္း ရာသီႀကိဳေျခစမ္းပြဲေတြမွာ တကယ့္ကိုေကာင္းေကာင္းကစားႏိုင္ခဲ့ပါတယ္”

Photo Credit

”သူဟာ ဒီရာသီမွာ ဦးစားေပးကစားသမားအျဖစ္ ပါ၀င္မကစားရေသးေပမယ့္ မနက္ျဖန္မွာေတာ့ ပါ၀င္ခြင့္ရမွာပါ။ မနက္ျဖန္ပဲြမွာ လူငယ္ကစားသမားတခ်ိဳ႕ ပါ၀င္လာႏုိင္ပါတယ္။ ဂရင္း၀ုဒ္ကေတာ့ ဦးစားေပးကစားသမားအျဖစ္ ေသခ်ာေပါက္ကစားခြင့္ရရွိမွာျဖစ္ပါတယ္”လုိ႔ ဆုိးလ္ရွားက ေျပာပါတယ္။

Photo Credit ; Getty Images

Unicode

အက်စ်တာနာနဲ့ပွဲမှာ ဂရင်းဝုဒ်၊ ရိုမဲရိုးနဲ့ တွမ်ဇီဘီတို့ ပွဲထွက်ခွင့်ရမယ်လို့ ဆိုးလ်ရှားအတည်ပြု

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အက်စ်တာနာနဲ့ကစားရမယ့် ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲမှာ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်၊ အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား ရိုမဲရိုးနဲ့ လူငယ်နောက်ခံလူ တွမ်ဇီဘီတို့ ဦးစားပေးကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိလိမ့်မယ်လို့ အတည်ပြုလိုက်ပါတယ်။
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီပိတ်ပွဲမှာ အသင်းကြီးအတွက် ပထမဆုံးပွဲစဉ်အဖြစ် ကြာသပတေးနေ့မှာ ကစားရမယ့် ကာဇက်စတန်ကလပ်နဲ့အိမ်ကွင်းပွဲမှာ ပါဝင်ကစားခွင့်ရရှိမှာဖြစ်ပြီး လက်တလောခြေစွမ်းပြသနေတဲ့ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကတော့ ဒဏ်ရာပြဿနာကြောင့် ယခုပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပါတယ်။
အသက် ၂၁နှစ်အရွယ်ရှိ ဝေးလ်လက်ရွေးစင် ဂျိမ်းစ်ဟာ လက်စတာကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အကန်ခံခဲ့ရတယ်လို့ ဆိုးလ်ရှားက အတည်ပြုခဲ့ပြီး ပေါ့ဂ်ဘာ၊ မာရှယ်၊ လုခ်ရှောတို့နဲ့အတူ ယခုပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပါတယ်။
”မနက်ဖြန်ပွဲမှာ ဦးစားပေးကစားသမားအဖြစ် ရိုမဲရိုးကစားခွင့်ရမှာသေချာပါတယ်။ သူဟာ ထိပ်တန်းအဆင့်ဂိုးသမားတစ်ဦးဖြစ်ပြီး တကယ်လို့ ဒီဂီယာ တစ်ခုခုဖြစ်ရင် အစားဝင်ဖို့လည်း အသင့်ရှိနေပါတယ်။ သူ့အတွက် ပွဲကစားခွင့်ကတော့ လိုအပ်ပါတယ်”
”တွမ်ဇီဘီလည်း ဦးစားပေးလူစာရင်းမှာ ပါဝင်လာမှာပါ။ ကျွန်တေ်တို့အသင်းမှာ ကစားသမားအများအပြားရှိပြီး သူကလည်း ရာသီကြိုခြေစမ်းပွဲတွေမှာ တကယ့်ကိုကောင်းကောင်းကစားနိုင်ခဲ့ပါတယ်”
”သူဟာ ဒီရာသီမှာ ဦးစားပေးကစားသမားအဖြစ် ပါဝင်မကစားရသေးပေမယ့် မနက်ဖြန်မှာတော့ ပါဝင်ခွင့်ရမှာပါ။ မနက်ဖြန်ပွဲမှာ လူငယ်ကစားသမားတချို့ ပါဝင်လာနိုင်ပါတယ်။ ဂရင်းဝုဒ်ကတော့ ဦးစားပေးကစားသမားအဖြစ် သေချာပေါက်ကစားခွင့်ရရှိမှာဖြစ်ပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။