ဟယ္ရီကိန္းထက္ ပိုၿပီးဂိုးသြင္းခ်င္တယ္ဆုိတဲ့ အဂၤလန္တုိက္စစ္မွဴးရက္ရွ္ဖုိ႔ဒ္

Photo Credit: Getty Images
Photo Credit: Getty Images

မၾကာေသးခင္က အဂၤလန္တုိက္စစ္မွဴးရက္ရွ္ဖုိ႔ဒ္ရဲ႕ ဂိုးသြင္းလုိစိတ္ရွိမႈအေပၚ တုိက္စစ္မွဴးေဟာင္းမုိက္ကယ္အို၀င္က ေ၀ဖန္ေမးခြန္းထုတ္မႈရွိခဲ့ေပမယ့္ ရက္ရွ္ဖုိ႔ဒ္ကေတာ့ သူဟာ ကစားေဖာ္ဟယ္ရီကိန္းနဲ႔အၿပိဳင္ ဂိုးသြင္းယူလုိသူျဖစ္တယ္လုိ႔ ေျပာၾကားလုိက္ပါတယ္။

Photo Credit: Getty Images

ရက္ရွ္ဖုိ႔ဒ္ဟာ အဂၤလန္အတြက္ 32 ပြဲပါ၀င္ကစားၿပီး 7 ဂုိးသာသြင္းယူထားႏုိင္သူပါ။ မန္ယူအတြက္လည္း ၿပိဳင္ပြဲအရပ္ရပ္ 174 ပြဲမွာ 47 ဂုိးသာရရွိခဲ့ပါတယ္။ မန္ယူနည္းျပဆုိးလ္ရွားကိုယ္တုိင္ကလည္း ရက္ရွ္ဖုိ႔ဒ္ရဲ႕အဆံုးသတ္ပိုင္းနဲ႔ပတ္သက္ၿပီး အားမရဘူးဆုိတာကို၀န္ခံထားခဲ့ပါတယ္။ ဒါေၾကာင့္လည္း အဂၤလန္နဲ႔ မန္ယူတုိက္စစ္မွဴးေဟာင္း မိုက္ကယ္အုိ၀င္က ရက္ရွ္ဖုိ႔ဒ္ရဲ႕ ဂိုးဆာေလာင္စိတ္အေပၚေ၀ဖန္ေမးခြန္းထုတ္ခဲ့တာပါ။ ဒါေပမဲ့ ရက္ရွ္ဖုိ႔ဒ္ကေတာ့ သူဟာ ဟယ္ရီကိန္းကို တြန္းအားတစ္ခုအျဖစ္သတ္မွတ္ထားၿပီး ကိန္းထက္ပိုၿပီးဂိုးသြင္းႏိုင္ဖုိ႔လည္းႀကိဳးစားလုိစိတ္ရွိတယ္လုိ႔ ေျပာၾကားလုိက္ပါတယ္။

Photo Credit: Getty Images

”ဟယ္ရီကိန္းက ကၽြန္ေတာ္တြဲကစားခဲ့ဖူးတဲ့သူေတြထဲမွာ အဆံုးသတ္အေကာင္းဆံုးသူတစ္ဦးပါ။ အဆံုးသတ္ဂိုးသြင္းဖုိ႔ေလ့က်င့္တဲ့အခါတုိင္း သူနဲ႔အတတ္ႏုိင္ဆံုးအၿပိဳင္ဂုိးသြင္းယူမယ္ဆုိတဲ့အေတြးက ေခါင္းထဲေပၚလာတတ္ပါတယ္။ သူက 6 ဂိုးသြင္းမယ္ဆုိရင္ ကိုယ္လည္း 6 ဂိုး။ သူက 7 ဂိုးသြင္းမယ္ဆုိရင္ ကိုယ္က 8 ဂိုးသြင္းမယ္ဆုိတာမ်ဳိးေပါ့။ ကၽြန္ေတာ္တုိ႔ႏွစ္ဦးက တူညီတဲ့ေနရာအတြက္ တုိက္ပြဲ၀င္ေနရတာ၊ ဒါမွမဟုတ္ တစ္သင္းတည္းကစားဖုိ႔အၿပိဳင္တုိက္ပြဲ၀င္ေနရၿပီး တစ္ဦးကိုတစ္ဦးတြန္းအားျဖစ္ေစပါတယ္”လုိ႔ ရက္ရွ္ဖုိ႔ဒ္ကေျပာၾကားခဲ့ပါတယ္။ လက္ရွိအဂၤလန္မွာ ဟယ္ရီကိန္းက အသင္းေခါင္းေဆာင္ျဖစ္ၿပီး စတာလင္းကလည္းဦးစားေပးအျဖစ္သတ္မွတ္ခံထားရတာေၾကာင့္ ေဒါ့မန္အသင္းနဲ႔အတူ အေကာင္းဆံုးေျခစြမ္းျပေနတဲ့ ဆန္ခ်ဳိဟာ ရက္ရွ္ဖုိ႔ဒ္ရဲ႕ပြဲထြက္ခြင့္အတြက္ အဓိကၿခိမ္းေျခာက္သူျဖစ္လာေနၿပီလုိ႔လည္း သံုးသပ္မႈေတြရွိေနပါတယ္။

(Unicode)

ဟယ်ရီကိန်းထက် ပိုပြီးဂိုးသွင်းချင်တယ်ဆိုတဲ့ အင်္ဂလန်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်

မကြာသေးခင်က အင်္ဂလန်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ရဲ့ ဂိုးသွင်းလိုစိတ်ရှိမှုအပေါ် တိုက်စစ်မှူးဟောင်းမိုက်ကယ်အိုဝင်က ဝေဖန်မေးခွန်းထုတ်မှုရှိခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ သူဟာ ကစားဖော်ဟယ်ရီကိန်းနဲ့အပြိုင် ဂိုးသွင်းယူလိုသူဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အတွက် 32 ပွဲပါဝင်ကစားပြီး 7 ဂိုးသာသွင်းယူထားနိုင်သူပါ။ မန်ယူအတွက်လည်း ပြိုင်ပွဲအရပ်ရပ် 174 ပွဲမှာ 47 ဂိုးသာရရှိခဲ့ပါတယ်။ မန်ယူနည်းပြဆိုးလ်ရှားကိုယ်တိုင်ကလည်း ရက်ရှ်ဖို့ဒ်ရဲ့အဆုံးသတ်ပိုင်းနဲ့ပတ်သက်ပြီး အားမရဘူးဆိုတာကိုဝန်ခံထားခဲ့ပါတယ်။ ဒါကြောင့်လည်း အင်္ဂလန်နဲ့ မန်ယူတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးဆာလောင်စိတ်အပေါ်ဝေဖန်မေးခွန်းထုတ်ခဲ့တာပါ။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ်ကတော့ သူဟာ ဟယ်ရီကိန်းကို တွန်းအားတစ်ခုအဖြစ်သတ်မှတ်ထားပြီး ကိန်းထက်ပိုပြီးဂိုးသွင်းနိုင်ဖို့လည်းကြိုးစားလိုစိတ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

”ဟယ်ရီကိန်းက ကျွန်တော်တွဲကစားခဲ့ဖူးတဲ့သူတွေထဲမှာ အဆုံးသတ်အကောင်းဆုံးသူတစ်ဦးပါ။ အဆုံးသတ်ဂိုးသွင်းဖို့လေ့ကျင့်တဲ့အခါတိုင်း သူနဲ့အတတ်နိုင်ဆုံးအပြိုင်ဂိုးသွင်းယူမယ်ဆိုတဲ့အတွေးက ခေါင်းထဲပေါ်လာတတ်ပါတယ်။ သူက 6 ဂိုးသွင်းမယ်ဆိုရင် ကိုယ်လည်း 6 ဂိုး။ သူက 7 ဂိုးသွင်းမယ်ဆိုရင် ကိုယ်က 8 ဂိုးသွင်းမယ်ဆိုတာမျိုးပေါ့။ ကျွန်တော်တို့နှစ်ဦးက တူညီတဲ့နေရာအတွက် တိုက်ပွဲဝင်နေရတာ၊ ဒါမှမဟုတ် တစ်သင်းတည်းကစားဖို့အပြိုင်တိုက်ပွဲဝင်နေရပြီး တစ်ဦးကိုတစ်ဦးတွန်းအားဖြစ်စေပါတယ်”လို့ ရက်ရှ်ဖို့ဒ်ကပြောကြားခဲ့ပါတယ်။ လက်ရှိအင်္ဂလန်မှာ ဟယ်ရီကိန်းက အသင်းခေါင်းဆောင်ဖြစ်ပြီး စတာလင်းကလည်းဦးစားပေးအဖြစ်သတ်မှတ်ခံထားရတာကြောင့် ဒေါ့မန်အသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဆန်ချိုဟာ ရက်ရှ်ဖို့ဒ်ရဲ့ပွဲထွက်ခွင့်အတွက် အဓိကခြိမ်းခြောက်သူဖြစ်လာနေပြီလို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။