သာမန္အဆင့္ ကစားသမားေတြအတြက္မန္ယူေငြျဖဳန္းတီးခဲ့တယ္လို႔ ပီတစ္ေ၀ဖန္

Photo- Internet
Photo- Internet

အာဆင္နယ္အသင္း ဂႏၳ၀င္ကစားသမား ပီတစ္က မန္ယူဟာဖာဂူဆန္လက္ထက္ေနာက္ပိုင္းမွာ သာမန္အဆင့္ေလာက္သာရွိတဲ႔ ကစားသမားေတြအတြက္ ေငြအမ်ားႀကီးျဖဳန္းတီးခဲ့တယ္လို႔ ေ၀ဖန္လိုက္ပါတယ္။ ပီတစ္ဟာ အာဆင္နယ္စတင္ေခတ္ေကာင္းခဲ့စဥ္က အေရးပါတဲ႔သူတစ္ဦးျဖစ္ခဲ့ၿပီး မန္ယူရဲ႕ၿပိဳင္ဘက္ေတြထဲက တစ္ဦးလည္းျဖစ္ပါတယ္။

ဖာဂူဆန္ဟာ ၂၀၁၃ တုန္းကမန္ယူနည္းျပဘ၀ကေနအနားယူခဲ့သူျဖစ္ၿပီး အဲဒီေနာက္ပိုင္းမွာ မန္ယူဟာအသင္းကိုျပန္လည္တည္ေဆာက္ခဲ့ရာမွာ ကစားသမားသစ္ေတြအတြက္ ေပါင္ ၇၄၁ သန္းအထိသုံးစြဲခဲ့ေပမယ္႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဘြဲ႕ကိုအခုထိရယူႏိုင္ျခင္းမရွိခဲ့ပါဘူး။

Photo- Internet

မန္ယူဟာ ဒီကေန႔ည အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ အာဆင္နယ္ကိုလက္ခံကစားမွာျဖစ္ၿပီး ဒီပြဲမတိုင္ခင္မွာ ပီတစ္ကၿပိဳင္ဘက္ မန္ယူကိုေ၀ဖန္လိုက္တာလည္းျဖစ္ပါတယ္။ သူက”ဖာဂူဆန္ထြက္သြားၿပီးတဲ႔ေနာက္ပိုင္းကတည္းက မန္ယူကိုက်ြန္ေတာ္ အသိအမွတ္မျပဳ ေတာ႔တာပါ။ သူတို႔ဟာၿပိဳင္ဘက္ေတြကို ဖိန္႔ဖိန္႔တုန္ေအာင္ေၾကာက္ေစခဲ့တဲ႔ အသင္းျဖစ္ေပမယ္႔ ဒါမ်ဳိးမလုပ္ႏိုင္ခဲ့တာ ၾကာလွပါၿပီ။

Photo- Internet

ဖာဂူဆန္ဟာ မန္ယူရဲ႕ႀကီးမားလွတဲ႔ပုံရိပ္ျဖစ္လို႔ သူထြက္သြားမႈဟာ မန္ယူကိုအခက္ေတြ႔ေစခဲ့တာလက္ခံပါတယ္။ ဒါေပမယ္႔ ခက္ခဲလည္း ၂ ႏွစ္ ဒါမွမဟုတ္ ၃ ႏွစ္ေပါ့ဗ်ာ။ လက္ရွိအခ်ိန္အထိမန္ယူမွာ သင့္ေတာ္တဲ႔ကစားသမားေကာင္းမရွိပါဘူး။ သူတို႔ဟာ စားပြဲေပၚမွာေငြထုပ္တင္ၿပီး သာမန္အဆင့္သာရွိတဲ႔သူေတြအတြက္ ေငြအမ်ားႀကီးျဖဳန္းတီးခဲ့တာပါ။

Photo- Internet

အရင္တုန္းက မန္ယူနဲ႔ရင္ဆိုင္ရၿပီဆိုရင္ ပရီးမီးယားလိဂ္မွာသာမက ဥေရာပရဲ႕အေကာင္းဆုံးေတြနဲ႔ေတြ႔ရတာမ်ဳိးပါ။ လက္ရွိကစားသမားေတြကေတာ႔ ရပ္တည္မႈေရာ စိတ္ဓါတ္ပိုင္းမွာပါအားနည္းေနတာပါ။ ဘယ္လိုဘဲျဖစ္ျဖစ္ ဒီကေန႔ညပြဲဟာ ႏွစ္သင္းလုံးအႏိုင္ရဖို႔ အခြင့္အေရးကိုယ္စီရွိေနပါတယ္” လို႔ေျပာသြားပါတယ္။

Photo- Internet

Unicode

သာမန်အဆင့် ကစားသမားတွေအတွက်မန်ယူငွေဖြုန်းတီးခဲ့တယ်လို့ ပီတစ်ဝေဖန်
အာဆင်နယ်အသင်း ဂန္ထဝင်ကစားသမား ပီတစ်က မန်ယူဟာဖာဂူဆန်လက်ထက်နောက်ပိုင်းမှာ သာမန်အဆင့်လောက်သာရှိတဲ့ ကစားသမားတွေအတွက် ငွေအများကြီးဖြုန်းတီးခဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။ ပီတစ်ဟာ အာဆင်နယ်စတင်ခေတ်ကောင်းခဲ့စဉ်က အရေးပါတဲ့သူတစ်ဦးဖြစ်ခဲ့ပြီး မန်ယူရဲ့ပြိုင်ဘက်တွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

ဖာဂူဆန်ဟာ ၂၀၁၃ တုန်းကမန်ယူနည်းပြဘဝကနေအနားယူခဲ့သူဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ မန်ယူဟာအသင်းကိုပြန်လည်တည်ဆောက်ခဲ့ရာမှာ ကစားသမားသစ်တွေအတွက် ပေါင် ၇၄၁ သန်းအထိသုံးစွဲခဲ့ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကိုအခုထိရယူနိုင်ခြင်းမရှိခဲ့ပါဘူး။

မန်ယူဟာ ဒီကနေ့ည အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ အာဆင်နယ်ကိုလက်ခံကစားမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ ပီတစ်ကပြိုင်ဘက် မန်ယူကိုဝေဖန်လိုက်တာလည်းဖြစ်ပါတယ်။ သူက”ဖာဂူဆန်ထွက်သွားပြီးတဲ့နောက်ပိုင်းကတည်းက မန်ယူကိုကျွန်တော် အသိအမှတ်မပြု တော့တာပါ။ သူတို့ဟာပြိုင်ဘက်တွေကို ဖိန့်ဖိန့်တုန်အောင်ကြောက်စေခဲ့တဲ့ အသင်းဖြစ်ပေမယ့် ဒါမျိုးမလုပ်နိုင်ခဲ့တာ ကြာလှပါပြီ။

ဖာဂူဆန်ဟာ မန်ယူရဲ့ကြီးမားလှတဲ့ပုံရိပ်ဖြစ်လို့ သူထွက်သွားမှုဟာ မန်ယူကိုအခက်တွေ့စေခဲ့တာလက်ခံပါတယ်။ ဒါပေမယ့် ခက်ခဲလည်း ၂ နှစ် ဒါမှမဟုတ် ၃ နှစ်ပေါ့ဗျာ။ လက်ရှိအချိန်အထိမန်ယူမှာ သင့်တော်တဲ့ကစားသမားကောင်းမရှိပါဘူး။ သူတို့ဟာ စားပွဲပေါ်မှာငွေထုပ်တင်ပြီး သာမန်အဆင့်သာရှိတဲ့သူတွေအတွက် ငွေအများကြီးဖြုန်းတီးခဲ့တာပါ။

အရင်တုန်းက မန်ယူနဲ့ရင်ဆိုင်ရပြီဆိုရင် ပရီးမီးယားလိဂ်မှာသာမက ဥရောပရဲ့အကောင်းဆုံးတွေနဲ့တွေ့ရတာမျိုးပါ။ လက်ရှိကစားသမားတွေကတော့ ရပ်တည်မှုရော စိတ်ဓါတ်ပိုင်းမှာပါအားနည်းနေတာပါ။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီကနေ့ညပွဲဟာ နှစ်သင်းလုံးအနိုင်ရဖို့ အခွင့်အရေးကိုယ်စီရှိနေပါတယ်” လို့ပြောသွားပါတယ်။