လူမႈမီဒီယာမွာ နာမည္ႀကီးေရပန္းစားလာတဲ့ #OleOut…ဂႏၳ၀င္တုိက္စစ္မွဴးအေပၚ ယူႏုိက္တက္ပရိသတ္ေတြ စိတ္ကုန္ေနၿပီလား

Photo Credit

Photo Credit ; Getty Images

လက္ရွိအခ်ိန္ လူမႈမီဒီယာတစ္ခုျဖစ္တဲ့ တြစ္တာမွာ #OleOut ဆိုတ့ဲ #စစ္ဆင္ေရးက အေတာ္ေလးနာမည္ႀကီးေရပန္းစားေနၿပီး ယူႏုိက္တက္ပရိသတ္ေတြဟာ နည္းျပဆုိးလ္ရွားကို အသင္းကေန ထြက္ခြာဖို႔ ဆႏၵရွိေနၾကပါတယ္။

Photo Credit ; PA

ယူႏိုက္တက္ဟာ တနဂၤေႏြေန႔ညက ၀က္စ္ဟမ္းကို အေ၀းကြင္းမွာ ၂-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ရၿပီးေနာက္ ေဒါသထြက္ေပါက္ကြဲေနတဲ့ ယူႏိုက္တက္ပရိသတ္အမ်ားစုက ဆုိးလ္ရွားကို လူမႈမီဒီယာမွာ ျပင္းထန္စြာေ၀ဖန္ေနၾကပါတယ္။

Photo Credit ; Reuters

ယူႏုိက္တက္ဟာ ၾကာသပေတးေန႔က အက္စ္တာနာနဲ႔ ယူ႐ိုပါလိဂ္အုပ္စုအဖြင့္ပြဲမွာလည္း အႏိုင္ရခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္ခဲ့လုိ႔ ေ၀ဖန္ခံေနရခ်ိန္မွာ အခုလိုအေ၀းကြင္းမွာ ဂိုးျပတ္အေရးနိမ့္ခဲ့လုိ႔ နည္းျပဆုိးလ္ရွားလည္း ဖိအားေတြနဲ႔ ပိုမိုရင္ဆိုင္ေနရပါတယ္။

Photo Credit ; Getty Images

ယူႏုိက္တက္ဟာ အဲဒီပြဲအ႐ံႈးေၾကာင့္ အမွတ္ေပးဇယားရဲ႕အဆင့္ ၈ေနရာအထိ က်ဆင္းသြားခဲ့ရၿပီး ရာသီစလုိ႔မွသိပ္မၾကာေသးခင္မွာပဲ ၿမိဳ႕ခံၿပိဳင္ဘက္စီးတီးနဲ႔ ၅ မွတ္အကြာ၊ ခါးသီးၿပိဳင္ဘက္ လီဗာပူးနဲ႔ ၁၀ မွတ္အထိ ကြာဟလ်က္ရွိပါတယ္။

Photo Credit ; Getty Images

ဒီအတြက္ေၾကာင့္လည္း ပရိသတ္ေတြက လူမႈမီဒီယာမွာ ဆုိးလ္ရွားကို ရာထူးကေန ထုတ္ပယ္ဖို႔ #OleOut စစ္ဆင္ေရးအျဖစ္ ေတာင္းဆုိေနၾကတာျဖစ္ပါတယ္။ ”မာတာနဲ႔မာတစ္ကို တစ္ခါတည္းပြဲထုတ္လုိ႔ကေတာ့ ႏိုင္ပြဲေမွ်ာ္လင့္လုိ႔မရဘူး။ #OleOut”

Photo Credit

”ေနာ္ေ၀ကိုယ္ကာယဆရာကို ငါ့အသင္းကေန ထုတ္ေပးၾကပါ#OleOut”။ ”ဘာအတြက္နဲ႔မ်ား လူကာကူကို ေရာင္းခ်ခဲ့ရတာလဲ။ ဒီအသုံးမ၀င္တဲ့ ရက္ရွ္ဖုိ႔ဒ္ကို ဆက္ထိန္းခ်င္လုိ႔မ်ားလား#OleOut”။ ”#OleOut လုိ႔ ေအးေအးေဆးေဆး စေျပာလုိ႔ရၿပီလား”ဆုိၿပီး ယူႏုိက္တက္ပရိသတ္ေတြက သူတုိ႔ရဲ႕ေဒါသကို အသီးသီးဖြင့္ထုတ္သြားပါတယ္။

Photo Credit

Unicode

လူမှုမီဒီယာမှာ နာမည်ကြီးရေပန်းစားလာတဲ့ #OleOut…ဂန္ထဝင်တိုက်စစ်မှူးအပေါ် ယူနိုက်တက်ပရိသတ်တွေ စိတ်ကုန်နေပြီလား

လက်ရှိအချိန် လူမှုမီဒီယာတစ်ခုဖြစ်တဲ့ တွစ်တာမှာ #OleOut ဆိုတဲ့ #စစ်ဆင်ရေးက အတော်လေးနာမည်ကြီးရေပန်းစားနေပြီး ယူနိုက်တက်ပရိသတ်တွေဟာ နည်းပြဆိုးလ်ရှားကို အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေကြပါတယ်။ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညက ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီးနောက် ဒေါသထွက်ပေါက်ကွဲနေတဲ့ ယူနိုက်တက်ပရိသတ်အများစုက ဆိုးလ်ရှားကို လူမှုမီဒီယာမှာ ပြင်းထန်စွာဝေဖန်နေကြပါတယ်။
ယူနိုက်တက်ဟာ ကြာသပတေးနေ့က အက်စ်တာနာနဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲမှာလည်း အနိုင်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့လို့ ဝေဖန်ခံနေရချိန်မှာ အခုလိုအဝေးကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့လို့ နည်းပြဆိုးလ်ရှားလည်း ဖိအားတွေနဲ့ ပိုမိုရင်ဆိုင်နေရပါတယ်။
ယူနိုက်တက်ဟာ အဲဒီပွဲအရှုံးကြောင့် အမှတ်ပေးဇယားရဲ့အဆင့် ၈နေရာအထိ ကျဆင်းသွားခဲ့ရပြီး ရာသီစလို့မှသိပ်မကြာသေးခင်မှာပဲ မြို့ခံပြိုင်ဘက်စီးတီးနဲ့ ၅ မှတ်အကွာ၊ ခါးသီးပြိုင်ဘက် လီဗာပူးနဲ့ ၁၀ မှတ်အထိ ကွာဟလျက်ရှိပါတယ်။
ဒီအတွက်ကြောင့်လည်း ပရိသတ်တွေက လူမှုမီဒီယာမှာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ #OleOut စစ်ဆင်ရေးအဖြစ် တောင်းဆိုနေကြတာဖြစ်ပါတယ်။ ”မာတာနဲ့မာတစ်ကို တစ်ခါတည်းပွဲထုတ်လို့ကတော့ နိုင်ပွဲမျှော်လင့်လို့မရဘူး။ #OleOut”
”နော်ဝေကိုယ်ကာယဆရာကို ငါ့အသင်းကနေ ထုတ်ပေးကြပါ#OleOut”။ ”ဘာအတွက်နဲ့များ လူကာကူကို ရောင်းချခဲ့ရတာလဲ။ ဒီအသုံးမဝင်တဲ့ ရက်ရှ်ဖို့ဒ်ကို ဆက်ထိန်းချင်လို့များလား#OleOut”။ ”#OleOut လို့ အေးအေးဆေးဆေး စပြောလို့ရပြီလား”ဆိုပြီး ယူနိုက်တက်ပရိသတ်တွေက သူတို့ရဲ့ဒေါသကို အသီးသီးဖွင့်ထုတ်သွားပါတယ်။