လင္ဂတ္ထက္ သူပိုေကာင္းတယ္ဆုိတဲ့ Instagram က post ကုိ like လုပ္ခဲ့တဲ့ဖရတ္ဒ္

photo-gettyimages

photo-gettyimages

မန္ယူကြငး္လယ္လူဖရက္ဒ္ဟာ သူ႔ထက္စာရင္ လင္ဂတ္ကိုပဲ ဆက္တုိက္ဦးစားေပးေနတဲ့ နည္းျပဆုိးလ္ရွားရဲ႕ဆုံးျဖတ္ခ်က္ကို မႏွစ္ၿမိဳ႕တဲ့ပုံစံမ်ိဳး လူသိရွင္ၾကားျပဳလုပ္လိုက္မိပါတယ္။ အဲဒါကေတာ့ လင္ဂတ္ထက္ သူကပိုေကာင္းတယ္ဆုိတဲ့ Instagam က ပို႔စ္ကို like လုပ္ခ့ဲတာပါ။ အဲဒီဘရာဇီးသားဟာ ၿပီးခ့ဲတဲ့ႏွစ္ေႏြရာသီအေျပာင္းအေရႊ႕က ေပါင္ ၅၂ သန္းနဲ႔ေရာက္လာခဲ့သူျဖစ္ကာ မန္ယူသမိုင္းတစ္ေလွ်ာက္ ပဥၥမေစ်းအႀကီးဆုံးသူလည္း ျဖစ္ေပမယ့္ ဒီရာသီမွာ တစ္ပြဲတစ္ေလမွေတာင္ ပါ၀င္ခြင့္မရေသးပါဘူး။ ဖရက္ဒ္အေနနဲ႔ အုိးလ္ထရက္ဖို႔ဒ္က သူ႔ရဲ႕ပထမဆုံးရာသီမွာကတည္းက ရုနး္ကန္ခဲ့ရၿပီး ၿပိဳင္ပြဲအရပ္ရပ္ ၂၅ ပြဲသာ ကစားခြင့္ရခဲ့ပါတယ္။

photo-social media

ဖရက္ဒ္ဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလမွာ ဆိုးလ္ရွားေရာက္လာၿပီးေနာက္ပိုင္း ၇ ပြဲသာ ပြဲထြက္ကစားခြင့္ရခဲ့ကာ ဒီရာသီမွာဆုိရင္ မန္ယူရဲ႕ပရီးမီးယားလိဂ္အဖြင့္ ၄ ပြဲစလုံးမွာ အရန္စာရင္းအတြက္ေတာင္ ေရြးခ်ယ္ခံရျခင္းမရွိခဲ့ပါဘူး။ နည္းျပဆုိးလ္ရွားဟာ ဒီရာသီမန္ယူကြင္းလယ္မွာ အေတြ႕အႀကဳံရင့္ေပါ့ဂ္ဘာ၊မာတာတို႔နဲ႔အတူ လူငယ္ေတြျဖစ္ၾကတဲ့ လင္ဂတ္၊တြမ္မီေနး၊ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ ပါရဲရားတို႔ကိုသာ အလွည့္က်သုံးစြဲေနတာပါ။ ဒီထဲမွာ ေျခစြမ္းအရ ေ၀ဖန္ျခငး္ခံေနရတဲ့လင္ဂတ္ဟာ ရာသီအစ ၄ ပြဲစလုံးကို ပါ၀င္ခြင့္ရခဲ့ၿပီး အဲဒီထဲမွာ ၃ ပြဲက ပြဲထြက္အေနနဲ႔ျဖစ္ၿပီး ၁ ပြဲပဲ လူစား၀င္အေနနဲ႔ ပါ၀င္ခဲ့တာပါ။

photo-gettyimages

ဒါကုိ သည္းမခံႏိုင္ေတာ့ပုံေပါက္တဲ့ဖရက္ဒ္ဟာ ေနာက္ဆုံးေရြးခ်ယ္ျခင္းမခံရတဲ့ ေဆာက္သမ္တန္နဲ႔ပြဲအၿပီး Instagram က မန္ယူရဲ႕ယူရုိပါလိဂ္အုပ္စုကိုျပတဲ့ ပို႔စ္တစ္ခုက ပရိသတ္တစ္ေယာက္ရဲ႕ ‘ဖရက္ဒ္က လင္ဂတ္ထက္ပိုေကာင္းတယ္’ ဆုိတဲ့ comment ကုိ like ေပးခဲ့တာပါ။ သူ႔ရဲ႕မေက်နပ္ခ်က္ကိုေဖာ္ျပဖို႔အတြက္ Instagram ကိုအသုံးခ်တဲ့ေနရာမွာ ဖရက္ဒ္ဟာ ပထမဆုံးမန္ယူကစားသမားေတာ့ မဟုတ္ပါဘူး။ မၾကာေသးခင္ကလည္း ကြင္းလယ္လူမာတစ္ဟာ သူ႔ရဲ႕ပြဲကစားခြင့္နည္းပါးေနမႈအတြက္ နည္းျပဆုိးလ္ရွားကို ေ၀ဖန္ပုံရတဲ့ Instagram ပုိ႔စ္တစ္ခုကို like လုပ္ခဲ့ပါေသးတယ္။

[Unicode]

မန်ယူကွင်းလယ်လူဖရက်ဒ်ဟာ သူ့ထက်စာရင် လင်ဂတ်ကိုပဲ ဆက်တိုက်ဦးစားပေးနေတဲ့ နည်းပြဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက်ကို မနှစ်မြို့တဲ့ပုံစံမျိုး လူသိရှင်ကြားပြုလုပ်လိုက်မိပါတယ်။ အဲဒါကတော့ လင်ဂတ်ထက် သူကပိုကောင်းတယ်ဆိုတဲ့ Instagam က ပို့စ်ကို like လုပ်ခဲ့တာပါ။ အဲဒီဘရာဇီးသားဟာ ပြီးခဲ့တဲ့နှစ်နွေရာသီအပြောင်းအရွှေ့က ပေါင် ၅၂ သန်းနဲ့ရောက်လာခဲ့သူဖြစ်ကာ မန်ယူသမိုင်းတစ်လျှောက် ပဉ္စမဈေးအကြီးဆုံးသူလည်း ဖြစ်ပေမယ့် ဒီရာသီမှာ တစ်ပွဲတစ်လေမှတောင် ပါဝင်ခွင့်မရသေးပါဘူး။ ဖရက်ဒ်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်က သူ့ရဲ့ပထမဆုံးရာသီမှာကတည်းက ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲအရပ်ရပ် ၂၅ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။

ဖရက်ဒ်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ဆိုးလ်ရှားရောက်လာပြီးနောက်ပိုင်း ၇ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ကာ ဒီရာသီမှာဆိုရင် မန်ယူရဲ့ပရီးမီးယားလိဂ်အဖွင့် ၄ ပွဲစလုံးမှာ အရန်စာရင်းအတွက်တောင် ရွေးချယ်ခံရခြင်းမရှိခဲ့ပါဘူး။ နည်းပြဆိုးလ်ရှားဟာ ဒီရာသီမန်ယူကွင်းလယ်မှာ အတွေ့အကြုံရင့်ပေါ့ဂ်ဘာ၊မာတာတို့နဲ့အတူ လူငယ်တွေဖြစ်ကြတဲ့ လင်ဂတ်၊တွမ်မီနေး၊ဒန်နီရယ်ဂျိမ်းစ်နဲ့ ပါရဲရားတို့ကိုသာ အလှည့်ကျသုံးစွဲနေတာပါ။ ဒီထဲမှာ ခြေစွမ်းအရ ဝေဖန်ခြင်းခံနေရတဲ့လင်ဂတ်ဟာ ရာသီအစ ၄ ပွဲစလုံးကို ပါဝင်ခွင့်ရခဲ့ပြီး အဲဒီထဲမှာ ၃ ပွဲက ပွဲထွက်အနေနဲ့ဖြစ်ပြီး ၁ ပွဲပဲ လူစားဝင်အနေနဲ့ ပါဝင်ခဲ့တာပါ။

ဒါကို သည်းမခံနိုင်တော့ပုံပေါက်တဲ့ဖရက်ဒ်ဟာ နောက်ဆုံးရွေးချယ်ခြင်းမခံရတဲ့ ဆောက်သမ်တန်နဲ့ပွဲအပြီး Instagram က မန်ယူရဲ့ယူရိုပါလိဂ်အုပ်စုကိုပြတဲ့ ပို့စ်တစ်ခုက ပရိသတ်တစ်ယောက်ရဲ့ ‘ဖရက်ဒ်က လင်ဂတ်ထက်ပိုကောင်းတယ်’ ဆိုတဲ့ comment ကို like ပေးခဲ့တာပါ။ သူ့ရဲ့မကျေနပ်ချက်ကိုဖော်ပြဖို့အတွက် Instagram ကိုအသုံးချတဲ့နေရာမှာ ဖရက်ဒ်ဟာ ပထမဆုံးမန်ယူကစားသမားတော့ မဟုတ်ပါဘူး။ မကြာသေးခင်ကလည်း ကွင်းလယ်လူမာတစ်ဟာ သူ့ရဲ့ပွဲကစားခွင့်နည်းပါးနေမှုအတွက် နည်းပြဆိုးလ်ရှားကို ဝေဖန်ပုံရတဲ့ Instagram ပို့စ်တစ်ခုကို like လုပ်ခဲ့ပါသေးတယ်။