လက္ရွိနည္းျပကို ခ်ီးက်ဴးရင္း ဆုိးလ္ရွားကိုပါ သာသာနဲ႔ နာနာေလးထိုးႏွက္လုိက္တဲ့ လူကာကူ

Photo Credit ; AFP

Photo Credit

အင္တာမီလန္အသင္းတုိက္စစ္မွဴး လူကာကူဟာ နည္းျပကြန္တီကို အေလးထားခ်ီးက်ဴးလုိက္ရင္း မိမိအေနနဲ႔ ကိုယ့္ကို အသိအမွတ္ျပဳတဲ့နည္းျပရဲ႕လက္ေအာက္မွာ ရွင္သန္ေနၿပီျဖစ္ေၾကာင္း ေျပာၾကားလုိက္ျခင္းျဖင့္ ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားကို ေ၀ဖန္သြားပါတယ္။

Photo Credit

ဘယ္လ္ဂ်ီယံလက္ေရြးစင္ လူကာကူဟာ ၿပီးခဲ့တဲ့ေႏြရာသီက ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ယူႏုိက္တက္ကေန အင္တာမီလန္ကို ေရာက္ရွိလာၿပီးခ်ိန္ကတည္းက ဂိုးျမဴးေနၿပီး စေနညက ေအစီမီလန္ကို ၀-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့မီလန္ဒါဘီပြဲမွာလည္း ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit

အခုဆုိရင္ လူကာကူဟာ အင္တာမီလန္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၆ပြဲမွာ ၄ဂိုးသြင္းယူထားၿပီးျဖစ္ကာ အသင္းကလည္း ရာႏႈန္းျပည့္ႏိုင္ပဲြနဲ႔အတူ စီးရီးေအအမွတ္ေပးဇယားကို ဦးေဆာင္ေနၿပီး လက္ရွိခ်န္ပီယံဂ်ဴဗင္တပ္စ္ကို အဓိကစိန္ေခၚမယ့္အသင္းအျဖစ္ သတ္မွတ္ခံထားရပါတယ္။

Photo Credit

အီတလီနည္းျပေဟာင္း ကြန္တီဟာ ခ်ဲလ္ဆီးအသင္းကို ကုိင္တြယ္ခဲ့စဥ္ကတည္းက လူကာကူကို ေခၚယူဖုိ႔ ႀကိဳးစားခဲ့ဖူးၿပီး ၂၀၁၉ ေႏြရာသီမွာလည္း သူ႕ကို ေခၚယူဖို႔ပဲ အဓိကထားႀကိဳးစားခဲ့ပါတယ္။

Photo Credit

ေျပာင္းျပန္အားျဖင့္ ယူႏုိက္တက္နည္းျပဆုိးလ္ရွားကေတာ့ ၿပီးခဲ့တဲ့ေႏြရာသီတစ္ေလွ်ာက္လုံး လူကာကူကို ေရာင္းခ်ႏိုင္ေရးပဲ ဦးစားေပးခဲ့ၿပီး သူ႕ရဲ႕ျမန္ႏႈန္းျမင့္ကစားဟန္မွာ လူကာကူက အံမ၀င္ေၾကာင္း အတိအလင္းေျပာၾကားခဲ့ပါတယ္။

Photo Credit

”ကၽြန္ေတာ္နဲ႔ကြန္တီၾကားက ဆက္ဆံေရးကေတာ့ အေတာ္ေလးေကာင္းပါတယ္။ သူက ကၽြန္ေတာ့္ကို တကယ္ပဲကူညီေနတဲ့နည္းျပပါ။ အသက္ ၂၆ႏွစ္အရြယ္ေရာက္လာၿပီျဖစ္လုိ႔ ကၽြန္ေတာ္လည္း ဒီလုိနည္းျပမ်ိဳးနဲ႔ တကယ္ပဲလက္တြဲခ်င္ခဲ့တာပါ။ သူက ကၽြန္ေတာ့္ကို ေန႔တုိင္းကူညီေပးေနသလုိ တြန္းအားလည္း ေပးေနပါတယ္”

Photo Credit

”အင္တာမီလန္မွာကစားရတာအျပင္ သူနဲ႔လက္တြဲလုပ္ေဆာင္ရတာကိုလည္း အရမ္းေပ်ာ္ပါတယ္။ မီလန္ဒါဘီပြဲက ကၽြန္ေတာ္တုိ႔အတြက္ တကယ့္ကိုအေရးပါတဲ့ပြဲျဖစ္ေပမယ့္ ေနာက္ထပ္ပြဲက်ပ္အျဖစ္ လာဇီယိုနဲ႔ကစားရပါဦးမယ္။ ကြန္တီက ကၽြန္ေတာ့္ကိုလည္း အသိအမွတ္ျပဳပါတယ္”လုိ႔ လူကာကူက ေျပာပါတယ္။

Photo Credit

ဆက္လက္ၿပီး ကြန္တီကလည္း ”လူကာကူက အသင္းအတြက္ အမ်ားႀကီးအက်ိဳးရွိေစႏိုင္မွာေသခ်ာပါတယ္။ သူ႕ကိုလည္း ဒီအတုိင္း ေျပာခဲ့ပါတယ္။ တကယ္လု႔ိ သူနဲ႔အတူ လက္တြဲညီညီအလုပ္လုပ္ႏိုင္ခဲ့ရင္ လူကာကူက မရွိမျဖစ္အေရးပါသူျဖစ္လာမွာပါ”လုိ႔ လူကာကူကုိ ခ်ီးက်ဴးခဲ့ပါတယ္။

Photo Credit

Unicode

လက်ရှိနည်းပြကို ချီးကျူးရင်း ဆိုးလ်ရှားကိုပါ သာသာနဲ့ နာနာလေးထိုးနှက်လိုက်တဲ့ လူကာကူ

အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူဟာ နည်းပြကွန်တီကို အလေးထားချီးကျူးလိုက်ရင်း မိမိအနေနဲ့ ကိုယ့်ကို အသိအမှတ်ပြုတဲ့နည်းပြရဲ့လက်အောက်မှာ ရှင်သန်နေပြီဖြစ်ကြောင်း ပြောကြားလိုက်ခြင်းဖြင့် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကို ဝေဖန်သွားပါတယ်။
ဘယ်လ်ဂျီယံလက်ရွေးစင် လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ယူနိုက်တက်ကနေ အင်တာမီလန်ကို ရောက်ရှိလာပြီးချိန်ကတည်းက ဂိုးမြူးနေပြီး စနေညက အေစီမီလန်ကို ဝ-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့မီလန်ဒါဘီပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အခုဆိုရင် လူကာကူဟာ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၆ပွဲမှာ ၄ဂိုးသွင်းယူထားပြီးဖြစ်ကာ အသင်းကလည်း ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နေပြီး လက်ရှိချန်ပီယံဂျူဗင်တပ်စ်ကို အဓိကစိန်ခေါ်မယ့်အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။
အီတလီနည်းပြဟောင်း ကွန်တီဟာ ချဲလ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဉ်ကတည်းက လူကာကူကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး ၂၀၁၉ နွေရာသီမှာလည်း သူ့ကို ခေါ်ယူဖို့ပဲ အဓိကထားကြိုးစားခဲ့ပါတယ်။
ပြောင်းပြန်အားဖြင့် ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ ပြီးခဲ့တဲ့နွေရာသီတစ်လျှောက်လုံး လူကာကူကို ရောင်းချနိုင်ရေးပဲ ဦးစားပေးခဲ့ပြီး သူ့ရဲ့မြန်နှုန်းမြင့်ကစားဟန်မှာ လူကာကူက အံမဝင်ကြောင်း အတိအလင်းပြောကြားခဲ့ပါတယ်။
”ကျွန်တော်နဲ့ကွန်တီကြားက ဆက်ဆံရေးကတော့ အတော်လေးကောင်းပါတယ်။ သူက ကျွန်တော့်ကို တကယ်ပဲကူညီနေတဲ့နည်းပြပါ။ အသက် ၂၆နှစ်အရွယ်ရောက်လာပြီဖြစ်လို့ ကျွန်တော်လည်း ဒီလိုနည်းပြမျိုးနဲ့ တကယ်ပဲလက်တွဲချင်ခဲ့တာပါ။ သူက ကျွန်တော့်ကို နေ့တိုင်းကူညီပေးနေသလို တွန်းအားလည်း ပေးနေပါတယ်”
”အင်တာမီလန်မှာကစားရတာအပြင် သူနဲ့လက်တွဲလုပ်ဆောင်ရတာကိုလည်း အရမ်းပျော်ပါတယ်။ မီလန်ဒါဘီပွဲက ကျွန်တော်တို့အတွက် တကယ့်ကိုအရေးပါတဲ့ပွဲဖြစ်ပေမယ့် နောက်ထပ်ပွဲကျပ်အဖြစ် လာဇီယိုနဲ့ကစားရပါဦးမယ်။ ကွန်တီက ကျွန်တော့်ကိုလည်း အသိအမှတ်ပြုပါတယ်”လို့ လူကာကူက ပြောပါတယ်။
ဆက်လက်ပြီး ကွန်တီကလည်း ”လူကာကူက အသင်းအတွက် အများကြီးအကျိုးရှိစေနိုင်မှာသေချာပါတယ်။ သူ့ကိုလည်း ဒီအတိုင်း ပြောခဲ့ပါတယ်။ တကယ်လု့ိ သူနဲ့အတူ လက်တွဲညီညီအလုပ်လုပ်နိုင်ခဲ့ရင် လူကာကူက မရှိမဖြစ်အရေးပါသူဖြစ်လာမှာပါ”လို့ လူကာကူကို ချီးကျူးခဲ့ပါတယ်။