ရုပ္ပ်က္ဆင္းပ်က္ျဖစ္ခဲ့ရတဲ့ အန္ဒိုရာရဲ႕ လူကၽြံေဘာဖမ္းကစားပံု

0
8709

ယူရို 2020 ေျခစစ္ပြဲတစ္ပြဲျဖစ္တဲ့ အန္ဒိုရာ နဲ႔ တူရကီတို႔ရင္ဆိုင္ကစားခဲ့တဲ့ပြဲမွာ အသင္းငယ္ေလး အန္ဒိုရာရဲ႕ လူကၽြံေဘာဖမ္းကစားပံုက ေဘာလံုးေလာကမွာ ျမင္ရခဲေလာက္ေအာင္ ဆိုးရြားခဲ့ပါတယ္။ အဲဒီပြဲမွာ တူရကီက ကမာၻ႔အဆင့္ 136 ရိွတဲ့ အန္ဒိုရာကို ပြဲၿပီးခါနီး 89 မိနစ္မွာ သြင္းယူခဲ့တဲ့ တူဖန္ရဲ႕ ဂိုးေၾကာင့္ 1-0 ဂိုးနဲ႔သာ အႏုိင္ယူႏုိင္ခဲ့ပါတယ္။

ယူရိုေျခစစ္ပြဲ အုပ္စု H ပြဲစဥ္အျဖစ္ တူရကီက အိမ္ကြင္းမွာ အန္ဒိုရာကို ရင္ဆိုင္ခဲ့ရာမွာ ပြဲခိ်န္အေစာပိုင္းမိနစ္ေတြကတည္းက ဦးေဆာင္ဂိုးေတြရသင့္တဲ့ အခြင့္အေရးေတြရရိွခဲ့ေပမယ့္ အန္ဒိုရာရဲ႕ ေဖာင္ဖ်က္ကစားပံုေၾကာင့္ အခြင့္အေရးေတြကို အသံုးမခ်ႏုိင္ခဲ့လို႔ ပထမပိုင္းၿပီးခ်ိန္အထိ ဂိုးမရိွသေရက်ေနခဲ့တာပါ။

ဒုတိယပိုင္းစၿပီး 5 မိနစ္အၾကာမွာေတာ့ တူရကီအသင္းရရိွတဲ့ ဖရီးကစ္ကန္ခ်က္ကို အန္ဒိုရာကစားသမားေတြက ႀကိဳတင္ေလ့က်င့္ထားတဲ့အတိုင္း လူကၽြံေဘာဖမ္းကစားခဲ့ရာမွာ သူတုိ႔ကစားပံုက ၾကည့္ရဆိုးရေလာက္ေအာင္ ဆိုးဆိုးရြာရြားကိုျဖစ္ခဲ့တာပဲျဖစ္ပါတယ္။

 

လူကၽြံေဘာဖမ္းကစားတယ္ဆိုရာမွာ အသင္းသားေတြ အခ်ိတ္အဆက္မိမိ နားလည္မႈရိွရိွနဲ႔ ခ်ိန္ကိုက္လုပ္ေဆာင္ရတာျဖစ္ေပမယ့္ အန္ဒိုရာအသင္းရဲ႕ လူကၽြံေဘာဖမ္းကစားပံုကေတာ့ ထူးျခားေနခဲ့ၿပီး ကစားသမားေတြအားလံုး ေရွ႕ကို ေျပးတက္သြားခဲ့ၾကတာျဖစ္ပါတယ္။

အန္ဒိုရာကစားသမားေတြအားလံုး ေရွ႕ကို ေျပးတက္သြားခဲ့ၾကလို႔ တူရကီကစားသမား 5 ဦးအထိ လူကၽြံအေနအထားနဲ႔ က်န္ရစ္ေနခဲ့ေပမယ့္ တူရကီေနာက္ခံလူဆိုယန္ကူကေတာ့ လူမကၽြံဘဲ သူ႔ဆီကို ေဘာလံုးက ေရာက္ရိွသြားလို႔ အန္ဒိုရာအသင္းရဲ႕ လူကၽြံေဘာဖမ္းကစားပံုဟာ အေတာ္ေလး ရုပ္ပ်က္ဆင္းပ်က္ျဖစ္သြားခဲ့ရပါတယ္။

လက္စတာေနာက္ခံလူ ဆိုယန္ကူဟာ ေဘာလံုးကို ရင္ဘတ္နဲ႔တစ္ခ်က္ထိန္းၿပီး အန္ဒိုရာဂိုးသမား ဂ်ိဳဆက္ဂိုမက္စ္ကို ေက်ာ္ခ်ၿပီး ဂိုးသြင္းဖုိ႔ ႀကိဳးစားခဲ့ရာမွာေတာ့ အန္ဒိုရာေနာက္ခံလူ လီမက္စ္ အလ်င္အျမန္ျပန္ဆင္းလာၿပီး ဂိုးထဲ ၀င္လု၀င္ဆဲျဖစ္ေနတဲ့ ေဘာလံုးကို အခ်ိန္မီဖ်က္ထုတ္ႏုိင္ခဲ့လို႔ တူရကီအသင္း ဂိုးမရခဲ့တာျဖစ္ပါတယ္။

အဲဒီအေနအထားမွာ တူရကီတုိက္စစ္မွဴး တြန္ေကးဆန္လီကလည္း လူမကၽြံတဲ့အေနအထားျဖစ္ေနၿပီး ဆိုယန္ကူအေနနဲ႔ ေဘာလံုးမေပးဘဲ ဂိုးသြင္းဖုိ႔ ႀကိဳးစားခဲ့တဲ့အေပၚ တြန္ေကးဆန္လီ ေဒါသထြက္ခဲ့ရပါတယ္။

[Unicode]

ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတဲ့ အန်ဒိုရာရဲ့ လူကျွံဘောဖမ်းကစားပုံ
=================================
ယူရို 2020 ခြေစစ်ပွဲတစ်ပွဲဖြစ်တဲ့ အန်ဒိုရာ နဲ့ တူရကီတို့ရင်ဆိုင်ကစားခဲ့တဲ့ပွဲမှာ အသင်းငယ်လေး အန်ဒိုရာရဲ့ လူကျွံဘောဖမ်းကစားပုံက ဘောလုံးလောကမှာ မြင်ရခဲလောက်အောင် ဆိုးရွားခဲ့ပါတယ်။ အဲဒီပွဲမှာ တူရကီက ကမ္ဘာ့အဆင့် 136 ရှိတဲ့ အန်ဒိုရာကို ပွဲပြီးခါနီး 89 မိနစ်မှာ သွင်းယူခဲ့တဲ့ တူဖန်ရဲ့ ဂိုးကြောင့် 1-0 ဂိုးနဲ့သာ အနိုင်ယူနိုင်ခဲ့ပါတယ်။

ယူရိုခြေစစ်ပွဲ အုပ်စု H ပွဲစဉ်အဖြစ် တူရကီက အိမ်ကွင်းမှာ အန်ဒိုရာကို ရင်ဆိုင်ခဲ့ရာမှာ ပွဲချိန်အစောပိုင်းမိနစ်တွေကတည်းက ဦးဆောင်ဂိုးတွေရသင့်တဲ့ အခွင့်အရေးတွေရရှိခဲ့ပေမယ့် အန်ဒိုရာရဲ့ ဖောင်ဖျက်ကစားပုံကြောင့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းပြီးချိန်အထိ ဂိုးမရှိသရေကျနေခဲ့တာပါ။

ဒုတိယပိုင်းစပြီး 5 မိနစ်အကြာမှာတော့ တူရကီအသင်းရရှိတဲ့ ဖရီးကစ်ကန်ချက်ကို အန်ဒိုရာကစားသမားတွေက ကြိုတင်လေ့ကျင့်ထားတဲ့အတိုင်း လူကျွံဘောဖမ်းကစားခဲ့ရာမှာ သူတို့ကစားပုံက ကြည့်ရဆိုးရလောက်အောင် ဆိုးဆိုးရွာရွားကိုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

လူကျွံဘောဖမ်းကစားတယ်ဆိုရာမှာ အသင်းသားတွေ အချိတ်အဆက်မိမိ နားလည်မှုရှိရှိနဲ့ ချိန်ကိုက်လုပ်ဆောင်ရတာဖြစ်ပေမယ့် အန်ဒိုရာအသင်းရဲ့ လူကျွံဘောဖမ်းကစားပုံကတော့ ထူးခြားနေခဲ့ပြီး ကစားသမားတွေအားလုံး ရှေ့ကို ပြေးတက်သွားခဲ့ကြတာဖြစ်ပါတယ်။

အန်ဒိုရာကစားသမားတွေအားလုံး ရှေ့ကို ပြေးတက်သွားခဲ့ကြလို့ တူရကီကစားသမား 5 ဦးအထိ လူကျွံအနေအထားနဲ့ ကျန်ရစ်နေခဲ့ပေမယ့် တူရကီနောက်ခံလူဆိုယန်ကူကတော့ လူမကျွံဘဲ သူ့ဆီကို ဘောလုံးက ရောက်ရှိသွားလို့ အန်ဒိုရာအသင်းရဲ့ လူကျွံဘောဖမ်းကစားပုံဟာ အတော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့ရပါတယ်။

လက်စတာနောက်ခံလူ ဆိုယန်ကူဟာ ဘောလုံးကို ရင်ဘတ်နဲ့တစ်ချက်ထိန်းပြီး အန်ဒိုရာဂိုးသမား ဂျိုဆက်ဂိုမက်စ်ကို ကျော်ချပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့ရာမှာတော့ အန်ဒိုရာနောက်ခံလူ လီမက်စ် အလျင်အမြန်ပြန်ဆင်းလာပြီး ဂိုးထဲ ဝင်လုဝင်ဆဲဖြစ်နေတဲ့ ဘောလုံးကို အချိန်မီဖျက်ထုတ်နိုင်ခဲ့လို့ တူရကီအသင်း ဂိုးမရခဲ့တာဖြစ်ပါတယ်။

အဲဒီအနေအထားမှာ တူရကီတိုက်စစ်မှူး တွန်ကေးဆန်လီကလည်း လူမကျွံတဲ့အနေအထားဖြစ်နေပြီး ဆိုယန်ကူအနေနဲ့ ဘောလုံးမပေးဘဲ ဂိုးသွင်းဖို့ ကြိုးစားခဲ့တဲ့အပေါ် တွန်ကေးဆန်လီ ဒေါသထွက်ခဲ့ရပါတယ်။