ရာႏႈန္းျပည့္ႏိုင္ပြဲေၾကာင့္ အင္တာနဲ႔ကလပ္စံခ်ိန္တစ္ခုရသြားတဲ့ ကြန္တီ

photo-gettyimages

photo-gettyimages

ၾကားရက္စီးရီးေအပြဲစဥ္မွာ လာဇီယိုကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ အင္တာမီလန္ဟာ ဒီရာသီစီးရီးေအမွာ ရာႏႈနး္ျပည့္အႏိုင္ရေနမႈကို ဆက္ထိန္းႏိုင္ခဲ့ၿပီး အဲဒီအတြက္လည္း ကြန္တီဟာ ဦးဆုံးစီးရီးေအ ၅ ပြဲကိုအႏိုင္ရတဲ့ ပထမဆုံးအင္တာမီလန္နည္းျပျဖစ္လာခဲ့ပါတယ္။ အင္တာဟာ လာဇီယိုနဲ႔ပြဲမွာ ပထမပိုင္းအတြင္း အမ္ဘရိုစီယုိေခါင္းတုိက္သြင္းတဲ့တစ္လုံးေသာဂိုးနဲ႔အႏိုင္ရခဲ့တာပါ။ ဒါေၾကာင့္လည္း ၅ ပြဲကစား ရမွတ္ ၁၅ မွတ္နဲ႔ စီးရီးေအအမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။

photo-gettyimages

”အရမ္းေတာင့္တင္းတဲ့အသင္းတစ္သင္းကိုအႏိုင္ရခဲ့တာျဖစ္ၿပီး ခက္ခဲခဲ့သလို အေရးပါတဲ့ႏိုင္ပြဲလည္း ျဖစ္ခဲ့တာပါ။ ကၽြန္ေတာ္တုိ႔ အလြယ္တကူရခဲ့တဲ့ ၃ မွတ္မဟုတ္ပါဘူး။ ၅ ပြဲဆက္အႏိုင္ဆိုတာ တိုက္ဆိုင္မႈမဟုတ္ပါဘူး။ ကၽြန္ေတာ္တုိ႔ အမ်ားႀကီးရင့္က်က္ရဦးမွာျဖစ္ေပမယ့္ မွန္ကန္တဲ့စိတ္ပိုုင္းဆုိင္ရာေတာ့ ရရွိေနတာပါ”လို႔ အင္တာနည္းျပကြန္တီက လာဇီယုိနဲ႔ပြဲအၿပီးမွာ ေျပာခဲ့တာပါ။ တကယ္လည္း အဲဒီမွာ အင္တာဟာ လာဇီယိုကိုခက္ခက္ခဲခဲႏိုင္ခဲ့တာျဖစ္ၿပီး ဂိုးသမားဟန္ဒါႏိုဗစ္အေနနဲ႔ လက္စြမ္းျပကာကြယ္မႈ ၂ ႀကိမ္ျပဳလုပ္ခဲ့ရပါတယ္။

photo-gettyimages

ဒီရာသီေရာက္မွ အင္တာကိုစတင္ကိုင္တြယ္ခဲ့တဲ့ ကြန္တီဟာ အသင္းေဟာင္းဂ်ဴဗင္တပ္နဲ႔တုန္းက စီးရီးေအခ်န္ပီယံဆုကို ၃ ႏွစ္ဆက္ရရွိခဲ့ဖူးပါတယ္။ ဒါ့အျပင္ ကြန္တီဟာ ခ်ဲလ္ဆီးကိုကိုင္တြယ္စဥ္ကလည္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုကိုင္ေျမွာက္ခဲ့ဖူးပါတယ္။ အခု အင္တာနဲ႔လည္း အမွတ္ေပးခ်န္ပီယံေအာင္ျမင္မႈရရွိႏိုင္ဦးမလားလို႔ စိတ္၀င္တစားေစာင့္ၾကည့္ျခင္းခံေနရပါတယ္။ အင္တာဟာ စီးရီးေအမွာ ေနာက္ဆုံးခ်န္ပီယံျဖစ္ခဲ့တာက ၂၀၀၉-၁၀ ရာသီမွာပါ။

[Unicode]

ကြားရက်စီးရီးအေပွဲစဉ်မှာ လာဇီယိုကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် အင်တာမီလန်ဟာ ဒီရာသီစီးရီးအေမှာ ရာနှုန်းပြည့်အနိုင်ရနေမှုကို ဆက်ထိန်းနိုင်ခဲ့ပြီး အဲဒီအတွက်လည်း ကွန်တီဟာ ဦးဆုံးစီးရီးအေ ၅ ပွဲကိုအနိုင်ရတဲ့ ပထမဆုံးအင်တာမီလန်နည်းပြဖြစ်လာခဲ့ပါတယ်။ အင်တာဟာ လာဇီယိုနဲ့ပွဲမှာ ပထမပိုင်းအတွင်း အမ်ဘရိုစီယိုခေါင်းတိုက်သွင်းတဲ့တစ်လုံးသောဂိုးနဲ့အနိုင်ရခဲ့တာပါ။ ဒါကြောင့်လည်း ၅ ပွဲကစား ရမှတ် ၁၅ မှတ်နဲ့ စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

”အရမ်းတောင့်တင်းတဲ့အသင်းတစ်သင်းကိုအနိုင်ရခဲ့တာဖြစ်ပြီး ခက်ခဲခဲ့သလို အရေးပါတဲ့နိုင်ပွဲလည်း ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ အလွယ်တကူရခဲ့တဲ့ ၃ မှတ်မဟုတ်ပါဘူး။ ၅ ပွဲဆက်အနိုင်ဆိုတာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ကျွန်တော်တို့ အများကြီးရင့်ကျက်ရဦးမှာဖြစ်ပေမယ့် မှန်ကန်တဲ့စိတ်ပိုင်းဆိုင်ရာတော့ ရရှိနေတာပါ”လို့ အင်တာနည်းပြကွန်တီက လာဇီယိုနဲ့ပွဲအပြီးမှာ ပြောခဲ့တာပါ။ တကယ်လည်း အဲဒီမှာ အင်တာဟာ လာဇီယိုကိုခက်ခက်ခဲခဲနိုင်ခဲ့တာဖြစ်ပြီး ဂိုးသမားဟန်ဒါနိုဗစ်အနေနဲ့ လက်စွမ်းပြကာကွယ်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရပါတယ်။

ဒီရာသီရောက်မှ အင်တာကိုစတင်ကိုင်တွယ်ခဲ့တဲ့ ကွန်တီဟာ အသင်းဟောင်းဂျူဗင်တပ်နဲ့တုန်းက စီးရီးအေချန်ပီယံဆုကို ၃ နှစ်ဆက်ရရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် ကွန်တီဟာ ချဲလ်ဆီးကိုကိုင်တွယ်စဉ်ကလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကိုကိုင်မြှောက်ခဲ့ဖူးပါတယ်။ အခု အင်တာနဲ့လည်း အမှတ်ပေးချန်ပီယံအောင်မြင်မှုရရှိနိုင်ဦးမလားလို့ စိတ်ဝင်တစားစောင့်ကြည့်ခြင်းခံနေရပါတယ်။ အင်တာဟာ စီးရီးအေမှာ နောက်ဆုံးချန်ပီယံဖြစ်ခဲ့တာက ၂၀၀၉-၁၀ ရာသီမှာပါ။