
Photo Credit

Photo Credit

လီဗာပူးတိုက်စစ်မှူးတွေဖြစ်တဲ့ မိုဟာမက်ဆာလာနဲ့ ဆာဒီယိုမာနေးတို့ဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် ၁ ပွဲဖြစ်တဲ့ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ အီဂျစ်သားက မာနေးကို ဘောလုံးပေးပို့ခြင်း မရှိဘဲ တစ်ကိုယ်တော် အဆုံးသတ်ဖို့ ကြိုးစားခဲ့တာကြောင့် မာနေးက ဆာလာကို လက်ညိုးထိုးပြီး ဒေါသထွက်ကာ တစ်ဦးနဲ့တစ်ဦး မကျေလည်မှုလေးတွေ ရှိခဲ့ကြပါတယ်။

Photo Credit


Photo Credit

အဆိုပါ ဗီဒီယိုမှာ ကစ်နီယို့စ်ရဲ့သားဖြစ်သူ မက်စ်ဝဲလ်နဲ့ သူငယ်ချင်းဖြစ်သူ ဖင်နီဂန်တို့ဟာ နယူးယော့ခ်မြို့ရဲ့လမ်းမပေါ်မှာ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး တစ်ဦးနဲ့တစ်ဦး ပြေးလွှား ပွေ့ဖက်ကာ ပျော်ရွှင်စွာ ဆော့ကစားခဲ့ကြပါတယ်။

Photo Credit

ဒီဗီဒီယိုနဲ့ ပက်သတ်ပြီး မစ္စတာကစ်နီယို့စ်က ” ဒီဖြစ်ရပ်က ရိုးစင်းပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့သားသမီးတွေဟာ နိုင်ငံအတွက်ရော ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာမြေကြီး အတွက်ပါ အရေးပါတဲ့ နိုင်ငံ့သားကောင်းလေးတွေပါ။ ဒါက ကြီးမားတဲ့ ကိစ္စရပ်တစ်ခုပါပဲ ၊ ကျွန်တော်တို့ အချစ်တွေကို တိုးပွားလာအောင် လုပ်ဆောင်ရပါမယ်””ကလေးငယ်တွေကို ဂရုတစိုက် ပြုစု ပျိုးထောင်ကြရမယ်၊ သူတို့က ကမ္ဘာကြီးအတွက် မျှော်လင့်ချက် တစ်စုံတစ်ရာ ပေးစွမ်းနိုင်မယ့် သူရဲကောင်းလေးတွေပဲလေ”လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit


Photo Credit


Photo Credit

Unicode

ရယ်စရာဗီဒီယိုဖိုင်လေးတင်ရင်း သူနဲ့မာနေးကြား ရင်းနှီးတဲ့ဆက်ဆံရေးကို ပြောပြသွားတဲ့ ဆာလာ

လီဗာပူးတိုက်စစ်မှူးတွေဖြစ်တဲ့ မိုဟာမက်ဆာလာနဲ့ ဆာဒီယိုမာနေးတိ့ုဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် ၁ ပွဲဖြစ်တဲ့ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ အီဂျစ်သားက မာနေးကို ဘောလုံးပေးပို့ခြင်း မရှိဘဲ တစ်ကိုယ်တော် အဆုံးသတ်ဖို့ ကြိုးစားခဲ့တာကြောင့် မာနေးက ဆာလာကို လက်ညိုးထိုးပြီး ဒေါသထွက်ကာ တစ်ဦးနဲ့တစ်ဦး မကျေလည်မှုလေးတွေ ရှိခဲ့ကြပါတယ်။
ဒါပေမဲ့ ယမန်နေ့ကတော့ ဆာလာက သူတို့ ၂ ဦးရဲ့နားလည်မှု လွဲမှားခဲ့တာကို ပြေပျောက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးငယ်နှစ်ဦး နယူးယော့ခ် လမ်းမပေါ်မှာ မမျှော်လင့်ဘဲ တွေ့ဆုံကြပြီး ကြည်နူးဖွယ်ရာဗီဒီယိုမှာ သူနဲ့ မာနေးတို့ရဲ့ရုပ်ပုံကို Edit လုပ်ပြီး ပို့စ်တင်ခဲ့ပါတယ်။ မူလဗီဒီယိုကိုတော့ ဒီအပတ်အစောပိုင်းက မိုက်ကယ် ကစ်နီယို့စ် ဆိုတဲ့ အကောင့်ပိုင်ရှင်က တင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဗီဒီယိုမှာ ကစ်နီယို့စ်ရဲ့သားဖြစ်သူ မက်စ်ဝဲလ်နဲ့ သူငယ်ချင်းဖြစ်သူ ဖင်နီဂန်တိ့ုဟာ နယူးယော့ခ်မြို့ရဲ့လမ်းမပေါ်မှာ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး တစ်ဦးနဲ့တစ်ဦး ပြေးလွှား ပွေ့ဖက်ကာ ပျော်ရွှင်စွာ ဆော့ကစားခဲ့ကြပါတယ်။
ဒီဗီဒီယိုနဲ့ ပက်သတ်ပြီး မစ္စတာကစ်နီယိ့ုစ်က ” ဒီဖြစ်ရပ်က ရိုးစင်းပါတယ်၊ ဒါပေမဲ့ ကျွန်တော်တိ့ုရဲ့သားသမီးတွေဟာ နိုင်ငံအတွက်ရော ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာမြေကြီး အတွက်ပါ အရေးပါတဲ့ နိုင်ငံ့သားကောင်းလေးတွေပါ။ ဒါက ကြီးမားတဲ့ ကိစ္စရပ်တစ်ခုပါပဲ ၊ ကျွန်တေ်ာတိ့ု အချစ်တွေကို တိုးပွားလာအောင် လုပ်ဆောင်ရပါမယ်”
”ကလေးငယ်တွေကို ဂရုတစိုက် ပြုစု ပျိုးထောင်ကြရမယ်၊ သူတိ့ုက ကမ္ဘာကြီးအတွက် မျှော်လင့်ချက် တစ်စုံတစ်ရာ ပေးစွမ်းနိုင်မယ့် သူရဲကောင်းလေးတွေပဲလေ”လို့ ပြောကြားသွားခဲ့ပါတယ်။
ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ ဆာလာက အခွင့်အရေးများစွာ ရရှိခဲ့ပေမယ့် တစ်ကိုယ်ကောင်းဆန်ခဲ့ပြီး အသင်းဖော်မာနေးကို ဂိုးရရှိဖို့ သေချာတဲ့ အနေအထားတစ်ရပ်မှာတောင် ဘောလုံး မပေးပို့ခဲ့ဘဲ ကြည့်ရဆိုးတဲ့ ဖြစ်ရပ်တစ်ခုကို ဖန်တီးခဲ့မိတာ ဖြစ်ပါတယ်။
မကြာခင်မှာ မာနေးက လူစားလဲခံခဲ့ရကာ ဆာလာကို လက်ညိုးထိုးအော်ဟစ် ဒေါသထွက်နေခဲ့ပြီး ဂျိမ်းစ်မီလ်နာက ဝိုင်းဝန်းဖြန်ဖြေပြောဆိုမှသာ စိတ်လျှော့သွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေပြီးနောက် ပထမဆုံးပွဲအဖြစ် ယနေ့ညနေမှာ နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ရဲ့အစောဆုံးပွဲကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။