ယူႏုိက္တက္အတြက္ သတင္းေကာင္းတစ္ရပ္လား…အာဆင္နယ္နဲ႔ပြဲအတြက္ အသင္းရဲ႕လူစာရင္းမွာ ေပါ့ဂ္ဘာနဲ႔ ရက္ရွ္ဖို႔ဒ္တု႔ိ ပါ၀င္လာ

Photo Credit

Photo Credit

ယူႏုိက္တက္အတြက္ သတင္းေကာင္းတစ္ရပ္အျဖစ္ အားထားရတဲ့ကြင္းလယ္လူ ေပါ့ဂ္ဘာနဲ႔ တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္တို႔ဟာ ယေန႔ညကစားရမယ့္အာဆင္နယ္နဲ႔ကစားရမယ့္ပြဲစဥ္အတြက္ အသင္းရဲ႕လူစာရင္းမွာ ပါ၀င္ဖို႔ လုံေလာက္တဲ့ႀကံ့ခိုင္မႈရရွိခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။

Photo Credit

သူတုိ႔ႏွစ္ေယာက္စလုံးဟာ အာဆင္နယ္နဲ႔ကစားရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မွာ ပါ၀င္ႏိုင္ဖို႔ အေတာ္ေလးမေသမခ်ာျဖစ္ခ့ဲေပမယ့္ ႏွစ္ဦးစလုံးဟာ ယေန႔နံနက္က ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ လူစာရင္းပါ၀င္ခြင့္ရဖုိ႔ ႀကံ့ခုိင္မႈစစ္ေဆးတာကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး ေလာ္ရီဟုိတယ္ကို ေရာက္လာတဲ့အသင္းေဖာ္ေတြနဲ႔အတူ ပါ၀င္လာပါတယ္။

Photo Credit

အခုေတာ့ နည္းျပဆုိးလ္ရွား ဆုံးျဖတ္ရမယ့္အလွည့္ေရာက္လာၿပီး သူ႕အေနနဲ႔ ရလဒ္ေကာင္းရယူဖုိ႔ အေရးႀကီးေနတဲ့ ယေန႔ညပြဲမွာ ေပါ့ဂ္ဘာနဲ႔ ရက္ရွ္ဖုိ႔ဒ္တုိ႔ကို ပဲြထြက္ကစားသမားေတြအျဖစ္ အသုံးျပဳမလားဆုိတာ ဆုံးျဖတ္ရေတာ့မွာျဖစ္ပါတယ္။

Photo Credit

အဂၤလန္လက္ေရြးစင္ ရက္ရွ္ဖို႔ဒ္ဟာ လြန္ခဲ့တဲ့ ၈ရက္က ၀က္စ္ဟမ္းကို ၂-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဆုိးလ္ရွားကေတာ့ သူ႕အေနနဲ႔ ရက္ရွ္ဖုိ႔ဒ္ ပါ၀င္မႈကို သူ႕ဘ၀ႀကီးနဲ႔ေလာင္းေၾကးထပ္ အရဲစြန္႔မွာမဟုတ္ဘူးလုိ႔ ၿပီးခဲ့တဲ့ေသာၾကာေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာခ့ဲဖူးပါတယ္။

Photo Credit

ျပင္သစ္လက္ေရြးစင္ ေပါ့ဂ္ဘာက ၾကားရက္အတြင္း ေရာ့ခ်္ေဒးလ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ပဲအႏိုင္ရခဲ့တဲ့ ကာရာေဘာင္ဖလားပြဲမွာ ေျခက်င္း၀တ္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ယူႏုိက္တက္ေဆးအဖြဲ႕ကလည္း သူ႕ရဲ႕အေျခအေနကို စုိးရိမ္ခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ေပါ့ဂ္ဘာဟာ ကြင္းလယ္မွာ မက္တုိမီေနးနဲ႔အတူ ဦးစားေပးကစားသမားအျဖစ္ ပါ၀င္လာႏိုင္ၿပီး ရက္ရွ္ဖို႔ဒ္ကလည္း လူငယ္တုိက္စစ္မွဴး ဂရင္း၀ုဒ္ထက္ အေထာင္တုိက္စစ္မွဴးအျဖစ္ ပါ၀င္လာဖြယ္ရွိေနပါတယ္။

Photo Credit

ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၆ပြဲကစားၿပီးခ်ိန္မွာ ၂ပြဲသာအႏိုင္ရရွိထားကာ ၇ပြဲစလုံးအႏိုင္ရရွိထားတဲ့ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၁ပြဲေလ်ာ့ ၁၃ မွတ္အထိ ကြာဟေနၿပီျဖစ္ပါတယ္။

Photo Credit

Unicode

ယူနိုက်တက်အတွက် သတင်းကောင်းတစ်ရပ်လား…အာဆင်နယ်နဲ့ပွဲအတွက် အသင်းရဲ့လူစာရင်းမှာ ပေါ့ဂ်ဘာနဲ့ ရက်ရှ်ဖို့ဒ်တု့ိ ပါဝင်လာ

ယူနိုက်တက်အတွက် သတင်းကောင်းတစ်ရပ်အဖြစ် အားထားရတဲ့ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့ဟာ ယနေ့ညကစားရမယ့်အာဆင်နယ်နဲ့ကစားရမယ့်ပွဲစဉ်အတွက် အသင်းရဲ့လူစာရင်းမှာ ပါဝင်ဖို့ လုံလောက်တဲ့ကြံ့ခိုင်မှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
သူတို့နှစ်ယောက်စလုံးဟာ အာဆင်နယ်နဲ့ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ အတော်လေးမသေမချာဖြစ်ခဲ့ပေမယ့် နှစ်ဦးစလုံးဟာ ယနေ့နံနက်က ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ လူစာရင်းပါဝင်ခွင့်ရဖို့ ကြံ့ခိုင်မှုစစ်ဆေးတာကို ကျော်ဖြတ်နိုင်ခဲ့ပြီး လော်ရီဟိုတယ်ကို ရောက်လာတဲ့အသင်းဖော်တွေနဲ့အတူ ပါဝင်လာပါတယ်။
အခုတော့ နည်းပြဆိုးလ်ရှား ဆုံးဖြတ်ရမယ့်အလှည့်ရောက်လာပြီး သူ့အနေနဲ့ ရလဒ်ကောင်းရယူဖို့ အရေးကြီးနေတဲ့ ယနေ့ညပွဲမှာ ပေါ့ဂ်ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ပွဲထွက်ကစားသမားတွေအဖြစ် အသုံးပြုမလားဆိုတာ ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင် ရက်ရှ်ဖို့ဒ်ဟာ လွန်ခဲ့တဲ့ ၈ရက်က ဝက်စ်ဟမ်းကို ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဆိုးလ်ရှားကတော့ သူ့အနေနဲ့ ရက်ရှ်ဖို့ဒ် ပါဝင်မှုကို သူ့ဘဝကြီးနဲ့လောင်းကြေးထပ် အရဲစွန့်မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ဖူးပါတယ်။
ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာက ကြားရက်အတွင်း ရော့ချ်ဒေးလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ပဲအနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလားပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ယူနိုက်တက်ဆေးအဖွဲ့ကလည်း သူ့ရဲ့အခြေအနေကို စိုးရိမ်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ပေါ့ဂ်ဘာဟာ ကွင်းလယ်မှာ မက်တိုမီနေးနဲ့အတူ ဦးစားပေးကစားသမားအဖြစ် ပါဝင်လာနိုင်ပြီး ရက်ရှ်ဖို့ဒ်ကလည်း လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ထက် အထောင်တိုက်စစ်မှူးအဖြစ် ပါဝင်လာဖွယ်ရှိနေပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ပွဲကစားပြီးချိန်မှာ ၂ပွဲသာအနိုင်ရရှိထားကာ ၇ပွဲစလုံးအနိုင်ရရှိထားတဲ့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၁ပွဲလျော့ ၁၃ မှတ်အထိ ကွာဟနေပြီဖြစ်ပါတယ်။