ယူႏုိက္တက္မွာ ကမၻာ့အဆင့္ကစားသမားဆုိလုိ႔ Ballon d’Or ဆုရွင္ေလာင္း ေပါ့ဂ္ဘာတစ္ဦးတည္းသာရွိေၾကာင္း ဆာဟာ ေျပာ

Photo Credit

Photo Credit

ယူႏိုက္တက္အသင္းတုိက္စစ္မွဴးေဟာင္း လူး၀စ္ဆာဟာက လက္ရွိအသင္းမွာ ကမၻာ့အဆင့္မီကစားသမားဆုိလုိ႔ ကြင္းလယ္လူေပါ့ဂ္ဘာတစ္ဦးတည္းရွိေၾကာင္းနဲ႔ အဆုိပါျပင္သစ္လက္ေရြးစင္ဟာ Ballon d’Or ဆုရဖုိ႔လည္း အလားအလာေတြရွိေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။

Photo Credit

ေပါ့ဂ္ဘာဟာ ယခုေႏြရာသီေစ်းကြက္အတြင္း ယူႏုိက္တက္ကေန ထြက္ခြာဖို႔ သတင္းေတြအမ်ားအျပားထြက္ေပေၚခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အိုးလ္ထရက္ဖို႔ဒ္အေျခစိုက္အသင္းမွာ ဆက္ကစားဖုိ႔ မ်ားေနၿပီး ယခုရာသီမွာ အသင္းရဲ႕အေရးပါတဲ့ေနရာကေန ပါ၀င္ကစားခြင့္ရဖြယ္ရွိေနပါတယ္။

Photo Credit

ေပါ့ဂ္ဘာဟာ ယခုရာသီ ယူႏုိက္တက္ရဲ႕ပရီးမီးယားလိဂ္ပြဲတုိင္းမွာ ဦးစားေပးကစားသမားအျဖစ္ ပါ၀င္ကစားခဲ့ၿပီး ရာသီအဖြင့္ပြဲစဥ္အျဖစ္ ခ်ဲလ္ဆီးကို ၄-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ေနာက္ဆုံး ၃ပြဲဆက္ ယူႏုိက္တက္အသင္း ႏုိင္ပြဲေပ်ာက္ခဲ့ရာမွာ သူ႕ရဲ႕ေျခစြမ္းကလည္း ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါတယ္။

Photo Credit

ျပင္သစ္ႏိုင္ငံသား ဆာဟာကေတာ့ ”ေပါ့ဂ္ဘာဟာ ကမၻာ့အေကာင္းဆုံးကစားသမားျဖစ္လာဖို႔ အလားအလာရွိသူျဖစ္ၿပီး Ballon d’Or ဆုရွင္ေလာင္းလည္းျဖစ္ပါတယ္။ ယူႏုိက္တက္ရဲ႕တျခားကစားသမားေတြကို ေလးစားမႈကင္းမဲ့တာမ်ိဳးမဟုတ္ေပမယ့္ လက္ရွိအသင္းမွာ ကမၻာ့အဆင့္ရွိကစားသမားဆုိလုိ႔ ေပါ့ဂ္ဘာတစ္ေယာက္တည္းရွိပါတယ္”

Photo Credit

”တစ္ခ်ိန္တည္းမွာပဲ သူဟာ အသင္းရဲ႕တစ္ဦးတည္းေသာကမၻာ့အဆင့္ကစားသမားျဖစ္လုိ႔လည္း အၿမဲတမ္းေစာင့္ၾကည့္ခံေနရတာပါ။ တကယ္လုိ႔ ေပါ့ဂ္ဘာသာ ေျခစြမ္းမျပႏိုင္ရင္ သူဟာ တျခားကစားသမားေတြထက္ ပိုၿပီးေ၀ဖန္ခံရပါတယ္။ ေပါ့ဂ္ဘာက အေကာင္းဆုံးေျခစြမ္းျပသႏုိင္ဖုိ႔ ႀကိဳးစားေပမယ့္ တစ္ခါတေလမွာ သူက အကူအညီမရျဖစ္ေနပါတယ္”လုိ႔ ေျပာပါတယ္။

Photo Credit

ေပါ့ဂ္ဘာဟာ ဂ်ဴဗင္တပ္စ္မွာ ၄ႏွစ္ၾကာျဖတ္သန္းခ့ဲၿပီးေနာက္ ၂၀၁၆ ေႏြရာသီမွာ ယူႏုိက္တက္ကို ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထုိစဥ္က)နဲ႔ ျပန္ေရာက္လာၿပီးေနာက္ ယခုေႏြရာသီအေစာပိုင္းမွာ စိန္ေခၚမႈေတြနဲ႔ရင္ဆုိင္လုိတယ္လုိ႔ ၀န္ခံထားေပမယ့္ အသင္းေျပာင္းေရႊ႕ဖို႔က ရာခုိင္ႏႈန္းအေတာ္ေလးနည္းေနပါတယ္။

Photo Credit

ဆာဟာကေတာ့ ဒီလုိအေျပာင္းအေရႊ႕ကိစၥေတြၾကား ေရာက္ေနေပမယ့္ ေပါ့ဂ္ဘာတစ္ေယာက္ ယူႏိုက္တက္ဂ်ာစီ၀တ္ဆင္ကစားေနရင္း ကြင္းတြင္းစြမ္းေဆာင္ရည္နဲ႔ တု႔ံျပန္ႏိုင္မႈအေပၚ အားရေနပါတယ္။ ေပါ့ဂ္ဘာဟာ ၀ုဗ္နဲ႔ပြဲမွာ ပင္နယ္တီကန္သြင္းမႈ ဂိုးသမားပုတ္ထုတ္ခဲ့ၿပီးေနာက္ လူမႈမီဒီယာမွာ လူမ်ိဳးေရးခြဲျခားခံခဲ့ရပါတယ္။

Photo Credit

Unicode

ယူနိုက်တက်မှာ ကမ္ဘာ့အဆင့်ကစားသမားဆိုလို့ Ballon d’Or ဆုရှင်လောင်း ပေါ့ဂ်ဘာတစ်ဦးတည်းသာရှိကြောင်း ဆာဟာ ပြော

ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာက လက်ရှိအသင်းမှာ ကမ္ဘာ့အဆင့်မီကစားသမားဆိုလို့ ကွင်းလယ်လူပေါ့ဂ်ဘာတစ်ဦးတည်းရှိကြောင်းနဲ့ အဆိုပါပြင်သစ်လက်ရွေးစင်ဟာ Ballon d’Or ဆုရဖို့လည်း အလားအလာတွေရှိကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။
ပေါ့ဂ်ဘာဟာ ယခုနွေရာသီဈေးကွက်အတွင်း ယူနိုက်တက်ကနေ ထွက်ခွာဖို့ သတင်းတွေအများအပြားထွက်ပေေါ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းမှာ ဆက်ကစားဖို့ များနေပြီး ယခုရာသီမှာ အသင်းရဲ့အရေးပါတဲ့နေရာကနေ ပါဝင်ကစားခွင့်ရဖွယ်ရှိနေပါတယ်။
ပေါ့ဂ်ဘာဟာ ယခုရာသီ ယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်ပွဲတိုင်းမှာ ဦးစားပေးကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး ရာသီအဖွင့်ပွဲစဉ်အဖြစ် ချဲလ်ဆီးကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ဆုံး ၃ပွဲဆက် ယူနိုက်တက်အသင်း နိုင်ပွဲပျောက်ခဲ့ရာမှာ သူ့ရဲ့ခြေစွမ်းကလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံသား ဆာဟာကတော့ ”ပေါ့ဂ်ဘာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာဖို့ အလားအလာရှိသူဖြစ်ပြီး Ballon d’Or ဆုရှင်လောင်းလည်းဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့တခြားကစားသမားတွေကို လေးစားမှုကင်းမဲ့တာမျိုးမဟုတ်ပေမယ့် လက်ရှိအသင်းမှာ ကမ္ဘာ့အဆင့်ရှိကစားသမားဆိုလို့ ပေါ့ဂ်ဘာတစ်ယောက်တည်းရှိပါတယ်”
”တစ်ချိန်တည်းမှာပဲ သူဟာ အသင်းရဲ့တစ်ဦးတည်းသောကမ္ဘာ့အဆင့်ကစားသမားဖြစ်လို့လည်း အမြဲတမ်းစောင့်ကြည့်ခံနေရတာပါ။ တကယ်လို့ ပေါ့ဂ်ဘာသာ ခြေစွမ်းမပြနိုင်ရင် သူဟာ တခြားကစားသမားတွေထက် ပိုပြီးဝေဖန်ခံရပါတယ်။ ပေါ့ဂ်ဘာက အကောင်းဆုံးခြေစွမ်းပြသနိုင်ဖို့ ကြိုးစားပေမယ့် တစ်ခါတလေမှာ သူက အကူအညီမရဖြစ်နေပါတယ်”လို့ ပြောပါတယ်။
ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်စ်မှာ ၄နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် ၂၀၁၆ နွေရာသီမှာ ယူနိုက်တက်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က)နဲ့ ပြန်ရောက်လာပြီးနောက် ယခုနွေရာသီအစောပိုင်းမှာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်လိုတယ်လို့ ဝန်ခံထားပေမယ့် အသင်းပြောင်းရွှေ့ဖို့က ရာခိုင်နှုန်းအတော်လေးနည်းနေပါတယ်။
ဆာဟာကတော့ ဒီလိုအပြောင်းအရွှေ့ကိစ္စတွေကြား ရောက်နေပေမယ့် ပေါ့ဂ်ဘာတစ်ယောက် ယူနိုက်တက်ဂျာစီဝတ်ဆင်ကစားနေရင်း ကွင်းတွင်းစွမ်းဆောင်ရည်နဲ့ တုံ့ပြန်နိုင်မှုအပေါ် အားရနေပါတယ်။ ပေါ့ဂ်ဘာဟာ ဝုဗ်နဲ့ပွဲမှာ ပင်နယ်တီကန်သွင်းမှု ဂိုးသမားပုတ်ထုတ်ခဲ့ပြီးနောက် လူမှုမီဒီယာမှာ လူမျိုးရေးခွဲခြားခံခဲ့ရပါတယ်။