ယူႏုိက္တက္ကစားသမားဘ၀ သူ႕ရဲ႕အဆုိး၀ါးဆုံးပြဲကို ထုတ္ေျပာလာတ့ဲ ဗီဒစ္

0
1352

Photo Credit

Photo Credit

့ယူႏိုက္တက္ဂႏၳဝင္ေနာက္ခံလူေဟာင္းဗီဒစ္က ကစားသမားဘ၀မွာ ရင္ဆုိင္ရအခက္ဆုံးက စီးတီးတိုက္စစ္မွဴး အဂြဲ႐ိုးျဖစ္ၿပီး သူ႕ရဲ႕ယူႏုိက္တက္ကစားသမားဘ၀တစ္ေလွ်ာက္ အဆုိးရြားဆုံးပြဲကလည္း မန္ခ်က္စတာဒါဘီပြဲျဖစ္ခဲ့ေၾကာင္း ေျပာၾကားလုိက္ပါတယ္။

Photo Credit

ဗီဒစ္ဟာ ၂၀၀၆ခုႏွစ္က စပါးတပ္ေမာ္စကိုအသင္းကေန အိုးထရက္ဖို႔ဒ္အေျခစိုက္အသင္းကို ေျပာင္းေရႊ႔လာခဲ့တာျဖစ္ၿပီး ယူႏိုက္တက္ကစားသမားဘဝမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္မႈေတြရရွိခဲ့တဲ့ေနာက္ခံလူတစ္ဦးပါ။ ယူႏိုက္တက္မွာ ပြဲ ၃၀၀ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ပရီးမီးယားလိဂ္ဖလား၅ခု၊ လိဂ္ဖလား၃ခုနဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကိုလည္း ကိုင္ေျမႇာက္ႏိုင္ခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ ၂၀၁၃ခုႏွစ္ စက္တင္ဘာလက မန္စီးတီးအသင္းနဲ႔ကစားခဲ့တဲ့ဒါဘီပဲြစဥ္မွာ ယူႏိုက္တက္က ၄-၁ဂိုးနဲ႔႐ံႈးနိမ့္ခဲ့ရျခင္းက ဗီဒစ္အတြက္ အရွက္ရဖြယ္ မေမ့ႏိုင္စရာ အျဖစ္အပ်က္တစ္ခုအျဖစ္က်န္ရွိေနဆဲျဖစ္ပါတယ္။ ဒါ့အျပင္ ဗီဒစ္က မန္စီးတီးတိုက္စစ္မွဴးအဂြဲ႐ိုးက ရင္ဆိုင္ရအခက္ခဲဆံုးတိုက္စစ္မွဴးလို႔လည္းဖြင့္ဟေျပာၾကားခဲ့ပါတယ္။

Photo Credit

အဆိုပါပြဲစဥ္တုန္းက ယူႏိုက္တက္ကို နည္းျပမိုယက္စ္ကိုင္တြယ္ေနတာျဖစ္ၿပီး စီးတီးအသင္းကို ၄-၁ဂိုးနဲ႔ ဂိုးျပတ္ ရံႈးနိမ့္ခဲ့ရကာ ဗီဒစ္က အဂြဲ႐ိုးနဲ႔ရင္ဆိုင္ရတာ ဘယ္ေလာက္ခက္ခဲေၾကာင္း ယခုလိုေျပာျပသြားခဲ့ပါတယ္။

Photo Credit

”အဂဲြ႐ိုးက ေနာက္ခံလူအျဖစ္ေမြးဖြားလာတာလို႔ ကၽြန္ေတ္ာေျပာရဲပါတယ္။ သူက ေဘာလံုးလာမယ့္လမ္းေၾကာင္းကို သိတယ္၊ ဘယ္ေနရာက တိုက္စစ္ဆင္ရမယ္ဆိုတာေရာေပါ့၊ အထူးသျဖင့္ ကိုယ္ခႏၶာထြားႀကိဳင္းသန္မာတ့ဲအဂၤလန္ေနာက္ခံလူေတြနဲ႔ ဂိုးဧရိယာထဲမွာရင္ဆိုင္ေတြ႔တဲ့အခါ လွည့္ထြက္ဖို႔ခက္ခဲတဲ့အေနအထားမွာေတာင္ ေနာက္ခံလူေတြကို အသာေလးအ႐ူးလုပ္ၿပီးဂိုးေတြသြင္းယူႏိုင္တဲ့ကစားသမားမ်ိဳးပါ”လို႔ဗီဒစ္က ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

Photo Credit

ဆက္လက္ၿပီး ဗီဒစ္က ”အဲဒီပြဲကို အ႐ံႈးနဲ႔အသီးသီးရင္ဆုိင္ခဲ့ရတဲ့ ၂၀၀၉၊ ၂၀၁၁ ခ်န္ပီယံလိဂ္ဗိုလ္လုပဲြေတြထက္ ကၽြန္ေတာ့္အတြက္ ပိုဆုိးရြားခဲ့ပါတယ္”လုိ႔ ဆိုပါတယ္။ ဒီလုိဖြင့္ဟလုိက္လုိ႔ ပရိသတ္အမ်ားစုလည္း အံ့အားသင့္သြားၿပီး အထူးသျဖင့္ ဗီဒစ္ဟာ ပရီးမီးယားလိဂ္မွာ လီဗာပူးတုိက္စစ္မွဴးေဟာင္း ေတာရက္စ္နဲ႔ရင္ဆုိင္ခဲ့တဲ့ပဲြေတြအနက္ အမ်ားစုမွာ ႐ုန္းကန္ခဲ့ရတာကို ေထာက္ျပခဲ့ၾကပါတယ္။

Photo Credit ; Getty Images / AFP

Unicode

ယူနိုက်တက်ကစားသမားဘ၀ သူ့ရဲ့အဆိုးဝါးဆုံးပွဲကို ထုတ်ပြောလာတဲ့ ဗီဒစ်

့ယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်းဗီဒစ်က ကစားသမားဘဝမှာ ရင်ဆိုင်ရအခက်ဆုံးက စီးတီးတိုက်စစ်မှူး အဂွဲရိုးဖြစ်ပြီး သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးပွဲကလည်း မန်ချက်စတာဒါဘီပွဲဖြစ်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။
ဗီဒစ်ဟာ ၂၀၀၆ခုနှစ်က စပါးတပ်မော်စကိုအသင်းကနေ အိုးထရက်ဖို့ဒ်အခြေစိုက်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယူနိုက်တက်ကစားသမားဘဝမှာ လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရရှိခဲ့တဲ့နောက်ခံလူတစ်ဦးပါ။ ယူနိုက်တက်မှာ ပွဲ ၃၀၀ပွဲထွက်ကစားခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ်ဖလား၅ခု၊ လိဂ်ဖလား၃ခုနဲ့ ချန်ပီယံလိဂ်ဖလားတို့ကိုလည်း ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၃ခုနှစ် စက်တင်ဘာလက မန်စီးတီးအသင်းနဲ့ကစားခဲ့တဲ့ဒါဘီပွဲစဉ်မှာ ယူနိုက်တက်က ၄-၁ဂိုးနဲ့ရှုံးနိမ့်ခဲ့ရခြင်းက ဗီဒစ်အတွက် အရှက်ရဖွယ် မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခုအဖြစ်ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဗီဒစ်က မန်စီးတီးတိုက်စစ်မှူးအဂွဲရိုးက ရင်ဆိုင်ရအခက်ခဲဆုံးတိုက်စစ်မှူးလို့လည်းဖွင့်ဟပြောကြားခဲ့ပါတယ်။
အဆိုပါပွဲစဉ်တုန်းက ယူနိုက်တက်ကို နည်းပြမိုယက်စ်ကိုင်တွယ်နေတာဖြစ်ပြီး စီးတီးအသင်းကို ၄-၁ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရကာ ဗီဒစ်က အဂွဲရိုးနဲ့ရင်ဆိုင်ရတာ ဘယ်လောက်ခက်ခဲကြောင်း ယခုလိုပြောပြသွားခဲ့ပါတယ်။
”အဂွဲရိုးက နောက်ခံလူအဖြစ်မွေးဖွားလာတာလို့ ကျွန်တေ်ာပြောရဲပါတယ်။ သူက ဘောလုံးလာမယ့်လမ်းကြောင်းကို သိတယ်၊ ဘယ်နေရာက တိုက်စစ်ဆင်ရမယ်ဆိုတာရောပေါ့၊ အထူးသဖြင့် ကိုယ်ခန္ဓာထွားကြိုင်းသန်မာတဲ့အင်္ဂလန်နောက်ခံလူတွေနဲ့ ဂိုးဧရိယာထဲမှာရင်ဆိုင်တွေ့တဲ့အခါ လှည့်ထွက်ဖို့ခက်ခဲတဲ့အနေအထားမှာတောင် နောက်ခံလူတွေကို အသာလေးအရူးလုပ်ပြီးဂိုးတွေသွင်းယူနိုင်တဲ့ကစားသမားမျိုးပါ”လို့ဗီဒစ်က ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီး ဗီဒစ်က ”အဲဒီပွဲကို အရှုံးနဲ့အသီးသီးရင်ဆိုင်ခဲ့ရတဲ့ ၂၀၀၉၊ ၂၀၁၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေထက် ကျွန်တော့်အတွက် ပိုဆိုးရွားခဲ့ပါတယ်”လို့ ဆိုပါတယ်။ ဒီလိုဖွင့်ဟလိုက်လို့ ပရိသတ်အများစုလည်း အံ့အားသင့်သွားပြီး အထူးသဖြင့် ဗီဒစ်ဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးတိုက်စစ်မှူးဟောင်း တောရက်စ်နဲ့ရင်ဆိုင်ခဲ့တဲ့ပွဲတွေအနက် အများစုမှာ ရုန်းကန်ခဲ့ရတာကို ထောက်ပြခဲ့ကြပါတယ်။