ယူႏိုက္တက္ရဲ႕ ရွက္စရာစြမ္းေဆာင္ရည္အတြက္ အဓိကတာ၀န္ရွိတာ နည္းျပလား…ကစားသမားေတြလား…အသင္းတာ၀န္ရွိသူေတြလား…(၀က္စ္ဟမ္း ၂-၀ ယူႏုိက္တက္ပြဲၿပီးျမင္ကြင္းက်ယ္)

Photo Credit ; AP

Photo Credit ; PA

ယူႏုိက္တက္ရဲ႕ေနာက္ထပ္ဆုိးရြားတဲ့ပဲြကို လန္ဒန္ေျမမွာ ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက အခုလိုပြဲမ်ိဳးမွာ ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့၀က္စ္ဟမ္းဟာ အခုလည္း မႏွစ္ကအႏိုင္ရတာ ကံၾကမၼာေၾကာင့္မဟုတ္ဘူးဆုိတာ တူညီတဲ့ ၂ဂိုးျပတ္ႏိုင္ပြဲထပ္မံဖန္တီးရင္း သက္ေသျပသြားပါတယ္။

Photo Credit

ဒီပြဲမွာ ယူႏုိက္တက္ကစားသမားေတြအနက္ ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ေလာက္ပဲ ပုံမွန္ေျခစြမ္းရခဲ့ၿပီး ကစားသမားအားလုံးနီးပါး အမွားမ်ားခဲ့ပါတယ္။

Photo Credit

ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာက ပထမပိုင္းမွာ ကစားပုံအေတာ္ေလးေကာင္းေပမယ့္ ဒုတိယပိုင္းမွာေတာ့ အေတာ္ေလးေျပာင္းလဲသြားခဲ့ၿပီး ၀က္စ္ဟမ္းအသင္းရရွိခဲ့တဲ့ ဒုတိယေျမာက္ဂိုးကလည္း ေျပာရရင္ သူ႕ရဲ႕အမွားေၾကာင့္လုိ႔ေတာင္ ေျပာႏိုင္ပါတယ္။

Photo Credit

ုတုိက္စစ္မွာ ဆုိးလ္ရွား အားကုိးတဲ့ရက္ရွ္ဖုိ႔ဒ္က တစ္ရာသီပုံမွန္ဂုိး ၂၀ရဖို႔ အာမခံႏိုင္တဲ့တုိက္စစ္မွဴးမ်ိဳးမဟုတ္ဘဲ ပထမပိုင္းမွာ အခြင့္အေရးတစ္ႀကိမ္ရခဲ့တာလည္း အသံုးမခ်ႏိုင္ခဲ့ပါဘူး။ ၀က္စ္ဟမ္းခံစစ္ရွင္းထုတ္ပုံမေသသပ္မႈကေန ဘယ္ေတာင္ပံတစ္ေလွ်ာက္ ရက္ရွ္ဖုိ႔ဒ္ တစ္ေယာက္တည္း ဆဲြေျပးကန္သြင္းခြင့္ရခဲ့ေပမယ့္ ဆြဲေျပးတာ လုိအပ္ခ်က္ေတြရွိေနလုိ႔ အရာမထင္ျဖစ္ခဲ့ပါတယ္။

Photo Credit

အခု သူဒဏ္ရာေၾကာင့္ လင္ဂတ္နဲ႔လူစားလဲလုိက္ရလုိ႔ ယူႏိုက္တက္တုိက္စစ္ပိုမို႐ုန္းကန္ရလာႏုိင္ပါတယ္။ ဒီေနရာမွာ အသင္းတာ၀န္ရွိသူေတြရဲ႕အစီအမံေတြကိုလည္း ေမးခြန္းထုတ္ရပါမယ္။ လူကာကူနဲ႔ ဆန္းခ်က္ဇ္တုိ႔ကို အစားထုိးမယ့္သူမေခၚႏိုင္ဘဲ ေရာင္းခ်ခဲ့တာက တကယ့္ကိုစြန္႔စားမႈဆန္လြန္းၿပီး အခုေတာ့ ဆုိးလ္ရွားအားကိုးတဲ့တုိက္စစ္မွဴးေတြအကုန္လုံး ဒဏ္ရာရေနပါၿပီ။

Photo Credit ; AFP / Getty Images

ကြင္းလယ္မွာ မာတာကလည္း လူငယ္ေတြကို ဦးေဆာင္လမ္းျပမကစားႏိုင္ခဲ့ဘဲ မာတစ္နဲ႔အတူ ႐ုန္းကန္ခဲ့ရပါတယ္။ ေနာက္ၿပီး ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားတဲ့ မက္ဂြိဳင္းယားကိုလည္း ပရိသတ္ေတြ စိတ္ပ်က္ေနပါတယ္။

Photo Credit ; AFP / Getty Images

၀က္စ္ဟမ္း ရသြားတ့ဲဦးေဆာင္ဂိုးမွာ ယာမိုလန္ကိုက ေပါင္သန္း ၈၀တန္ေနာက္ခံလူ မက္ဂြိဳင္းယားကို ေျခေယာင္ျပေက်ာ္ျဖတ္ကာ ကန္သြင္းခဲ့တာပါ။ ဒါ့အျပင္ ယူႏိုက္တက္ရဲ႕အေကာင္းဆုံးအခြင့္အေရးကိုလည္း မက္ဂြိဳင္းယားက ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့ပါဘူး။

Photo Credit

၀က္စ္ဟမ္းပင္နယ္တီဧရိယာအတြင္း ႐ႈပ္ေနတဲ့အေနအထားမွာ ဂိုးသမားနဲ႔အနီးကပ္အေနအထားကေန ေဘာလုံးက သူ႕ကို တည္ေပးသလုိျဖစ္လာတာကို မက္ဂြိဳင္းယား ကန္သြင္းေပမယ့္ ၀က္စ္ဟမ္းဂုိးသမားကို မေက်ာ္ျဖတ္ႏိုင္ခဲ့ပါဘူး။

Photo Credit ; AFP / Getty Images

Unicode

ယူနိုက်တက်ရဲ့ ရှက်စရာစွမ်းဆောင်ရည်အတွက် အဓိကတာဝန်ရှိတာ နည်းပြလား…ကစားသမားတွေလား…အသင်းတာဝန်ရှိသူတွေလား…(ဝက်စ်ဟမ်း ၂-၀ ယူနိုက်တက်ပွဲပြီးမြင်ကွင်းကျယ်)

ယူနိုက်တက်ရဲ့နောက်ထပ်ဆိုးရွားတဲ့ပွဲကို လန်ဒန်မြေမှာ မြင်တွေ့ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အခုလိုပွဲမျိုးမှာ ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ဝက်စ်ဟမ်းဟာ အခုလည်း မနှစ်ကအနိုင်ရတာ ကံကြမ္မာကြောင့်မဟုတ်ဘူးဆိုတာ တူညီတဲ့ ၂ဂိုးပြတ်နိုင်ပွဲထပ်မံဖန်တီးရင်း သက်သေပြသွားပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ကစားသမားတွေအနက် တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်လောက်ပဲ ပုံမှန်ခြေစွမ်းရခဲ့ပြီး ကစားသမားအားလုံးနီးပါး အမှားများခဲ့ပါတယ်။
ညာနောက်ခံလူ ဝမ်ဘစ်ဆာကာက ပထမပိုင်းမှာ ကစားပုံအတော်လေးကောင်းပေမယ့် ဒုတိယပိုင်းမှာတော့ အတော်လေးပြောင်းလဲသွားခဲ့ပြီး ဝက်စ်ဟမ်းအသင်းရရှိခဲ့တဲ့ ဒုတိယမြောက်ဂိုးကလည်း ပြောရရင် သူ့ရဲ့အမှားကြောင့်လို့တောင် ပြောနိုင်ပါတယ်။
ုတိုက်စစ်မှာ ဆိုးလ်ရှား အားကိုးတဲ့ရက်ရှ်ဖို့ဒ်က တစ်ရာသီပုံမှန်ဂိုး ၂၀ရဖို့ အာမခံနိုင်တဲ့တိုက်စစ်မှူးမျိုးမဟုတ်ဘဲ ပထမပိုင်းမှာ အခွင့်အရေးတစ်ကြိမ်ရခဲ့တာလည်း အသုံးမချနိုင်ခဲ့ပါဘူး။ ဝက်စ်ဟမ်းခံစစ်ရှင်းထုတ်ပုံမသေသပ်မှုကနေ ဘယ်တောင်ပံတစ်လျှောက် ရက်ရှ်ဖို့ဒ် တစ်ယောက်တည်း ဆွဲပြေးကန်သွင်းခွင့်ရခဲ့ပေမယ့် ဆွဲပြေးတာ လိုအပ်ချက်တွေရှိနေလို့ အရာမထင်ဖြစ်ခဲ့ပါတယ်။
အခု သူဒဏ်ရာကြောင့် လင်ဂတ်နဲ့လူစားလဲလိုက်ရလို့ ယူနိုက်တက်တိုက်စစ်ပိုမိုရုန်းကန်ရလာနိုင်ပါတယ်။ ဒီနေရာမှာ အသင်းတာဝန်ရှိသူတွေရဲ့အစီအမံတွေကိုလည်း မေးခွန်းထုတ်ရပါမယ်။ လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို အစားထိုးမယ့်သူမခေါ်နိုင်ဘဲ ရောင်းချခဲ့တာက တကယ့်ကိုစွန့်စားမှုဆန်လွန်းပြီး အခုတော့ ဆိုးလ်ရှားအားကိုးတဲ့တိုက်စစ်မှူးတွေအကုန်လုံး ဒဏ်ရာရနေပါပြီ။
ကွင်းလယ်မှာ မာတာကလည်း လူငယ်တွေကို ဦးဆောင်လမ်းပြမကစားနိုင်ခဲ့ဘဲ မာတစ်နဲ့အတူ ရုန်းကန်ခဲ့ရပါတယ်။ နောက်ပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ မက်ဂွိုင်းယားကိုလည်း ပရိသတ်တွေ စိတ်ပျက်နေပါတယ်။
ဝက်စ်ဟမ်း ရသွားတဲ့ဦးဆောင်ဂိုးမှာ ယာမိုလန်ကိုက ပေါင်သန်း ၈၀တန်နောက်ခံလူ မက်ဂွိုင်းယားကို ခြေယောင်ပြကျော်ဖြတ်ကာ ကန်သွင်းခဲ့တာပါ။ ဒါ့အပြင် ယူနိုက်တက်ရဲ့အကောင်းဆုံးအခွင့်အရေးကိုလည်း မက်ဂွိုင်းယားက ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။
ဝက်စ်ဟမ်းပင်နယ်တီဧရိယာအတွင်း ရှုပ်နေတဲ့အနေအထားမှာ ဂိုးသမားနဲ့အနီးကပ်အနေအထားကနေ ဘောလုံးက သူ့ကို တည်ပေးသလိုဖြစ်လာတာကို မက်ဂွိုင်းယား ကန်သွင်းပေမယ့် ဝက်စ်ဟမ်းဂိုးသမားကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ယူ