ယူအီးအက်ဖ်အေ အဆင့်သတ်မှတ်ချက်တွေ ပြောင်းလဲသင့်ပြီလား…ချန်ပီယံလိဂ်လက်ရှိချန်ပီယံက အဆင့် ၈နေရာရောက်နေ
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Unicode
ယူအီးအက်ဖ်အေ အဆင့်သတ်မှတ်ချက်တွေ ပြောင်းလဲသင့်ပြီလား…ချန်ပီယံလိဂ်လက်ရှိချန်ပီယံက အဆင့် ၈နေရာရောက်နေ
ချန်ပီယံလိဂ် အုပ်စုအဆင့်ပြိုင်ပွဲတွေက လာမယ့်အပတ် အင်္ဂါနေ့မှာ စတင်ကစားကြတော့မှာ ဖြစ်ပြီး ဥရောပထိပ်သီးအသင်းတွေဟာ ၂၀၂၀ မေလ အစ္စတန်ဘူမှာ အောင်ပွဲခံနိုင်ဖို့ မျှော်လင့်ချက်ကိုယ်စီနဲ့ ခရီးတွေ စတင်ထွက်ခွာကြရတော့မှာဖြစ်ပါတယ်။
ယမန်နှစ်ဗိုလ်လုပွဲမှာ လီဗာပူးက တော့တင်ဟမ်အသင်းကို အနိုင်ရရှိကာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ယူအီးအက်ဖ်အေရဲ့ယမန်နှစ်အဆင့်သတ်မှတ်ချက်မှာတော့ လီဗာပူးအသင်းက ထိပ်ဆုံးမှာ မရပ်တည်နိုင်ခဲ့ဘဲ ပြီးခဲ့တဲ့ရာသီက ဆီမီးဖိုင်နယ်မှာ သူတို့ကျော်ဖြတ်ခဲ့တဲ့ ဘာစီလိုနာအသင်းထက်တောင် ၁ မှတ် လျော့နေခဲ့တာပါ။
ဒါ့အပြင် ၁၆သင်းရှုံးထွက်အဆင့်မှာပဲ အေဂျက်စ်အသင်းရဲ့ ထင်မှတ်မထားဖွယ် ခြေစွမ်းတွေကြောင့် ရှုံးနိမ့်ပြီး စောစောစီးစီးလှည့်ပြန်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်က အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။
ဒီအဆင့် သတ်မှတ်ချက်တွေက ပြီးခဲ့တဲ့ ၅ နှစ်တာကာလ ချန်ပီယံလိဂ်မှတ်တမ်းတွေကို အခြေခံထားတာဖြစ်ကာ ၂၀၁၆-၁၇ ခုနှစ်က လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၈ နေရာမှာသာ ရပ်တည်ခဲ့တာပါ။
ဒီအချက်တွေက လီဗာပူးအသင်းကို ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတိ့ုလို အသင်းတွေရဲ့နောက်မှာသာ ရှိစေခဲ့တာပါ။ အဆိုပါ ယူအီးအက်ဖ်အေရဲ့အဆင့်သတ်မှတ်ချက်မှာတော့ ပြီးခဲ့တဲ့ရာသီက ၂၉ မှတ်သာ ရရှိခဲ့တဲ့ လီဗာပူးက အဆင့် ၈ နဲ့ ၂၆ မှတ်သာ ရရှိခဲ့တဲ့စပါးအသင်းက အဆင့် ၁၂ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ချန်ပီယံမဖြစ်ခဲ့ပေမယ့် အမှတ်အများဆုံးရရှိတဲ့အသင်းအဖြစ် ရမှတ် ၃၀ ရရှိခဲ့တဲ့ ဘာစီလိုနာက အင်္ဂလန် ၂ သင်းရဲ့အထက် အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ယမန်နှစ်က အုပ်စုအဆင့် ပွဲစဉ်တွေမှာ စပါးနဲ့ လီဗာပူးတိ့ုက သရေကျတဲ့ပွဲစဉ်တွေ၊ ရှုံးနိမ့်ခဲ့တဲ့ပွဲတွေ ရှိခဲ့ပြီး ဘာစီလိုနာကတော့ အဆိုပါ အင်္ဂလန်အသင်း ၂ သင်းထက် ရလဒ် ပိုကောင်းခဲ့ပါတယ်။
ဒါကြောင့်ပဲ အဆင့်သတ်မှတ်ချက်မှာ ယခုလို ကွာဟနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဖလားပိုင်ရှင် လီဗာပူးအသင်းဟာ လာမယ့်အပတ်မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် အဖွင့်ပွဲအဖြစ် နာပိုလီအသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။
လီဗာပူးဟာ နောက်ထပ်ပွဲစဉ်တွေမှာတေ့ာ ဆဲလ်ဘတ်၊ ဂျန့်ခ်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီရာသီမှာလည်း လီဗာပူးအသင်းပဲ ချန်ပီယံလိဂ်ဖလားပိုင်ရှင် ထပ်ဖြစ်နိုင်ဦးမလား ? ပရိသတ်ကြီးရဲ့ အမြင်ကရော ?