ယခုရာသီမွာ စီးတီးထက္ သာတဲ့အခ်က္ ယူႏိုက္တက္ပိုင္ဆုိင္ထားတယ္လုိ႔ စစ္တမ္းတစ္ရပ္က ေဖာ္ျပ

Photo Credit

Photo Credit

စစ္တမ္းတစ္ခုရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရေပမယ့္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးကို ေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ခံစစ္အေကာင္းဆုံးအသင္းအျဖစ္ ရပ္တည္ေနေၾကာင္း သိရပါတယ္။ StatsBomb ရဲ႕ေဖာ္ျပခ်က္အရ လက္ရွိခ်န္ပီယံ စီးတီးရဲ႕ခံစစ္က ပုံစံေကာင္းမွာရွိေနတယ္လုိ႔ ထင္စရာရွိေပမယ့္ ၿပီးခဲ့တဲ့ရာသီကနဲ႔ယွဥ္ရင္ေတာ့ အနည္းဆုံးအခ်က္တစ္ခ်က္မွာ စြမ္းေဆာင္ရည္က်ဆင္းေနၿပီး ဒါကေတာ့ တစ္ပြဲပ်မ္းမွ် Expected Goal(xG) မ်ားလာတာျဖစ္ကာ မႏွစ္က တစ္ပြဲပ်မ္းမွ် ၀.၅၉ ဂိုးသာရွိခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ၀.၇၇ဂိုးရွိေနေၾကာင္း သိရပါတယ္။

Photo Credit

အဲဒီအခ်က္အလက္ေတြအေပၚ မူတည္ၿပီး တြက္ခ်က္ရင္ေတာ့ စီးတီးဟာ ယူႏုိက္တက္ရဲ႕ေနာက္ ခံစစ္ဒုတိယအေကာင္းဆုံးအသင္းအျဖစ္ ရပ္တည္ေနတာကို ေတြ႕ရပါတယ္။ StatsBomb ရဲ႕တြက္ခ်က္မႈမွာ ပင္နယ္တီ Expected Goal မပါ၀င္ဘဲ ယူႏိုက္တက္က တစ္ပြဲပ်မ္းမွ် Expected Goal ေပးရမႈအနည္းဆုံးအသင္းအျဖစ္ ရပ္တည္ေနတာပါ။

Photo Credit

ယူႏုိက္တက္နဲ႔ စီးတီးတုိ႔ရဲ႕ေနာက္မွာေတာ့ ၀ုဗ္၊ လက္စတာ၊ ဘန္ေလနဲ႔ ရွက္ဖီးလ္ယူႏုိက္တက္တုိ႔က အစဥ္အတိုင္းရပ္တည္ေနပါတယ္။ ခ်ဲလ္ဆီး၊ လီဗာပူးနဲ႔ အာဆင္နယ္တုိ႔က အဆင့္ ၉၊ ၁၀၊ ၁၁ ေနရာေတြမွာ အသီးသီးရပ္တည္ေနၿပီး ႀကီး ၆ႀကီးအနက္ အဆုိးရြားဆုံးအသင္းအျဖစ္ ေတာ့တင္ဟမ္က အဆင့္ ၁၈ ေနရာမွာ ရပ္တည္ေနရပါတယ္။

Photo Credit

StatsBomb က စီးတီးအေနနဲ႔ အေကာင္းဆုံးခံစစ္အတြက္ အခ်က္အလက္ေတြနဲ႔ ေရြးခ်ယ္ရာမွာ ယူႏုိက္တက္ေနာက္ ေရာက္ခဲ့ရျခင္းရဲ႕အဓိကအခ်က္ေတြကို ရွင္းျပသြားခဲ့ၿပီး ၿပိဳင္ဘက္အသင္းေတြေၾကာင့္ျဖစ္တယ္လုိ႔ ဆုိပါတယ္။ ”စီးတီးနဲ႔ကစားခဲ့တဲ့ၿပိဳင္ဘက္ေတြက ကန္ခ်က္ေတြကို အႏၱရာယ္ရွိအခြင့္အေရးအျဖစ္ ေျပာင္းလဲရာမွာ ေမွ်ာ္လင့္ထားတာထက္ ပိုေကာင္းေအာင္ စြမ္းေဆာင္ႏိုင္ပါတယ္”

Photo Credit

”ဒါေပမဲ့ အီဒါဆန္က အံ့အားသင့္စရာေကာင္းတဲ့ကာကြယ္မႈတခ်ိဳ႕နဲ႔အတူ ဂိုးမ၀င္ေအာင္တားဆီးႏုိင္ခဲ့တာေတြလည္းရွိပါတယ္။ ေျပာရရင္ အီဒါဆန္ဟာ တကယ့္ဂိုးသြင္းခြင့္တခ်ိဳ႕ကို ကာကြယ္ထားၿပီးျဖစ္သလို လက္ရွိအေနအထားအရ စီးတီးအေနနဲ႔ ခံစစ္ပိုင္းအတြက္ စုိးရိမ္သင့္တယ္လုိ႔ ထင္ပါတယ္။ ၿပီးေတာ့ ဒီရာသီမွာ သူတုိ႔ရဲ႕ ဂိုးေပါက္ကန္သြင္းခံရမႈနဲ႔ xG အခ်ိဳးမွာ ၀.၁၂ အထိရွိၿပီး ဒါက ပရီးမီးယားလိဂ္မွာ ပၪၥမေျမာက္အဆုိးရြားဆုံးျဖစ္သလုိ မႏွစ္က ၀.၀၉၁ နဲ႔ အဆင့္ ၉ေနရာမွာ ရပ္တည္ခဲ့တာပါ”လုိ႔ StatsBomb က ရွင္းျပခဲ့ပါတယ္။


ယူႏုိက္တက္ဟာ ဒီရာသီပရီးမီးယားလိဂ္ပြဲစဥ္ ၄အၿပီးမွာ တစ္ပြဲသာအႏိုင္ရထားၿပီး ပဲေလ့စ္ကိုမထင္မွတ္ဘဲ အေရးနိမ့္ခဲ့သလို ၀ုဗ္နဲ႔ေဆာက္သမ္တန္တုိ႔ကိုလည္း သေရသာကစားႏိုင္ခဲ့ကာ ခံစစ္ကေတာ့ ၄ပြဲမွာ ၄ဂိုးေပးထားရပါတယ္။

Photo Credit

Unicode

ယခုရာသီမှာ စီးတီးထက် သာတဲ့အချက် ယူနိုက်တက်ပိုင်ဆိုင်ထားတယ်လို့ စစ်တမ်းတစ်ရပ်က ဖော်ပြ

စစ်တမ်းတစ်ခုရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပေမယ့် မြို့ခံပြိုင်ဘက် မန်စီးတီးကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။
StatsBomb ရဲ့ဖော်ပြချက်အရ လက်ရှိချန်ပီယံ စီးတီးရဲ့ခံစစ်က ပုံစံကောင်းမှာရှိနေတယ်လို့ ထင်စရာရှိပေမယ့် ပြီးခဲ့တဲ့ရာသီကနဲ့ယှဉ်ရင်တော့ အနည်းဆုံးအချက်တစ်ချက်မှာ စွမ်းဆောင်ရည်ကျဆင်းနေပြီး ဒါကတော့ တစ်ပွဲပျမ်းမျှ Expected Goal(xG) များလာတာဖြစ်ကာ မနှစ်က တစ်ပွဲပျမ်းမျှ ဝ.၅၉ ဂိုးသာရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ဝ.၇၇ဂိုးရှိနေကြောင်း သိရပါတယ်။
အဲဒီအချက်အလက်တွေအပေါ် မူတည်ပြီး တွက်ချက်ရင်တော့ စီးတီးဟာ ယူနိုက်တက်ရဲ့နောက် ခံစစ်ဒုတိယအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။ StatsBomb ရဲ့တွက်ချက်မှုမှာ ပင်နယ်တီ Expected Goal မပါဝင်ဘဲ ယူနိုက်တက်က တစ်ပွဲပျမ်းမျှ Expected Goal ပေးရမှုအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေတာပါ။
ယူနိုက်တက်နဲ့ စီးတီးတို့ရဲ့နောက်မှာတော့ ဝုဗ်၊ လက်စတာ၊ ဘန်လေနဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့က အစဉ်အတိုင်းရပ်တည်နေပါတယ်။ ချဲလ်ဆီး၊ လီဗာပူးနဲ့ အာဆင်နယ်တို့က အဆင့် ၉၊ ၁၀၊ ၁၁ နေရာတွေမှာ အသီးသီးရပ်တည်နေပြီး ကြီး ၆ကြီးအနက် အဆိုးရွားဆုံးအသင်းအဖြစ် တော့တင်ဟမ်က အဆင့် ၁၈ နေရာမှာ ရပ်တည်နေရပါတယ်။
StatsBomb က စီးတီးအနေနဲ့ အကောင်းဆုံးခံစစ်အတွက် အချက်အလက်တွေနဲ့ ရွေးချယ်ရာမှာ ယူနိုက်တက်နောက် ရောက်ခဲ့ရခြင်းရဲ့အဓိကအချက်တွေကို ရှင်းပြသွားခဲ့ပြီး ပြိုင်ဘက်အသင်းတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ”စီးတီးနဲ့ကစားခဲ့တဲ့ပြိုင်ဘက်တွေက ကန်ချက်တွေကို အန္တရာယ်ရှိအခွင့်အရေးအဖြစ် ပြောင်းလဲရာမှာ မျှော်လင့်ထားတာထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်ပါတယ်”
”ဒါပေမဲ့ အီဒါဆန်က အံ့အားသင့်စရာကောင်းတဲ့ကာကွယ်မှုတချို့နဲ့အတူ ဂိုးမဝင်အောင်တားဆီးနိုင်ခဲ့တာတွေလည်းရှိပါတယ်။ ပြောရရင် အီဒါဆန်ဟာ တကယ့်ဂိုးသွင်းခွင့်တချို့ကို ကာကွယ်ထားပြီးဖြစ်သလို လက်ရှိအနေအထားအရ စီးတီးအနေနဲ့ ခံစစ်ပိုင်းအတွက် စိုးရိမ်သင့်တယ်လို့ ထင်ပါတယ်။ ပြီးတော့ ဒီရာသီမှာ သူတို့ရဲ့ ဂိုးပေါက်ကန်သွင်းခံရမှုနဲ့ xG အချိုးမှာ ဝ.၁၂ အထိရှိပြီး ဒါက ပရီးမီးယားလိဂ်မှာ ပဉ္စမမြောက်အဆိုးရွားဆုံးဖြစ်သလို မနှစ်က ဝ.၀၉၁ နဲ့ အဆင့် ၉နေရာမှာ ရပ်တည်ခဲ့တာပါ”လို့ StatsBomb က ရှင်းပြခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ် ၄အပြီးမှာ တစ်ပွဲသာအနိုင်ရထားပြီး ပဲလေ့စ်ကိုမထင်မှတ်ဘဲ အရေးနိမ့်ခဲ့သလို ဝုဗ်နဲ့ဆောက်သမ်တန်တို့ကိုလည်း သရေသာကစားနိုင်ခဲ့ကာ ခံစစ်ကတော့ ၄ပွဲမှာ ၄ဂိုးပေးထားရပါတယ်။