မိမိမွာ သမုိင္းတစ္ေလွ်ာက္ ထာ၀ရအႀကီးက်ယ္ဆုံးဂိုးသမားလုိ႔ ဆက္ဇနီ ျပက္လုံးထုတ္

Photo Credit

Photo Credit

ဂ်ဴဗင္တပ္စ္အသင္းဂိုးသမား ဆက္ဇနီက တူရင္အေျခစုိက္အသင္းမွာ ဂႏၳ၀င္ဂိုးသမားႀကီး ဘူဖြန္က သူ႕ရဲ႕အရန္ဂိုးသမားအျဖစ္ ရိွေနတာေၾကာင့္ မိမိမွာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ထာ၀ရအႀကီးက်ယ္ဆုံးဂုိးသမားျဖစ္တယ္လုိ႔ ျပက္လုံးထုတ္ေနာက္ေျပာင္သြားပါတယ္။

Photo Credit ; Getty Images

အီတလီလက္ေရြးစင္ေဟာင္း ဘူဖြန္ဟာ ပီအက္စ္ဂ်ီအသင္းမွာ တစ္ရာသီၾကာျဖတ္သန္းခဲ့ၿပီးေနာက္ ဂ်ဴဗင္တပ္စ္ကို ၁ႏွစ္စာခ်ဳပ္နဲ႔ ျပန္လည္ေျပာင္းေရႊ႕လာခဲ့ၿပီး အရင္တုန္းက အသင္းနဲ႔အတူ ေအာင္ျမင္မႈအမ်ားအျပားရရွိခ့ဲေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ပိုလန္လက္ေရြးစင္ ဆက္ဇနီရဲ႕အရန္ဂိုးသမားအျဖစ္ ရပ္တည္ေနရပါတယ္။

Photo Credit

ဆက္ဇနီက ဂ်ဴဗင္တပ္စ္အသင္းကို ဘူဖြန္ျပန္ေရာက္လာလုိ႔ ေပ်ာ္ရႊင္မိေၾကာင္းနဲ႔ အသင္းရဲ႕လက္ရွိအေနအထားအရ မိမိမွာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ထာ၀ရအေကာင္းဆုံးဂိုးသမားျဖစ္ေနတာကို သက္ေသျပေနေၾကာင္း ဆုိပါတယ္။

Photo Credit

”႐ိုးမားမွာ ကစားခဲ့တုန္းက ကၽြန္ေတာ္ဟာ အခုလီဗာပူးေရာက္ေနၿပီျဖစ္တ့ဲ ကမၻာ့အေကာင္းဆုံးဂုိးသမား အဲလစ္ဆန္ရဲ႕အရန္ဂိုးသမားအျဖစ္ ရွိခဲ့ပါတယ္။ အခု ဂ်ဴဗင္တပ္စ္မွာ ကၽြန္ေတာ့္ရဲ႕အရန္ဂိုးသမားက ေဘာလုံးသမုိင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးကစားသမားတစ္ဦးျဖစ္ေနပါတယ္”

Photo Credit

”အဆုံးသတ္ေကာက္ခ်က္ဆြဲရရင္ ကၽြန္ေတာ္ဟာ အခုဆုိရင္ သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးဂိုးသမားျဖစ္ေနေလာက္ပါၿပီ။ ဘူဖြန္ဆီက ေနာက္ထပ္၁ႏွစ္အပိုေလ့လာခြင့္ရတာက ကၽြန္ေတာ့္အတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့အေတြ႕အႀကံဳေကာင္းေတြျဖစ္ၿပီး သူျပန္ေရာက္လာလုိ႔လည္း ကၽြန္ေတာ္ေပ်ာ္ရႊင္မိပါတယ္”

Photo Credit

”သူ႕ရဲ႕အေျပာင္းအေရႊ႕က အသင္းအတြက္ေရာ ကၽြန္ေတာ့္အတြက္ပါ ေကာင္းပါတယ္။ သူနဲ႔အတူ ေလ့က်င့္ခန္းဆင္းရတာေတြ၊ စကားေျပာရတာေတြ၊ ေစာင့္ၾကည့္ရတာေတြ၊ အေတြးေတြအျပန္အလွန္မွ်ေ၀ရတာေတြက ပိုက္ဆံနဲ႔၀ယ္လုိ႔မရတဲ့အရာေတြပါ။ ဒီအရာေတြကို အသုံးမခ်ႏိုင္ရင္ ကၽြန္ေတာ္က တကယ့္မိုက္မဲသူျဖစ္သြားမွာပါ”လုိ႔ ဆက္ဇနီက ေျပာပါတယ္။

Photo Credit

ဘူဖြန္ဟာ ပီအက္စ္ဂ်ီမွာ ကစားခဲ့တဲ့တစ္ႏွစ္တာကာလအတြင္း ၂၅ပြဲကစားခြင့္ရခဲ့ၿပီး အသင္းလည္း လီဂူး-၁ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ သူဟာ ၂၀၀၁-၀၂ ရာသီကစတင္ၿပီး ကစားခဲ့တဲ့ ဂ်ဴဗင္တပ္စ္ကို ျပန္ေရာက္လာခဲ့တာပါ။ သူဟာ ဂ်ဴဗင္တပ္စ္မွာ ၁၇ႏွစ္ၾကာကစားခဲ့ၿပီး စီးရီးေအခ်န္ပီယံ ၁၁ႀကိမ္ ရရွိခဲ့ပါတယ္။

Photo Credit

Unicode

မိမိမှာ သမိုင်းတစ်လျှောက် ထာဝရအကြီးကျယ်ဆုံးဂိုးသမားလို့ ဆက်ဇနီ ပြက်လုံးထုတ်

ဂျူဗင်တပ်စ်အသင်းဂိုးသမား ဆက်ဇနီက တူရင်အခြေစိုက်အသင်းမှာ ဂန္ထဝင်ဂိုးသမားကြီး ဘူဖွန်က သူ့ရဲ့အရန်ဂိုးသမားအဖြစ် ရှိနေတာကြောင့် မိမိမှာ ဘောလုံးသမိုင်းတစ်လျှောက်ထာဝရအကြီးကျယ်ဆုံးဂိုးသမားဖြစ်တယ်လို့ ပြက်လုံးထုတ်နောက်ပြောင်သွားပါတယ်။
အီတလီလက်ရွေးစင်ဟောင်း ဘူဖွန်ဟာ ပီအက်စ်ဂျီအသင်းမှာ တစ်ရာသီကြာဖြတ်သန်းခဲ့ပြီးနောက် ဂျူဗင်တပ်စ်ကို ၁နှစ်စာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး အရင်တုန်းက အသင်းနဲ့အတူ အောင်မြင်မှုအများအပြားရရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပိုလန်လက်ရွေးစင် ဆက်ဇနီရဲ့အရန်ဂိုးသမားအဖြစ် ရပ်တည်နေရပါတယ်။
ဆက်ဇနီက ဂျူဗင်တပ်စ်အသင်းကို ဘူဖွန်ပြန်ရောက်လာလို့ ပျော်ရွှင်မိကြောင်းနဲ့ အသင်းရဲ့လက်ရှိအနေအထားအရ မိမိမှာ ဘောလုံးသမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးဂိုးသမားဖြစ်နေတာကို သက်သေပြနေကြောင်း ဆိုပါတယ်။
”ရိုးမားမှာ ကစားခဲ့တုန်းက ကျွန်တော်ဟာ အခုလီဗာပူးရောက်နေပြီဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံးဂိုးသမား အဲလစ်ဆန်ရဲ့အရန်ဂိုးသမားအဖြစ် ရှိခဲ့ပါတယ်။ အခု ဂျူဗင်တပ်စ်မှာ ကျွန်တော့်ရဲ့အရန်ဂိုးသမားက ဘောလုံးသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမားတစ်ဦးဖြစ်နေပါတယ်”
”အဆုံးသတ်ကောက်ချက်ဆွဲရရင် ကျွန်တော်ဟာ အခုဆိုရင် သမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသမားဖြစ်နေလောက်ပါပြီ။ ဘူဖွန်ဆီက နောက်ထပ်၁နှစ်အပိုလေ့လာခွင့်ရတာက ကျွန်တော့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံကောင်းတွေဖြစ်ပြီး သူပြန်ရောက်လာလို့လည်း ကျွန်တော်ပျော်ရွှင်မိပါတယ်”
”သူ့ရဲ့အပြောင်းအရွှေ့က အသင်းအတွက်ရော ကျွန်တော့်အတွက်ပါ ကောင်းပါတယ်။ သူနဲ့အတူ လေ့ကျင့်ခန်းဆင်းရတာတွေ၊ စကားပြောရတာတွေ၊ စောင့်ကြည့်ရတာတွေ၊ အတွေးတွေအပြန်အလှန်မျှဝေရတာတွေက ပိုက်ဆံနဲ့ဝယ်လို့မရတဲ့အရာတွေပါ။ ဒီအရာတွေကို အသုံးမချနိုင်ရင် ကျွန်တော်က တကယ့်မိုက်မဲသူဖြစ်သွားမှာပါ”လို့ ဆက်ဇနီက ပြောပါတယ်။
ဘူဖွန်ဟာ ပီအက်စ်ဂျီမှာ ကစားခဲ့တဲ့တစ်နှစ်တာကာလအတွင်း ၂၅ပွဲကစားခွင့်ရခဲ့ပြီး အသင်းလည်း လီဂူး-၁ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ၂၀၀၁-၀၂ ရာသီကစတင်ပြီး ကစားခဲ့တဲ့ ဂျူဗင်တပ်စ်ကို ပြန်ရောက်လာခဲ့တာပါ။ သူဟာ ဂျူဗင်တပ်စ်မှာ ၁၇နှစ်ကြာကစားခဲ့ပြီး စီးရီးအေချန်ပီယံ ၁၁ကြိမ် ရရှိခဲ့ပါတယ်။