မာလ္ဒီနီကို ေက်ာ္ၿပီးကလပ္ပြဲအမ်ားဆုံးကစားတဲ႔ စံခ်ိန္သစ္တင္လိုက္လို႔ ဘူဖြန္ဂုဏ္ယူေန

Photo- Internet
Photo- Internet

ဂ်ဴ ဗင္တပ္အသင္းဂိုးသမား ဘူဖြန္ဟာ SPAL ကို ၂-၀ နဲ႔အႏိုင္ရခဲ့တဲ႔ ပြဲမွာပါ၀င္ခဲ့ၿပီးေနာက္ မာလ္ဒီနီကိုေက်ာ္ျဖတ္ၿပီး အီတလီသားေတြထဲမွာ ကလပ္ပြဲအမ်ားဆုံးကစားတဲ႔ စံခ်ိန္သစ္ကိုတင္လိုက္တယ္လို႔ သိရပါတယ္။ အသက္ ၄၁ ႏွစ္ရွိၿပီျဖစ္တဲ႔ ဘူဖြန္ဟာၿပီးခဲ့တဲ႔ တစ္ပတ္က ဗီရိုနာနဲ႔ ပြဲမွာကတည္းက မာလ္ဒီနီရဲ႕စံခ်ိန္ကိုလိုက္မီထားတာျဖစ္ပါတယ္။

ေအစီမီလန္ဂႏၳ၀င္ျဖစ္တဲ႔ မာလ္ဒီနီဟာ ကလပ္အဆင့္မွာ ၉၀၂ ပြဲကစားၿပီးစံခ်ိန္တင္ထားသူျဖစ္ပါတယ္။ ဘူဖြန္ဟာၿပီးခဲ့တဲ႔ ၾကားရက္က ဘရက္စီယာနဲ႔ပြဲမွာမပါခဲ့ေပမယ္႔ SPAL နဲ႔ပြဲမွာေတာ႔ ျပန္လည္ပါ၀င္ၿပီး စံခ်ိန္သစ္တင္လိုက္တာျဖစ္ပါတယ္။ အဲဒီပြဲမွာ ဂ်ဴ ဗင္တပ္အတြက္ဂိုးေတြကို ပီဂ်ာနစ္နဲ႔ စီေရာ္နယ္ဒိုတို႔က သြင္းယူခဲ့ၾကတာပါ။

Photo- Internet

ဘူဖြန္က”တကယ္႔ကို စိတ္ေက်နပ္စရာဘဲဗ်။ မာလ္ဒီနီရဲ႕စံခ်ိန္ကိုေက်ာ္ဖို႔ နီးေနၿပီဆိုတာ ေနာက္ဆုံး ၂ ပြဲမတိုင္ခင္ကမွသိလိုက္ရတာပါ။ ဗီရိုနာနဲ႔ ပြဲမွာေတာ႔ မင္း မာလ္ဒီနီရဲ႕စံခ်ိန္ကိုလိုက္မီသြားၿပီလို႔ လာေျပာၾကတာပါ။ ဒါဟာက်ြန္ေတာ္႔ကိုအရမး္လည္းေပ်ာ္ရႊင္ေစသလို အရမး္လည္းဂုဏ္ယူရေစတာပါ။

Photo- Internet

ဒါဟာစိတ္ႀကီး၀င္တဲ႔ ပုံစံနဲ႔ေျပာတာမဟုတ္ပါဘူး။ ကစားေဖာ္ေတြရဲ႕ေဖးမမႈနဲ႔ က်ြန္ေတာ္ကိုယ္တိုင္ႀကိဳးစားခဲ့မႈရဲ႕အသီးအပြင့္ျဖစ္ပါတယ္။ ဒီအတြက္လည္း က်ြန္ေတာ္႔မိဘေတြ၊ ဇနီးသည္နဲ႔ က်ြန္ေတာ္႔ကိုအားေပးခဲ့တဲ႔သူေတြအားလုံးကို ေက်းဇူးတင္ပါတယ္” လို႔ေျပာသြားပါတယ္။

Photo- Internet

မာလ္ဒီနီဟာ သူ႔ကစားသမားဘ၀ကို ေအစီမီလန္တစ္သင္းတည္းနဲ႔ဘဲ အဆုံးသတ္ခဲ့တာျဖစ္ေပမယ္႔ ဘူဖြန္ကေတာ႔ အီတလီျပည္တြင္းက ပါးမားနဲ႔ ဂ်ဴ ဗင္တပ္အျပင္ ျပည္ပကလပ္တစ္ခုျဖစ္တဲ႔ ပီအက္စ္ဂ်ီမွာလည္း ကစားခဲ့တာပါ။ သူဟာ ပါးမားအတြက္ ၂၂၀ ပြဲ၊ ပီအက္စ္ဂ်ီအတြက္ ၂၅ ပြဲနဲ႔ ဂ်ဴ ဗင္တပ္အတြက္ ၆၅၈ ပြဲကစားခဲ့တာျဖစ္ပါတယ္။

Photo- Internet

Unicode

မာလ်ဒီနီကို ကျော်ပြီးကလပ်ပွဲအများဆုံးကစားတဲ့ စံချိန်သစ်တင်လိုက်လို့ ဘူဖွန်ဂုဏ်ယူနေ
ဂျူ ဗင်တပ်အသင်းဂိုးသမား ဘူဖွန်ဟာ SPAL ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲမှာပါဝင်ခဲ့ပြီးနောက် မာလ်ဒီနီကိုကျော်ဖြတ်ပြီး အီတလီသားတွေထဲမှာ ကလပ်ပွဲအများဆုံးကစားတဲ့ စံချိန်သစ်ကိုတင်လိုက်တယ်လို့ သိရပါတယ်။ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ဘူဖွန်ဟာပြီးခဲ့တဲ့ တစ်ပတ်က ဗီရိုနာနဲ့ ပွဲမှာကတည်းက မာလ်ဒီနီရဲ့စံချိန်ကိုလိုက်မီထားတာဖြစ်ပါတယ်။

အေစီမီလန်ဂန္ထဝင်ဖြစ်တဲ့ မာလ်ဒီနီဟာ ကလပ်အဆင့်မှာ ၉၀၂ ပွဲကစားပြီးစံချိန်တင်ထားသူဖြစ်ပါတယ်။ ဘူဖွန်ဟာပြီးခဲ့တဲ့ ကြားရက်က ဘရက်စီယာနဲ့ပွဲမှာမပါခဲ့ပေမယ့် SPAL နဲ့ပွဲမှာတော့ ပြန်လည်ပါဝင်ပြီး စံချိန်သစ်တင်လိုက်တာဖြစ်ပါတယ်။ အဲဒီပွဲမှာ ဂျူ ဗင်တပ်အတွက်ဂိုးတွေကို ပီဂျာနစ်နဲ့ စီရော်နယ်ဒိုတို့က သွင်းယူခဲ့ကြတာပါ။

ဘူဖွန်က”တကယ့်ကို စိတ်ကျေနပ်စရာဘဲဗျ။ မာလ်ဒီနီရဲ့စံချိန်ကိုကျော်ဖို့ နီးနေပြီဆိုတာ နောက်ဆုံး ၂ ပွဲမတိုင်ခင်ကမှသိလိုက်ရတာပါ။ ဗီရိုနာနဲ့ ပွဲမှာတော့ မင်း မာလ်ဒီနီရဲ့စံချိန်ကိုလိုက်မီသွားပြီလို့ လာပြောကြတာပါ။ ဒါဟာကျွန်တော့်ကိုအရမ်းလည်းပျော်ရွှင်စေသလို အရမ်းလည်းဂုဏ်ယူရစေတာပါ။

ဒါဟာစိတ်ကြီးဝင်တဲ့ ပုံစံနဲ့ပြောတာမဟုတ်ပါဘူး။ ကစားဖော်တွေရဲ့ဖေးမမှုနဲ့ ကျွန်တော်ကိုယ်တိုင်ကြိုးစားခဲ့မှုရဲ့အသီးအပွင့်ဖြစ်ပါတယ်။ ဒီအတွက်လည်း ကျွန်တော့်မိဘတွေ၊ ဇနီးသည်နဲ့ ကျွန်တော့်ကိုအားပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ပြောသွားပါတယ်။

မာလ်ဒီနီဟာ သူ့ကစားသမားဘဝကို အေစီမီလန်တစ်သင်းတည်းနဲ့ဘဲ အဆုံးသတ်ခဲ့တာဖြစ်ပေမယ့် ဘူဖွန်ကတော့ အီတလီပြည်တွင်းက ပါးမားနဲ့ ဂျူ ဗင်တပ်အပြင် ပြည်ပကလပ်တစ်ခုဖြစ်တဲ့ ပီအက်စ်ဂျီမှာလည်း ကစားခဲ့တာပါ။ သူဟာ ပါးမားအတွက် ၂၂၀ ပွဲ၊ ပီအက်စ်ဂျီအတွက် ၂၅ ပွဲနဲ့ ဂျူ ဗင်တပ်အတွက် ၆၅၈ ပွဲကစားခဲ့တာဖြစ်ပါတယ်။