မန္ယူနဲ႔ေနာက္ဆုံး ၆ လမွာ ဒီဂီယာရဲ႕လက္စြမ္းဟာ သာမန္သာရွိေၾကာင္း ရွ၀ါဇာသုံးသပ္

photo-gettyimages

photo-gettyimages

မန္ယူအသင္းအေနနဲ႔ ဒီဂီယာဆီကေန သာမန္စြမ္းေဆာင္ရည္သာ ရေတာ့တာ ၆ လတိုင္ရွိေနၿပီလို႔ ခ်ဲလ္ဆီးနဲ႔ဖူလ္ဟမ္ဂိုးသမားေဟာင္းရွ၀ါဇာက သုံးသပ္ေျပာၾကားလိုက္ပါတယ္။ အဲဒီစပိန္ဂိုးသမားဟာ ခရစၥတယ္ပဲေလ့စ္၊ေဆာက္သမ္တန္တို႔နဲ႔ပြဲေတြမွာ အမွားေတြလုပ္ခဲ့မိၿပီးေနာက္ ဒီရာသီမွာ ေ၀ဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒါ့အျပင္ ရွ၀ါဇာက သူ႔ရဲ႕က်ဆင္းလာတဲ့လက္စြမး္ေၾကာင့္ မန္ယူဟာ စာခ်ဳပ္သစ္ေဆြးေႏြးမႈမွာ ဒီဂီယာေတာင္းတဲ့လစာေပးဖို႔ထက္ ေရာင္းခ်ဖို႔ကိုသာ ဆုံးျဖတ္လာႏိုင္တယ္လို႔ ယုံၾကည္ေၾကာင္း ဆက္လက္ေျပာၾကားခဲ့ပါတယ္။

photo-reuters

မန္ယူနဲ႔ဒီဂီယာတုိ႔ရဲ႕စာခ်ဳပ္ကလည္း ေနာက္ဆုံးႏွစ္ထဲကို ေရာက္ရွိေနတာပါ။ တကယ္လုိ႔ သူသာ မန္ယူက အလြတ္ထြက္ခြာခြင့္ရမယ္ဆိုရင္ ဥေရာပအသင္းႀကီးေတြျဖစ္ၾကတဲ့ ရီးရဲလ္မက္ဒရစ္၊ဘာစီလုိနာနဲ႔ ပီအက္စ္ဂ်ီတုိ႔က စိတ္၀င္တစားျဖစ္ၾကမွာပါ။ လက္ရွိမွာလည္း မန္ယူနဲ႔ဒီဂီယာတို႔အၾကား စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးမႈေတြျပဳလုပ္ေနဆဲျဖစ္ေပမယ့္ ဒီအခ်ိန္အတြင္းမွာပဲ သိသာတဲ့အမွားေတြျပဳလုပ္ေနတာျဖစ္ၿပီး တကယ္လုိ႔ သူ႔ရဲ႕တန္ေၾကးသာ က်ဆင္းလာမယ္ဆိုရင္ မန္ယူဘက္က ဆက္ထိန္းဖို႔ကိစၥကို စဥ္းစားလာႏိုင္တယ္လုိ႔ ရွ၀ါဇာက ထင္ျမင္ယူဆေနတာပါ။

photo-gettyimages

”သူေတာင္းဆိုတာနဲ႔ သူ႔ရဲ႕တန္ေၾကးက ညီမွ်ျခင္းရွိမရိွကို တစ္ခ်ိန္မွာ မန္ယူဘက္က ဆုံးျဖတ္ရပါလိမ့္မယ္။ ဒီဂီယာနဲ႔ပတ္သက္တဲ့မွန္းဆသတင္းေတြရွိေနၿပီး သူကုိယ္တုိင္ကလည္း ထြက္ခြာဖို႔ကို ေရြးခ်ယ္မႈလုပ္ႏိုင္ေသးတာပါပဲ။ ေနာက္ဆုံးမွာ သူ႔ရဲ႕လက္ရွိစြမ္းေဆာင္မႈကို တိုင္းတာတဲ့အေျခအေန ေရာက္လာႏိုင္ပါတယ္။ သူ႔ရဲ႕ေနာက္ဆုံး ၆ လကိုၾကည့္မယ္ဆိုရင္ေတာ့ ဒီဂီယာဟာ သာမန္သာစြမ္းေဆာင္ႏိုင္ခဲ့ၿပီး အရင္က လက္စြမ္းကို နည္းနည္းမွကို ျပန္မမီေတာ့ဘူး။ စစ္စစ္ေပါက္ေပါက္ၾကည့္မယ္ဆုိရင္ ဂိုးေတာ္ေတာ္မာ်းမာ်းဟာ ဒီဂီယာရဲ႕တိုက္ရိုက္အမွားကေန လာတာပါ။ ကစားသမားတစ္ေယာက္အေနနဲ႔ ခ်ိန္ညွိျခင္းခံရမႈဟာ အၿမဲရွိပါတယ္။ လက္ရွိတန္ေၾကးက ဘယ္ေလာက္လဲဆိုရင္ မၾကာေသးခင္စြမး္ေဆာင္မႈကို ၾကည့္မွာပါ”လုိ႔ ရွ၀ါဇာက ေျပာခဲ့တာပါ။

[Unicode]

မန်ယူအသင်းအနေနဲ့ ဒီဂီယာဆီကနေ သာမန်စွမ်းဆောင်ရည်သာ ရတော့တာ ၆ လတိုင်ရှိနေပြီလို့ ချဲလ်ဆီးနဲ့ဖူလ်ဟမ်ဂိုးသမားဟောင်းရှဝါဇာက သုံးသပ်ပြောကြားလိုက်ပါတယ်။ အဲဒီစပိန်ဂိုးသမားဟာ ခရစ္စတယ်ပဲလေ့စ်၊ဆောက်သမ်တန်တို့နဲ့ပွဲတွေမှာ အမှားတွေလုပ်ခဲ့မိပြီးနောက် ဒီရာသီမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ရှဝါဇာက သူ့ရဲ့ကျဆင်းလာတဲ့လက်စွမ်းကြောင့် မန်ယူဟာ စာချုပ်သစ်ဆွေးနွေးမှုမှာ ဒီဂီယာတောင်းတဲ့လစာပေးဖို့ထက် ရောင်းချဖို့ကိုသာ ဆုံးဖြတ်လာနိုင်တယ်လို့ ယုံကြည်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

မန်ယူနဲ့ဒီဂီယာတို့ရဲ့စာချုပ်ကလည်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေတာပါ။ တကယ်လို့ သူသာ မန်ယူက အလွတ်ထွက်ခွာခွင့်ရမယ်ဆိုရင် ဥရောပအသင်းကြီးတွေဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့က စိတ်ဝင်တစားဖြစ်ကြမှာပါ။ လက်ရှိမှာလည်း မန်ယူနဲ့ဒီဂီယာတို့အကြား စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်နေဆဲဖြစ်ပေမယ့် ဒီအချိန်အတွင်းမှာပဲ သိသာတဲ့အမှားတွေပြုလုပ်နေတာဖြစ်ပြီး တကယ်လို့ သူ့ရဲ့တန်ကြေးသာ ကျဆင်းလာမယ်ဆိုရင် မန်ယူဘက်က ဆက်ထိန်းဖို့ကိစ္စကို စဉ်းစားလာနိုင်တယ်လို့ ရှဝါဇာက ထင်မြင်ယူဆနေတာပါ။

”သူတောင်းဆိုတာနဲ့ သူ့ရဲ့တန်ကြေးက ညီမျှခြင်းရှိမရှိကို တစ်ချိန်မှာ မန်ယူဘက်က ဆုံးဖြတ်ရပါလိမ့်မယ်။ ဒီဂီယာနဲ့ပတ်သက်တဲ့မှန်းဆသတင်းတွေရှိနေပြီး သူကိုယ်တိုင်ကလည်း ထွက်ခွာဖို့ကို ရွေးချယ်မှုလုပ်နိုင်သေးတာပါပဲ။ နောက်ဆုံးမှာ သူ့ရဲ့လက်ရှိစွမ်းဆောင်မှုကို တိုင်းတာတဲ့အခြေအနေ ရောက်လာနိုင်ပါတယ်။ သူ့ရဲ့နောက်ဆုံး ၆ လကိုကြည့်မယ်ဆိုရင်တော့ ဒီဂီယာဟာ သာမန်သာစွမ်းဆောင်နိုင်ခဲ့ပြီး အရင်က လက်စွမ်းကို နည်းနည်းမှကို ပြန်မမီတော့ဘူး။ စစ်စစ်ပေါက်ပေါက်ကြည့်မယ်ဆိုရင် ဂိုးတော်တော်မာျးမာျးဟာ ဒီဂီယာရဲ့တိုက်ရိုက်အမှားကနေ လာတာပါ။ ကစားသမားတစ်ယောက်အနေနဲ့ ချိန်ညှိခြင်းခံရမှုဟာ အမြဲရှိပါတယ်။ လက်ရှိတန်ကြေးက ဘယ်လောက်လဲဆိုရင် မကြာသေးခင်စွမ်းဆောင်မှုကို ကြည့်မှာပါ”လို့ ရှဝါဇာက ပြောခဲ့တာပါ။