မန္ယူကေန ေနာက္ဆုံးထြက္ခြာသူဒါမီယန္ ပါးမားကို ယူရို ၄ သန္းနဲ႔ေျပာင္း

photo-gettyimages

photo-gettyimages

မန္ယူေနာက္ခံလူဒါမီယန္ဟာ စီးရီးေအကလပ္ပါမားအသင္းကို ၄ ႏွစ္စာခ်ဳပ္နဲ႔ေျပာင္းေရႊ႕သြားၿပီျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ အဲဒီအီတလီသားေနာက္ခံလူရဲ႕ေျပာင္းေရႊ႕ေၾကးက ယူရို ၄ သန္း၀န္းက်င္ရွိမယ္လို႔ နားလည္ရပါတယ္။ ဒါမီယန္ဟာ ၂၀၁၅ ဇူလိုင္တုန္းက မန္ယူနည္းျပေဟာင္းလူး၀စ္ဗန္ေဂါလ္ေခၚယူခဲ့သူျဖစ္ၿပီး အဲဒီတုန္းက ေျပာင္းေရႊ႕ေၾကးေပါင္ ၁၂.၇ သန္းနဲ႔ တိုရီႏိုကေန ေရာက္ရွိလာခဲ့တာပါ။

photo-gettyimages

ဒါမီယန္ဟာ အုိးလ္ထရက္ဖုိ႔ဒ္က သူ႔ရဲ႕ပထမဆုံးရာသီမွာ ပုံမွန္ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ၿပိဳင္ပြဲအရပ္ရပ္ ၃၉ ပြဲကစားခဲ့ရကာ အဲဒီရာသီမွာပဲ မန္ယူနဲ႔အတူ အက္ဖ္ေအဖလားဆြတ္ခူးခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီရာသီအၿပီး ဗန္ေဂါလ္ထြက္ခြာသြားၿပီးေနာက္ပိုင္း ဒါမီယန္ဟာ ပုံမွန္ေနရာရဖို႔ ရုန္းကန္ခဲ့ရပါတယ္။ ဗန္ေဂါလ္ေနရာဆက္ခံတဲ့ေမာ္ရင္ဟိုဟာ ညာေနာက္ခံေနရာမွာ ဗလန္စီယာကိုသာ ပိုၿပီးဦးစားေပးခဲ့တာပါ။ ဒါေၾကာင့္မုိ႔လည္း ဒါမီယန္ဟာ မန္ယူနဲ႔သူ႔ရဲဲ႕ေနာက္ဆုံး ၃ ရာသီမွာ ၿပိဳင္ပြဲအရပ္ရပ္ ၅၃ ပြဲသာကစားခြင့္ရခဲ့ပါတယ္။ ဒီရာသီမွာဆုိရင္ ကစားခြင့္ေတာင္ မရေတာ့ပါဘူး။

photo-gettyimages

ဒါမီယန္ဟာ ၿပီးခဲ့တဲ့ ၁၂ လကတည္းက အသင္းကထြက္ဖို႔ ဆႏၵျပင္းျပခဲ့တာပါ။ အခုေတာ့ သူဟာ မန္ယူကေန ေနာက္ဆုံးထြက္ခြာသူျဖစ္လာပါတယ္။ မန္ယူကလည္း မၾကာေသးခင္ကလည္း စေမာလင္းနဲ႔ ဆန္းခ်က္ဇ္တို႔ကို အငွားနဲ႔ ေျပာင္းေရႊ႕ေစခဲ့ၿပီး အဲဒီမတိုင္ခင္ တိုက္စစ္မႈးလူကာကူကုိလညး္ အင္တာမီလန္ထံ ေရာင္းခ်ထားတာပါ။ စေမာလင္းက ရိုးမား၊ ဆန္းခ်က္ဇ္က အင္တာမို႔ မန္ယူေနာက္ဆုံးလက္လႊတ္ခဲ့တဲ့ ပထမအသင္းကစားသမား ၄ ဦးစလုံးဟာ စီးရီးေအကိုသာ ေျပာင္းခဲ့ၾကတာ ျဖစ္ပါတယ္။

[Unicode]

မန်ယူနောက်ခံလူဒါမီယန်ဟာ စီးရီးအေကလပ်ပါမားအသင်းကို ၄ နှစ်စာချုပ်နဲ့ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် အဲဒီအီတလီသားနောက်ခံလူရဲ့ပြောင်းရွှေ့ကြေးက ယူရို ၄ သန်းဝန်းကျင်ရှိမယ်လို့ နားလည်ရပါတယ်။ ဒါမီယန်ဟာ ၂၀၁၅ ဇူလိုင်တုန်းက မန်ယူနည်းပြဟောင်းလူးဝစ်ဗန်ဂေါလ်ခေါ်ယူခဲ့သူဖြစ်ပြီး အဲဒီတုန်းက ပြောင်းရွှေ့ကြေးပေါင် ၁၂.၇ သန်းနဲ့ တိုရီနိုကနေ ရောက်ရှိလာခဲ့တာပါ။

ဒါမီယန်ဟာ အိုးလ်ထရက်ဖို့ဒ်က သူ့ရဲ့ပထမဆုံးရာသီမှာ ပုံမှန်ပွဲထွက်ကစားခွင့်ရခဲ့ပြီး ပြိုင်ပွဲအရပ်ရပ် ၃၉ ပွဲကစားခဲ့ရကာ အဲဒီရာသီမှာပဲ မန်ယူနဲ့အတူ အက်ဖ်အေဖလားဆွတ်ခူးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီရာသီအပြီး ဗန်ဂေါလ်ထွက်ခွာသွားပြီးနောက်ပိုင်း ဒါမီယန်ဟာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဗန်ဂေါလ်နေရာဆက်ခံတဲ့မော်ရင်ဟိုဟာ ညာနောက်ခံနေရာမှာ ဗလန်စီယာကိုသာ ပိုပြီးဦးစားပေးခဲ့တာပါ။ ဒါကြောင့်မို့လည်း ဒါမီယန်ဟာ မန်ယူနဲ့သူ့ရဲ့နောက်ဆုံး ၃ ရာသီမှာ ပြိုင်ပွဲအရပ်ရပ် ၅၃ ပွဲသာကစားခွင့်ရခဲ့ပါတယ်။ ဒီရာသီမှာဆိုရင် ကစားခွင့်တောင် မရတော့ပါဘူး။

ဒါမီယန်ဟာ ပြီးခဲ့တဲ့ ၁၂ လကတည်းက အသင်းကထွက်ဖို့ ဆန္ဒပြင်းပြခဲ့တာပါ။ အခုတော့ သူဟာ မန်ယူကနေ နောက်ဆုံးထွက်ခွာသူဖြစ်လာပါတယ်။ မန်ယူကလည်း မကြာသေးခင်ကလည်း စမောလင်းနဲ့ ဆန်းချက်ဇ်တို့ကို အငှားနဲ့ ပြောင်းရွှေ့စေခဲ့ပြီး အဲဒီမတိုင်ခင် တိုက်စစ်မှုးလူကာကူကိုလည်း အင်တာမီလန်ထံ ရောင်းချထားတာပါ။ စမောလင်းက ရိုးမား၊ ဆန်းချက်ဇ်က အင်တာမို့ မန်ယူနောက်ဆုံးလက်လွှတ်ခဲ့တဲ့ ပထမအသင်းကစားသမား ၄ ဦးစလုံးဟာ စီးရီးအေကိုသာ ပြောင်းခဲ့ကြတာ ဖြစ်ပါတယ်။