မန္စီးတီးနဲ႔ ဖလား ၇ လံုးရဖုိ႔ ဖာဂူဆန္ ၂၆ ႏွစ္သံုးခဲ့တာနဲ႔ တန္းတူနီးပါးသံုးစြဲခဲ့ရတဲ့ ဂြါဒီယိုလာ

Photo Credit: Getty Images
Photo Credit: Getty Images

ဒီေန႔ေခတ္ေဘာလံုးေလာကမွာ ေအာင္ျမင္မႈအရာနဲ႔ပတ္သက္လာရင္ မန္စီးတီးနည္းျပဂြါဒီယိုလာကိုပဲ စံထားၾကတာပါ။ သူ႕ရဲ႕နည္းျပသက္တမ္း ၁၀ ႏွစ္ေက်ာ္အတြင္း ဖလားမရတဲ့ႏွစ္ဆိုတာကလည္း တကယ့္ကုိခပ္ရွားရွားပါပဲ။ ဒါေပမဲ့ မန္စီးတီးကို ဂြါဒီယိုလာေရာက္လာၿပီး ၃ ႏွစ္အတြင္း စုစုေပါင္း ဖလား ၇ လံုးရဖုိ႔အတြက္ သံုးစြဲခဲ့တဲ့ေငြေၾကးကေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္မန္ယူကို ၂၆ ႏွစ္ခြဲေလာက္ကိုင္တြယ္ခဲ့တဲ့ ဂႏၳ၀င္နည္းျပႀကီးဖာဂူဆန္သံုးစြဲခဲ့တာနဲ႔ တန္းတူနီးပါးျဖစ္ေနတယ္လုိ႔ စစ္တမ္းတစ္ရပ္ကေဖာ္ျပခဲ့ပါတယ္။

Photo Credit: Getty Images

၂၀၁၆ က မန္စီးတီးကိုေရာက္လာခဲ့တဲ့ ဂြါဒီယိုလာဟာ ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္၊ အက္ဖ္ေအဖလား ၁ ႀကိမ္၊ အဂၤလန္လိဂ္ဖလား ၂ ႀကိမ္နဲဲ႔ ကြန္ျမဴနတီဒိုင္း ၂ ႀကိမ္ရခဲ့လုိ႔ စုစုေပါင္းဖလား ၇ လံုးရရွိခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီ ၃ ႏွစ္ေက်ာ္ကာလအတြင္းမွာတင္ ဂြါဒီယိုလာဟာ ကစားသမားေခၚယူဖုိ႔အတြက္ ေပါင္ ၅၃၉.၇၂ သန္းအထိသံုးစြဲခဲ့တာျဖစ္ၿပီး စုစုေပါင္း ကစားသမား ၂၂ ဦးရွိခဲ့ပါတယ္။ ဒါဟာ လက္ရွိပရီးမီးယားလိဂ္နည္းျပေတြထဲက ဘယ္သူနဲ႔ပဲယွဥ္ယွဥ္ အမ်ားဆံုးပမာဏျဖစ္ေနၿပီး မန္ယူကို ၂၆ ႏွစ္ခြဲၾကာကိုင္တြယ္ခဲ့တဲ့ ဖာဂူဆန္ရဲ႕တစ္သက္တာအသံုးစရိတ္နဲ႔တန္းတူနီးပါးကိုျဖစ္ေနတာပါ။

Photo Credit: Getty Images

ဖာဂူဆန္ဟာ မန္ယူအသင္းကုိကိုင္တြယ္စဥ္အတြင္း ကစားသမားေခၚယူမႈအတြက္ စုစုေပါင္းအသံုးစရိတ္ ေပါင္ ၅၄၆.၈၁ သန္းအသံုးျပဳခဲ့ပါတယ္။ ဒါဟာ ဂြါဒီယိုလာသံုးစြဲဲထားတာထက္ ေပါင္ ၇ သန္းပဲပိုမ်ားတဲ့ပမာဏပါ။ ဒါေပမဲဲ့ ဖာဂူဆန္ဟာ အဲဒီ ၂၆ ႏွစ္ခြဲတာကာလအတြင္း ကြန္ျမဴနတီဒိုင္းလုိမ်ဳိး ဖလားအငယ္စားေတြကိုပါထည့္တြက္ရင္ မန္ယူအသင္းအတြက္ စုစုေပါင္းဖလား ၃၈ လံုးအထိရယူေပးႏုိင္ခဲ့တာျဖစ္ပါတယ္။ ဖာဂူဆန္ဟာ သူ႕ေခတ္သူ႕အခါက ၿဗိတိန္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးကို ၇ ႀကိမ္တုိင္ခ်ဳိးဖ်က္ခဲ့ဖူးသူျဖစ္ေပမယ့္ ေငြေၾကးနဲ႔အသင္းကိုတည္ေဆာက္မႈထက္ လူငယ္မ်ဳိးဆက္သစ္မ်ားစြာကိုလည္း ေမြးထုတ္ေပးႏုိင္ခဲ့သူျဖစ္ၿပီး ဒီေန႔ေခတ္ထိပ္တန္းနည္းျပေတြနဲ႔ မ်ားစြာကြာျခားတယ္လုိ႔လည္း အဆုိပါစစ္တမ္းက သံုးသပ္ခဲဲ့ပါတယ္။

Photo Credit: Getty Images

ဂြါဒီယိုလာရဲ႕ၿပိဳင္ဘက္ ေမာ္ရင္ဟိုကေတာ့ မန္ယူကိုကိုင္တြယ္စဥ္အတြင္း ကစားသမားေခၚယူမႈအတြက္ ေပါင္သန္း ၄၀၀ သံုးစြဲခဲ့ၿပီး ဖလား ၃ လံုးသာရယူႏုိင္ခဲ့ပါတယ္။ လက္ရွိကလပ္တစ္ခုကိုတာ၀န္ယူေနတဲ့ နည္းျပေတြထဲမွာေတာ့ ကလပ္တစ္ခုနဲ႔အတူ ေငြသံုးစြဲမႈအမ်ားဆံုးသူက အက္သလက္တီကိုနည္းျပဆီျမြန္နီျဖစ္ေနပါတယ္။ သူဟာ အက္သလက္တီကိုကို ၂၀၁၁ က စတင္ကိုင္တြယ္ၿပီးေနာက္ ကစားသမားေခၚယူမႈ ၄၅ ႀကိမ္အတြက္ ေပါင္ ၅၈၅.၀၅ သန္းသံုးစြဲထားပါတယ္။ သူ႕ရဲ႕ေနာက္မွာေတာ့ မန္စီးတီးနည္းျပဂြါဒီယိုလာကရပ္တည္ေနတာပါ။ အဆင့္ ၃ ေနရာမွာေတာ့ ဘာစီလုိနာနည္းျပဗယ္ဗာဒီက ကစားသမားသစ္ ၁၁ ဦး၊ ဖလား ၄ လံုးအတြက္ ေပါင္ ၄၅၀.၃၆ သန္းသံုးစြဲကာရပ္တည္ေနၿပီး အဆင့္ ၄ ေနရာမွာရပ္တည္ေနတဲ့ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္က ကစားသမားသစ္ ၁၃ ဦး၊ ဖလား ၂ လံုးအတြက္ ေပါင္ ၃၉၈.၄၈ သန္းသံုးစြဲခဲ့တယ္လုိ႔ သိရပါတယ္။

(Unicode)

မန်စီးတီးနဲ့ ဖလား ၇ လုံးရဖို့ ဖာဂူဆန် ၂၆ နှစ်သုံးခဲ့တာနဲ့ တန်းတူနီးပါးသုံးစွဲခဲ့ရတဲ့ ဂွါဒီယိုလာ

ဒီနေ့ခေတ်ဘောလုံးလောကမှာ အောင်မြင်မှုအရာနဲ့ပတ်သက်လာရင် မန်စီးတီးနည်းပြဂွါဒီယိုလာကိုပဲ စံထားကြတာပါ။ သူ့ရဲ့နည်းပြသက်တမ်း ၁၀ နှစ်ကျော်အတွင်း ဖလားမရတဲ့နှစ်ဆိုတာကလည်း တကယ့်ကိုခပ်ရှားရှားပါပဲ။ ဒါပေမဲ့ မန်စီးတီးကို ဂွါဒီယိုလာရောက်လာပြီး ၃ နှစ်အတွင်း စုစုပေါင်း ဖလား ၇ လုံးရဖို့အတွက် သုံးစွဲခဲ့တဲ့ငွေကြေးကတော့ မြို့ခံပြိုင်ဘက်မန်ယူကို ၂၆ နှစ်ခွဲလောက်ကိုင်တွယ်ခဲ့တဲ့ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်သုံးစွဲခဲ့တာနဲ့ တန်းတူနီးပါးဖြစ်နေတယ်လို့ စစ်တမ်းတစ်ရပ်ကဖော်ပြခဲ့ပါတယ်။

၂၀၁၆ က မန်စီးတီးကိုရောက်လာခဲ့တဲ့ ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ အင်္ဂလန်လိဂ်ဖလား ၂ ကြိမ်နဲဲ့ ကွန်မြူနတီဒိုင်း ၂ ကြိမ်ရခဲ့လို့ စုစုပေါင်းဖလား ၇ လုံးရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ၃ နှစ်ကျော်ကာလအတွင်းမှာတင် ဂွါဒီယိုလာဟာ ကစားသမားခေါ်ယူဖို့အတွက် ပေါင် ၅၃၉.၇၂ သန်းအထိသုံးစွဲခဲ့တာဖြစ်ပြီး စုစုပေါင်း ကစားသမား ၂၂ ဦးရှိခဲ့ပါတယ်။ ဒါဟာ လက်ရှိပရီးမီးယားလိဂ်နည်းပြတွေထဲက ဘယ်သူနဲ့ပဲယှဉ်ယှဉ် အများဆုံးပမာဏဖြစ်နေပြီး မန်ယူကို ၂၆ နှစ်ခွဲကြာကိုင်တွယ်ခဲ့တဲ့ ဖာဂူဆန်ရဲ့တစ်သက်တာအသုံးစရိတ်နဲ့တန်းတူနီးပါးကိုဖြစ်နေတာပါ။

ဖာဂူဆန်ဟာ မန်ယူအသင်းကိုကိုင်တွယ်စဉ်အတွင်း ကစားသမားခေါ်ယူမှုအတွက် စုစုပေါင်းအသုံးစရိတ် ပေါင် ၅၄၆.၈၁ သန်းအသုံးပြုခဲ့ပါတယ်။ ဒါဟာ ဂွါဒီယိုလာသုံးစွဲဲထားတာထက် ပေါင် ၇ သန်းပဲပိုများတဲ့ပမာဏပါ။ ဒါပေမဲဲ့ ဖာဂူဆန်ဟာ အဲဒီ ၂၆ နှစ်ခွဲတာကာလအတွင်း ကွန်မြူနတီဒိုင်းလိုမျိုး ဖလားအငယ်စားတွေကိုပါထည့်တွက်ရင် မန်ယူအသင်းအတွက် စုစုပေါင်းဖလား ၃၈ လုံးအထိရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဖာဂူဆန်ဟာ သူ့ခေတ်သူ့အခါက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးကို ၇ ကြိမ်တိုင်ချိုးဖျက်ခဲ့ဖူးသူဖြစ်ပေမယ့် ငွေကြေးနဲ့အသင်းကိုတည်ဆောက်မှုထက် လူငယ်မျိုးဆက်သစ်များစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သူဖြစ်ပြီး ဒီနေ့ခေတ်ထိပ်တန်းနည်းပြတွေနဲ့ များစွာကွာခြားတယ်လို့လည်း အဆိုပါစစ်တမ်းက သုံးသပ်ခဲဲ့ပါတယ်။

ဂွါဒီယိုလာရဲ့ပြိုင်ဘက် မော်ရင်ဟိုကတော့ မန်ယူကိုကိုင်တွယ်စဉ်အတွင်း ကစားသမားခေါ်ယူမှုအတွက် ပေါင်သန်း ၄၀၀ သုံးစွဲခဲ့ပြီး ဖလား ၃ လုံးသာရယူနိုင်ခဲ့ပါတယ်။ လက်ရှိကလပ်တစ်ခုကိုတာဝန်ယူနေတဲ့ နည်းပြတွေထဲမှာတော့ ကလပ်တစ်ခုနဲ့အတူ ငွေသုံးစွဲမှုအများဆုံးသူက အက်သလက်တီကိုနည်းပြဆီမြွန်နီဖြစ်နေပါတယ်။ သူဟာ အက်သလက်တီကိုကို ၂၀၁၁ က စတင်ကိုင်တွယ်ပြီးနောက် ကစားသမားခေါ်ယူမှု ၄၅ ကြိမ်အတွက် ပေါင် ၅၈၅.၀၅ သန်းသုံးစွဲထားပါတယ်။ သူ့ရဲ့နောက်မှာတော့ မန်စီးတီးနည်းပြဂွါဒီယိုလာကရပ်တည်နေတာပါ။ အဆင့် ၃ နေရာမှာတော့ ဘာစီလိုနာနည်းပြဗယ်ဗာဒီက ကစားသမားသစ် ၁၁ ဦး၊ ဖလား ၄ လုံးအတွက် ပေါင် ၄၅၀.၃၆ သန်းသုံးစွဲကာရပ်တည်နေပြီး အဆင့် ၄ နေရာမှာရပ်တည်နေတဲ့ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ကစားသမားသစ် ၁၃ ဦး၊ ဖလား ၂ လုံးအတွက် ပေါင် ၃၉၈.၄၈ သန်းသုံးစွဲခဲ့တယ်လို့ သိရပါတယ်။