မတူညီတဲ့ႏိုင္ငံအသင္း ၄၀ ဘက္ဂုိးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားအျဖစ္ ေရာ္နယ္ဒို စံခ်ိန္သစ္တင္

Photo Credit ; Reuters

Photo Credit ; AFP / Getty Images

ေပၚတူဂီအသင္းေခါင္းေဆာင္ေရာ္နယ္ဒိုဟာ လက္ေရြးစင္အသင္းအတြက္ သြင္းဂိုး ၉၀ သြင္းယူႏိုင္တဲ့ပထမဆုံးဥေရာပကစားသမားျဖစ္လာေၾကာင္း သိရပါတယ္။

Photo Credit ; AP

အသက္ ၃၄ႏွစ္အရြယ္ရွိ ေရာ္နယ္ဒိုဟာ အဂၤါညက လစ္သူေယးနီးယားကို ၁-၅ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ယူ႐ို ၂၀၂၀ ေျခစစ္ပြဲမွာ တစ္ဦးတည္း ၄ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ပြဲေပါင္း ၁၆၀ မွာ သြင္းဂုိး ၉၃ ဂိုးျပည့္ေျမာက္ခဲ့တာပါ။

Photo Credit ; EPA

ဒါ့အျပင္ ေရာ္နယ္ဒိုဟာ လစ္သူေယးနီးယားနဲ႔ပဲြမွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ မတူညီတဲ့လက္ေရြးစင္ၿပိဳင္ဘက္အသင္း ၄၀ဘက္ဂုိးသြင္းယူႏုိင္တဲ့ပထမဆုံးကစားသမားအျဖစ္လည္း စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါတယ္။

Photo Credit ; Reuters

ဂ်ဴဗင္တင္ပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ ပြဲအစ ၇မိနစ္မွာပဲ ပင္နယ္တီကေန ေပၚတူဂီအသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ၿပီး အဲဒီေနာက္ ပြဲကစားခ်ိန္ ၁၅မိနစ္အတြင္း ဟက္ထရစ္သြင္းယူကာ လက္ေရြးစင္အသင္းကို ဂိုးျပတ္ႏိုင္ပြဲရယူေပးႏုိင္ခဲ့ပါတယ္။

Photo Credit

ဒီလုိတစ္ဦးခ်င္းဆုိင္ရာစံခ်ိန္ေတြထပ္မံေရးထုိးႏိုင္ခဲ့ေပမယ့္ ေရာ္နယ္ဒိုကေတာ့ အသင္းရဲ႕အေျခအေနပိုေကာင္းလာလုိ႔ ပိုမိုေပ်ာ္ရႊင္မိေၾကာင္း ဖြင့္ဟခဲ့ၿပီး ေပၚတူဂီအေနနဲ႔ ၂ပြဲဆက္အႏိုင္ေၾကာင့္ ဒုတိယေနရာ တက္လွမ္းႏိုင္ခဲ့ပါတယ္။

Photo Credit

”ကၽြန္ေတာ့္အတြက္ ေကာင္းမြန္တဲ့အခ်ိန္ေတြျဖစ္ေပမယ့္ အသင္းရဲ႕စြမ္းေဆာင္ရည္ကလည္း အရမ္းေကာင္းပါတယ္။ ဂိုးေတြသြင္းယူႏိုင္လုိ႔ ကၽြန္ေတာ္ ေပ်ာ္ရႊင္ေနတာမဟုတ္ဘဲ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အသင္းရဲ႕အဆင့္အတန္းေၾကာင့္ ေပ်ာ္ရႊင္ေနတာပါ”လုိ႔ ေရာ္နယ္ဒိုက ေျပာပါတယ္။

Unicode

မတူညီတဲ့နိုင်ငံအသင်း ၄၀ ဘက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားအဖြစ် ရော်နယ်ဒို စံချိန်သစ်တင်

ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုဟာ လက်ရွေးစင်အသင်းအတွက် သွင်းဂိုး ၉၀ သွင်းယူနိုင်တဲ့ပထမဆုံးဥရောပကစားသမားဖြစ်လာကြောင်း သိရပါတယ်။
အသက် ၃၄နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အင်္ဂါညက လစ်သူယေးနီးယားကို ၁-၅ ဂိုးနဲ့အနိုင်ရခဲ့တဲ့ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ တစ်ဦးတည်း ၄ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲပေါင်း ၁၆၀ မှာ သွင်းဂိုး ၉၃ ဂိုးပြည့်မြောက်ခဲ့တာပါ။
ဒါ့အပြင် ရော်နယ်ဒိုဟာ လစ်သူယေးနီးယားနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မတူညီတဲ့လက်ရွေးစင်ပြိုင်ဘက်အသင်း ၄၀ဘက်ဂိုးသွင်းယူနိုင်တဲ့ပထမဆုံးကစားသမားအဖြစ်လည်း စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဂျူဗင်တင်ပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပွဲအစ ၇မိနစ်မှာပဲ ပင်နယ်တီကနေ ပေါ်တူဂီအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး အဲဒီနောက် ပွဲကစားချိန် ၁၅မိနစ်အတွင်း ဟက်ထရစ်သွင်းယူကာ လက်ရွေးစင်အသင်းကို ဂိုးပြတ်နိုင်ပွဲရယူပေးနိုင်ခဲ့ပါတယ်။
ဒီလိုတစ်ဦးချင်းဆိုင်ရာစံချိန်တွေထပ်မံရေးထိုးနိုင်ခဲ့ပေမယ့် ရော်နယ်ဒိုကတော့ အသင်းရဲ့အခြေအနေပိုကောင်းလာလို့ ပိုမိုပျော်ရွှင်မိကြောင်း ဖွင့်ဟခဲ့ပြီး ပေါ်တူဂီအနေနဲ့ ၂ပွဲဆက်အနိုင်ကြောင့် ဒုတိယနေရာ တက်လှမ်းနိုင်ခဲ့ပါတယ်။
”ကျွန်တော့်အတွက် ကောင်းမွန်တဲ့အချိန်တွေဖြစ်ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်ကလည်း အရမ်းကောင်းပါတယ်။ ဂိုးတွေသွင်းယူနိုင်လို့ ကျွန်တော် ပျော်ရွှင်နေတာမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အသင်းရဲ့အဆင့်အတန်းကြောင့် ပျော်ရွှင်နေတာပါ”လို့ ရော်နယ်ဒိုက ပြောပါတယ်။