ဘီလာရုစ္နဲ႔ပြဲမွာ လွပတဲ့ဂိုးသြင္းခဲ့တဲ့ဒန္နီရယ္ဂ်ိမ္းစ္ကို ရပ္တန္႔လို႔မရႏိုင္သူလုိ႔ ဂစ္ခ်ီးက်ဴး

photo-the sun

photo-gettyimages

မန္ယူေတာင္ပံကစားသမားေလးဒန္နီရယ္ဂ်ိမ္းစ္ဟာ တနလၤာညကစားခဲ့တဲ့ ဘီလ္ရုစ္နဲ႔ေျခစမ္းပြဲစဥ္မွာ ေ၀းလ္အတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးကို လွလွပပသြငး္ေပးခဲ့ၿပီး ဒီရာသီျပသေနတဲ့ သူ႔ရဲ႕ေျခစြမ္းေကာင္းကို ဆက္ထိန္းႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း မန္ယူကစားသမားေဟာင္းပဲျဖစ္တဲ့ ေ၀းလ္နည္းျပရြိဳင္ယန္ဂစ္က ရပ္တန္႔လို႔မရႏိုင္သူတစ္ေယာက္အျဖစ္ ဒန္နီရယ္ဂ်ိမ္းစ္ကို ခ်ီးက်ဴးေျပာၾကားမႈျပဳလုပ္လိုက္ပါတယ္။

photo-gettyimages

၂၁ ႏွစ္သာရွိေသးတဲ့ ဒန္နီရယ္ဂ်ိမ္းစ္ဟာ မိနစ္ ၅၀ မွာ ဂါရတ္ေဘးလ္နဲ႔ လူစားလဲျခင္းမခံရခင္အခ်ိန္ထိ ၿပိဳင္ဘက္ခံစစ္ကို စဥ္ဆက္မျပတ္ၿခိမ္းေျခာက္မႈလုပ္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္အေစာပိုင္း ၁၇ မိနစ္မွာတင္ ပင္နယ္တီဧရိယာအစပ္ ၁၈ ကိုက္အကြာကေန အေ၀းတုိင္ေထာင့္ထဲေ၀့၀ိုက္ကန္သြင္းၿပီး ေ၀းလ္အတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးျဖစ္ေစခဲ့တာပါ။ သူဟာ ဒီေႏြရာသီေစ်းကြက္မွာမွ ဆြမ္းဆီးကေန ေရာက္လာတာျဖစ္ေပမယ့္ မန္ယူနဲ႔ခ်က္ခ်င္းပဲ အထိုင္က်ခဲ့ၿပီး ဆုိးလ္ရွားရဲ႕အသင္းအတြက္ ရာသီအစ ၄ ပြဲမွ ၃ ဂိုးသြင္းေပးထားပါတယ္။ ဒန္နီရယ္ဂ်ိမး္စ္သြင္းခဲ့တဲ့ ဂိုးအမ်ားစုကလည္း ေ၀့၀ိုက္ကန္ခ်က္ေတြနဲ႔ လွပခဲ့ပါတယ္။

photo-gettyimages

”သူဘာလုပ္ေတာ့မယ္ဆုိတာ သိေနရဲ႕သားနဲ႔ တားဆီးလုိ႔မရႏိုင္တဲ့ကစားသမားေတြထဲမွာ ဒန္နီရယ္ဂ်ိမ္းစ္ဟာ တစ္ေယာက္အပါအ၀င္ပါ။ ဒီလိုမ်ိဳးသူသြင္းတဲ့ဂိုးေတြ အမ်ားႀကီးရွိပါတယ္။ သူ႔ကို ကၽြန္ေတာ္စေတြ႕တုန္းက ငယ္ရြယ္တဲ့ေတာင္ပံကစားသမားအျဖစ္နဲ႔ပါပဲ။ ဂိုးေတြပိုသြင္းရင္ တိုးတက္ႏိုင္မယ္ေပါ့။ ဒါေပမဲ့ အဒါကို သူလုပ္ႏိုင္ေနပါၿပီ။ ရာသီအစမွာ သူလုပ္ခဲ့တာက အံ့ၾသစရာပါ။ ေနာက္ထပ္တစ္ဆင့္ကေတာ့ ေျခစြမး္တည္ၿငိမ္မႈပါပဲ။ လက္ရွိအခ်ိန္ထိေတာ့ တည္ၿငိမ္ေနေပမယ့္ အဲဒါကို သူဆက္လက္သယ္ေဆာင္ႏိုင္ဖို႔ လုိပါတယ္။ ဒါေပမဲ့ အဲဒါျဖစ္လာလိမ့္မယ္ဆုိတာကို ကၽြန္ေတာ္သံသယမရွိပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ သူက အေကာင္းဆုံးျဖစ္ခ်င္ေနတာေလ”လို႔ ဂစ္က ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ပတ္သက္လုိ႔ ခ်ီးက်ဴးေျပာၾကားခဲ့တာပါ။

[Unicode]

မန်ယူတောင်ပံကစားသမားလေးဒန်နီရယ်ဂျိမ်းစ်ဟာ တနင်္လာညကစားခဲ့တဲ့ ဘီလ်ရုစ်နဲ့ခြေစမ်းပွဲစဉ်မှာ ဝေးလ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို လှလှပပသွင်းပေးခဲ့ပြီး ဒီရာသီပြသနေတဲ့ သူ့ရဲ့ခြေစွမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း မန်ယူကစားသမားဟောင်းပဲဖြစ်တဲ့ ဝေးလ်နည်းပြရွိုင်ယန်ဂစ်က ရပ်တန့်လို့မရနိုင်သူတစ်ယောက်အဖြစ် ဒန်နီရယ်ဂျိမ်းစ်ကို ချီးကျူးပြောကြားမှုပြုလုပ်လိုက်ပါတယ်။

၂၁ နှစ်သာရှိသေးတဲ့ ဒန်နီရယ်ဂျိမ်းစ်ဟာ မိနစ် ၅၀ မှာ ဂါရတ်ဘေးလ်နဲ့ လူစားလဲခြင်းမခံရခင်အချိန်ထိ ပြိုင်ဘက်ခံစစ်ကို စဉ်ဆက်မပြတ်ခြိမ်းခြောက်မှုလုပ်နိုင်ခဲ့ပြီး ပွဲချိန်အစောပိုင်း ၁၇ မိနစ်မှာတင် ပင်နယ်တီဧရိယာအစပ် ၁၈ ကိုက်အကွာကနေ အဝေးတိုင်ထောင့်ထဲဝေ့ဝိုက်ကန်သွင်းပြီး ဝေးလ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးဖြစ်စေခဲ့တာပါ။ သူဟာ ဒီနွေရာသီဈေးကွက်မှာမှ ဆွမ်းဆီးကနေ ရောက်လာတာဖြစ်ပေမယ့် မန်ယူနဲ့ချက်ချင်းပဲ အထိုင်ကျခဲ့ပြီး ဆိုးလ်ရှားရဲ့အသင်းအတွက် ရာသီအစ ၄ ပွဲမှ ၃ ဂိုးသွင်းပေးထားပါတယ်။ ဒန်နီရယ်ဂျိမ်းစ်သွင်းခဲ့တဲ့ ဂိုးအများစုကလည်း ဝေ့ဝိုက်ကန်ချက်တွေနဲ့ လှပခဲ့ပါတယ်။

”သူဘာလုပ်တော့မယ်ဆိုတာ သိနေရဲ့သားနဲ့ တားဆီးလို့မရနိုင်တဲ့ကစားသမားတွေထဲမှာ ဒန်နီရယ်ဂျိမ်းစ်ဟာ တစ်ယောက်အပါအဝင်ပါ။ ဒီလိုမျိုးသူသွင်းတဲ့ဂိုးတွေ အများကြီးရှိပါတယ်။ သူ့ကို ကျွန်တော်စတွေ့တုန်းက ငယ်ရွယ်တဲ့တောင်ပံကစားသမားအဖြစ်နဲ့ပါပဲ။ ဂိုးတွေပိုသွင်းရင် တိုးတက်နိုင်မယ်ပေါ့။ ဒါပေမဲ့ အဒါကို သူလုပ်နိုင်နေပါပြီ။ ရာသီအစမှာ သူလုပ်ခဲ့တာက အံ့သြစရာပါ။ နောက်ထပ်တစ်ဆင့်ကတော့ ခြေစွမ်းတည်ငြိမ်မှုပါပဲ။ လက်ရှိအချိန်ထိတော့ တည်ငြိမ်နေပေမယ့် အဲဒါကို သူဆက်လက်သယ်ဆောင်နိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ အဲဒါဖြစ်လာလိမ့်မယ်ဆိုတာကို ကျွန်တော်သံသယမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက အကောင်းဆုံးဖြစ်ချင်နေတာလေ”လို့ ဂစ်က ဒန်နီရယ်ဂျိမ်းစ်နဲ့ပတ်သက်လို့ ချီးကျူးပြောကြားခဲ့တာပါ။