ဖာဘရီဂတ္စ္ကိုေခၚခဲ့စဥ္က တစ္ခ်ိန္တည္းမွာပဲ မက္ဆီကိုႀကိဳးပမ္းခဲ့ေၾကာင္း ၀င္းဂါးဖြင့္ဟ

photo-gettyimages

photo-AP

အာဆင္နယ္နည္းျပေဟာင္း၀င္းဂါးက ဖာဘရီဂတ္စ္ကို ဘာစီလုိနာကေန ေခၚယူခဲ့စဥ္ တစ္ခ်ိန္တည္းမွာပဲ မက္ဆီကိုေခၚယူႏိုင္ေရးအတြက္ သူႀကိဳးပမ္းခဲ့ဖူးေၾကာင္း ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ အာဆင္နယ္ဟာ နာမည္ႀကီးလာမာစီယာအကယ္ဒမီကေန ေမြးထုတ္ေပးလိုက္တဲ့ ဖာဘရီဂတ္စ္ကို သူ ၁၆ ႏွစ္အရြယ္ျဖစ္တဲ့ ၂၀၀၃ ခုႏွစ္ေခၚယူခဲ့တာပါ။ အဲဒီအခ်ိန္က ဖာဘရီဂတ္စ္ဟာ ဘာစီလိုနာမွာ မက္ဆီ၊ပီေကးတို႔နဲ႔ အတူကစားေနတာပါ။ ဒါေပမဲ့ ပီေကးနဲ႔ဖာဘရီဂတ္စ္တုိ႔သာ အဂၤလန္ကုိ ထြက္ခြာလာခဲ့ၾကၿပီး မက္ဆီကေတာ့ ဘယ္ေတာ့မွ ေရာင္းခ်ျခင္းမခံရတဲ့ကစားျဖစ္ခဲ့ပါတယ္။

photo-gettyimages

ဖာဘရီဂတ္စ္ကို ေခၚယူစဥ္မွာ ၀င္းဂါးဟာ မက္ဆီအတြက္လည္း ေခၚယူႏိုင္ေရးအတြက္ စုံစမ္းေမးျမန္းခဲ့ေပမယ့္ မက္ဆီဟာ အဲဒီအခ်ိန္ကတည္းက တို႔ထိလို႔မရေတာ့တဲ့ကစားသမားျဖစ္ေနတာေၾကာင့္ ဘာစီလိုနာရဲ႕ျငင္းပယ္ျခင္းကို ခံခဲ့ရပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္လုိ႔ ၀င္းဂါးက”ဖာဘရီဂတ္စ္ကို ကၽြန္ေတာ္တုိ႔၀ယ္ခဲ့ခ်ိန္က မက္ဆီအတြက္လည္း ေဆြးေႏြးမႈလုပ္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီအခ်ိန္မွာ သူက ဖာဘရီဂတ္စ္နဲ႔ တြဲကစားေနတာေလ။ မက္ဆီ၊ဖာဘရီဂတ္စ္နဲ႔ပီေကးတို႔ဟာ တစ္သငး္တည္းမွာပါ။ ဖာဘရီဂတ္စ္နဲ႔ပီေကးတို႔က အဂၤလန္ကုိေရာက္လာေပမယ့္ မက္ဆီကေတာ့ စပိန္မွာပဲ ဆက္ရွိေနခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔ မက္ဆီကို စိတ္၀င္စားခဲ့ေပမယ့္ အဲဒီအခ်ိန္ကတည္းက သူဟာ တို႔ထိလို႔မရတဲ့ကစားသမားျဖစ္ေနခဲ့တာပါ”ျပန္ေျပာင္းေျပာခဲ့ပါတယ္။

photo-gettyimages

အာဆင္နယ္အသင္း ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိိဗိုလ္စြဲခဲ့တဲ့ ၂၀၀၃-၀၄ ရာသီမွာပဲ ဖာဘရီဂတ္စ္ကို ေခၚယူခဲ့တာပါ။ ပရီးမီးယားလိဂ္မွာ အာဆင္နယ္ေနာက္ဆုံးဗုိလ္စြဲခဲ့တဲ့ရာသီလည္း ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ဖာဘရီဂတ္စ္ဟာ အာဆင္နယ္အသင္းေခါင္းေဆာင္ျဖစ္လာတဲ့အထိ အသြင္းအတြက္ အေရးပါသူျဖစ္လာခဲ့ပါတယ္။ မက္ဆီကလည္း ၂၀၀၄ ေအာက္တုိဘာမွာ ဘာစီလုိနာအတြက္ လာလီဂါပြဲဦးထြက္ခဲ့ၿပီး ခ်န္ပီယံလိဂ္ ၄ ႀကိမ္၊ လာလီဂါ ၁၀ ႀကိမ္၊ Ballond’Or ၅ ႀကိမ္နဲ႔ အခုအခ်ိန္မွာေတာ့ ဘာစီလုိနာသမုိင္းတစ္ေလွ်ာက္အႀကီးက်ယ္ဆုံးကစားသမားေတြထဲက တစ္ေယာက္ျဖစ္ေနပါၿပီ။

[Unicode]

အာဆင်နယ်နည်းပြဟောင်းဝင်းဂါးက ဖာဘရီဂတ်စ်ကို ဘာစီလိုနာကနေ ခေါ်ယူခဲ့စဉ် တစ်ချိန်တည်းမှာပဲ မက်ဆီကိုခေါ်ယူနိုင်ရေးအတွက် သူကြိုးပမ်းခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ နာမည်ကြီးလာမာစီယာအကယ်ဒမီကနေ မွေးထုတ်ပေးလိုက်တဲ့ ဖာဘရီဂတ်စ်ကို သူ ၁၆ နှစ်အရွယ်ဖြစ်တဲ့ ၂၀၀၃ ခုနှစ်ခေါ်ယူခဲ့တာပါ။ အဲဒီအချိန်က ဖာဘရီဂတ်စ်ဟာ ဘာစီလိုနာမှာ မက်ဆီ၊ပီကေးတို့နဲ့ အတူကစားနေတာပါ။ ဒါပေမဲ့ ပီကေးနဲ့ဖာဘရီဂတ်စ်တို့သာ အင်္ဂလန်ကို ထွက်ခွာလာခဲ့ကြပြီး မက်ဆီကတော့ ဘယ်တော့မှ ရောင်းချခြင်းမခံရတဲ့ကစားဖြစ်ခဲ့ပါတယ်။

ဖာဘရီဂတ်စ်ကို ခေါ်ယူစဉ်မှာ ဝင်းဂါးဟာ မက်ဆီအတွက်လည်း ခေါ်ယူနိုင်ရေးအတွက် စုံစမ်းမေးမြန်းခဲ့ပေမယ့် မက်ဆီဟာ အဲဒီအချိန်ကတည်းက တို့ထိလို့မရတော့တဲ့ကစားသမားဖြစ်နေတာကြောင့် ဘာစီလိုနာရဲ့ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဝင်းဂါးက”ဖာဘရီဂတ်စ်ကို ကျွန်တော်တို့ဝယ်ခဲ့ချိန်က မက်ဆီအတွက်လည်း ဆွေးနွေးမှုလုပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ သူက ဖာဘရီဂတ်စ်နဲ့ တွဲကစားနေတာလေ။ မက်ဆီ၊ဖာဘရီဂတ်စ်နဲ့ပီကေးတို့ဟာ တစ်သင်းတည်းမှာပါ။ ဖာဘရီဂတ်စ်နဲ့ပီကေးတို့က အင်္ဂလန်ကိုရောက်လာပေမယ့် မက်ဆီကတော့ စပိန်မှာပဲ ဆက်ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ မက်ဆီကို စိတ်ဝင်စားခဲ့ပေမယ့် အဲဒီအချိန်ကတည်းက သူဟာ တို့ထိလို့မရတဲ့ကစားသမားဖြစ်နေခဲ့တာပါ”ပြန်ပြောင်းပြောခဲ့ပါတယ်။

အာဆင်နယ်အသင်း ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိဗိုလ်စွဲခဲ့တဲ့ ၂၀၀၃-၀၄ ရာသီမှာပဲ ဖာဘရီဂတ်စ်ကို ခေါ်ယူခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နောက်ဆုံးဗိုလ်စွဲခဲ့တဲ့ရာသီလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်လာတဲ့အထိ အသွင်းအတွက် အရေးပါသူဖြစ်လာခဲ့ပါတယ်။ မက်ဆီကလည်း ၂၀၀၄ အောက်တိုဘာမှာ ဘာစီလိုနာအတွက် လာလီဂါပွဲဦးထွက်ခဲ့ပြီး ချန်ပီယံလိဂ် ၄ ကြိမ်၊ လာလီဂါ ၁၀ ကြိမ်၊ Ballond’Or ၅ ကြိမ်နဲ့ အခုအချိန်မှာတော့ ဘာစီလိုနာသမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်နေပါပြီ။