ဖာဂူဆန္ရဲ႕ယူ႐ိုသန္း ၃၀ Golden Boy အျဖစ္ကေန ေစာေစာစီးစီးအနားခဲ့ရသူတစ္ေယာက္အေၾကာင္း

Photo Credit

Photo Credit

၂၀၀၅ ခုႏွစ္၊ ႏို၀င္ဘာလမွာ ရီဆစ္ဖ္ၿမိဳ႕ရဲ႕ညခ်မ္းတစ္ခုက စိုစြတ္ထိုင္းမႈိင္းေနၿပီး အန္ဒါဆန္အမည္ရ အသက္ ၁၇ႏွစ္အရြယ္ ဆံပင္ရွည္ရွည္ေကာင္ေလးတစ္ေယာက္က ဂရီမီယိုေရွးပုံျပင္ထဲ သူ႕နာမည္ကို စာရင္းတင္သြင္းလုိက္ပါတယ္။ သူဟာ ေနာ္တီကုိအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ အေရးပါတဲ့ဂိုးသြင္းယူႏိုင္ခဲ့တာပါ။ စီးရီးဘီပေလးေအာ့ဖ္ပဲြစဥ္အျဖစ္ ကစားခဲ့တဲ့အဲဒီပြဲမွာ ဂရီမီယိုအသင္းက ကြင္းထဲ ကစားသမား ၇ဦးသာရွိေတာ့တဲ့အထိ ဆုိးရြားေနခ်ိန္ ပြဲက သေရက်ေနခ်ိန္ နာက်င္အခ်ိန္ပိုမွာ ပင္နယ္တီပါ ထပ္ေပးလုိက္ရပါတယ္။

Photo Credit

အဲဒီလိုအေနအထားက ဂရီမီယုိအသင္းကို လုံး၀ျပန္လာေစႏိုင္မွာမဟုတ္ေပမယ့္ ဂရီမီယုိအသင္းဂိုးသမား ပင္နယ္တီကာကြယ္ႏိုင္ခဲ့ၿပီး အဲဒီေဘာလုံးက အန္ဒါဆန္ရဲ႕ေျခေထာက္ထဲ ေရာက္လာပါတယ္။ အန္ဒါဆန္ကလည္း လ်င္လ်င္ျမန္ျမန္ဆြဲေျပးၿပီး အႏိုင္ဂိုးသြင္းယူႏိုင္ဖုိ႔ ႀကိဳးစားပါတယ္။ အဲဒီမွာ လူခ်ကစားခံရလုိ႔ ျပစ္ဒဏ္ေဘာကန္ခြင့္ရခဲ့ၿပီး အန္ဒါဆန္က ေနာက္ခံလူ ၂ဦးကို ေက်ာ္ျဖတ္ကာ အႏိုင္ဂုိးသြင္းယူခဲ့ပါတယ္။ နာက်င္အခ်ိန္ ၁၆မိနစ္မွာ သြင္းယူခဲ့တဲ့အန္ဒါဆန္ရဲ႕သြင္းဂိုးက ဂရီမီယိုအသင္းကို ဘရာဇီးစီးရီးေအတန္းတက္ခြင့္ရရွိေစခဲ့ၿပီး ဘရာဇီးေဘာလုံးေလာကရဲ႕အံ့အားသင့္စရာအေကာင္းဆုံးျဖစ္ရပ္လည္းျဖစ္လာခဲ့ပါတယ္။

Photo Credit

”အဲဒီပြဲက ကၽြန္ေတာ့္ရဲ႕ဘ၀တစ္ေလွ်ာက္ အေကာင္းဆုံးပြဲပါပဲ။ အသင္းေဖာ္ေတြကလည္း ကၽြန္ေတာ့္ကို အျပည့္အ၀ယုံၾကည္ခဲ့ပါတယ္။ ကၽြန္ေတာ္ အႏိုင္ဂိုးသြင္းယူႏိုင္လိမ့္မယ္လုိ႔ေတာင္ ႀကိဳေျပာခဲ့ပါတယ္”လုိ႔ အန္ဒါဆန္က ၂၀၀၈ ခုႏွစ္က ဂါးဒီးယန္းသတင္းစာနဲ႔ျပဳုလုပ္ခဲ့တဲ့အင္တာဗ်ဴးမွာ ေျပာခ့ဲဖူးပါတယ္။ အဲဒီျဖစ္ရပ္ဟာ အန္ဒါဆန္အတြက္ အံ့အားသင့္စရာအေကာင္းဆုံးကာလျဖစ္ခဲ့ၿပီး ဒီထက္ပိုျမင့္မားတဲ့ေအာင္ျမင္မႈေတြ၊ ကာလေတြ ရရွိလိမ့္မယ္လုိ႔ သုံးသပ္ခံခဲ့ရေပမယ့္ ေမွ်ာ္လင့္ထားသလုိျဖစ္မလာခဲ့ပါဘူး။

Photo Credit

အဲဒီျဖစ္ရပ္မတုိင္ခင္ လအနည္းငယ္ကလည္း အန္ဒါဆန္ဟာ ဘရာဇီးအသင္းနဲ႔အတူ ယူ-၁၇ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ပါ၀င္ကစားခဲ့ၿပီး အသင္းက ဗိုလ္လုပြဲမွာ မကၠဆီကိုအသင္းကို အေရးနိမ့္ခဲ့ေပမယ့္ သူကေတာ့ အဲဒီၿပိဳင္ပြဲရဲ႕ ေရႊေဘာလုံးဆုရရိွခဲ့ၿပီး ဗိုလ္လုပဲြမွာလည္း ဒဏ္ရာေၾကာင့္ ပြဲခ်ိန္ ၁၅မိနစ္ကတည္းက ထမ္းစင္နဲ႔ သယ္ထုတ္ခံခဲ့ရပါတယ္။ အန္ဒါဆန္ဟာ အဲဒီေၾကကြဲဖြယ္ျဖစ္ရပ္ကို အတိတ္မွာပဲ ခပ္ျမန္ျမန္ခ်န္ထားႏိုင္ခဲ့ၿပီး ဂရီမီယိုအသင္းရဲ႕သူရဲေကာင္းျဖစ္လာပါတယ္။ အဲဒီအတြက္ေၾကာင့္ပဲ ၂၀၀၆ ဇန္န၀ါရီလမွာ ေပၚတုိအသင္းကို ယူ႐ို ၇သန္းနဲ႔ ေျပာင္းေရႊ႕ခြင့္ရရွိခဲ့ပါတယ္။

Photo Credit

ေတာင္အေမရိကကေန ဥေရာပကို စြန္႔စားထြက္လာတာက ငယ္ရြယ္သူေတြအတြက္ သိပ္မလြယ္တာမွန္ေပမယ့္ အန္ဒါဆန္ကေတာ့ သူ႕အသက္အရြယ္နဲ႔စာရင္ ပိုမိုတည္ၿငိမ္ရင့္က်က္ခဲ့ပါတယ္။ သူဟာ ၂၀၀၁ ခုႏွစ္မွာ ဖခင္ျဖစ္သူကို ဆုံး႐ံႈးခဲ့ရၿပီး ငယ္သူငယ္ခ်င္းအမ်ားအျပား မူးယစ္ေဆး၀ါးရဲ႕သားေကာင္ျဖစ္ခဲ့ရေပမယ့္ သူကေတာ့ ဘ၀ကို အနစ္မြန္းမခံဘဲ ႀကိဳးစားခဲ့ပါတယ္။ အဲဒီအတြက္ေၾကာင့္ပဲ လူ႕ဘ၀ႀကီးက ဘယ္ေလာက္အထိ ခက္ခဲၾကမ္းတမ္းႏိုင္တယ္ဆုိတာကို သူက သိႏွင့္ေနၿပီးသားျဖစ္ခဲ့ပါတယ္။ ”ကၽြန္ေတာ္ဟာ ငယ္ငယ္ေလးကတည္းက အရြယ္ေရာက္ၿပီးသားလူတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ အသက္ ၁၅ ႏွစ္အရြယ္မွာ အသက္ ၂၂၊ ၂၃၊ ၂၄ အရြယ္ပုံစံမ်ိဳး စဥ္းစားေတြးေခၚခဲ့ၿပီး အနာဂတ္နဲ႔ပတ္သက္လုိ႔ အရမ္းကိုခက္ခဲတဲ့ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ခဲ့ရပါတယ္”

Photo Credit

”ကၽြန္ေတာ့္အေနနဲ႔ မိသားစုကို ကူညီရမယ့္တာ၀န္ရွိၿပီး အခုခ်ိန္ထိလည္း ကူညီေပးေနပါတယ္။ အသက္ ၆၀ အရြယ္အထိ မိသားစုကို ဆက္လက္ေစာင့္ေရွာက္ပံ့ပိုးေပးႏုိင္ဖို႔လည္း ေမွ်ာ္လင့္ပါတယ္။ ေဘာလုံးအားကစားနည္းက ကၽြန္ေတာ့္ကို ဆင္းရဲတြင္းထဲကေန ဆြဲတင္ႏိုင္ခဲ့ပါတယ္။ ကေလးဘ၀က ခင္တဲ့သူငယ္ခ်င္းေတြအနက္ အခုခ်ိန္ထိ အသက္ရွင္ေနေသးတာဆုိလုိ႔ ၂ေယာက္၊ ၃ေယာက္ေလာက္ပဲရွိပါတယ္။ က်န္တဲ့လူအကုန္လုံးက ေသသြားၾကပါၿပီ။ အမ်ားစုကေတာ့ မူးယစ္ေဆးသုံးလုိ႔ ဒါမွမဟုတ္ မူးယစ္ေဆး၀ါးေရာင္း၀ယ္လုိ႔ျဖစ္ပါတယ္”လုိ႔ အန္ဒါဆန္က ေျပာပါတယ္။

Photo Credit

ေပၚတုိမွာကစားခဲ့တုန္းက ေျခေထာက္က်ိဳးဒဏ္ရာရခ့ဲေပမယ့္ အန္ဒါဆန္ဟာ ဆက္လက္ေျခစြမ္းျပႏိုင္ခဲ့ၿပီး ႀကံ့ခုိင္မႈအျပည့္ျပန္ရခ်ိန္ ၂၀၁၇ ေမလမွာေတာ့ ယူႏုိက္တက္က ယူ႐ိုသန္း ၃၀ နဲ႔ သူ႕ကို ေခၚယူခဲ့ပါတယ္။ သူ႕ကို ယူႏုိက္တက္နည္းျပႀကီး ဖာဂူဆန္က ေမွ်ာ္လင့္ခ်က္ျမင့္မားစြာထားရွိခဲ့ၿပီး သူကလည္း ပြဲထြက္စာရင္းမွာ လ်င္လ်င္ျမန္ျမန္ပဲ ေနရာရလာပါတယ္။ အန္ဒါဆန္ဟာ ၂၀၀၈ ခ်န္ပီယံလိဂ္ပဲြမွာလည္း ပါ၀င္ကစားခြင့္ရခဲ့ၿပီး အသင္းက သူ႕အေပၚ ဘယ္ေလာက္ယုံၾကည္လဲဆုိရင္ ခ်ဲလ္ဆီးနဲ႔ကစားခဲ့တဲ့အဲဒီပြဲမွာ အဆုံးအျဖတ္ပင္နယ္တီဂိုးသြင္းယူခြင့္ရခဲ့တဲ့အထိပါပဲ။

Photo Credit

၂၀၀၈ ႏွစ္ကုန္မွာေတာ့ အန္ဒါဆန္ဟာ ကမၻာ့ေဘာလုံးေလာကရဲ႕အလားအလာအရွိဆုံးလူငယ္ကစားသမားအျဖစ္ တရား၀င္သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ သူဟာ Golden Boy ဆုရရွိခ့ဲတာျဖစ္ၿပီး အရင္ ၃ႀကိမ္မွာ မက္ဆီ၊ ဖာဘရီဂတ္စ္နဲ႔ အဂြဲ႐ိုးတို႔ရရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ေတာ့ သူ႕အေပၚ ေမွ်ာ္လင့္ခ်က္ေတြက အေတာ္ေလးမ်ားျပားလာၿပီး ဖာဂူဆန္ကုိယ္တိုင္ကေတာင္မွ သူ႕ရဲ႕ေမွ်ာ္လင့္ခ်က္ေတြကို ဖြင့္ဟလာတ့ဲအထိပါပဲ။ ”အန္ဒါဆန္က တကယ့္ကိုအံ့အားသင့္စရာေကာင္းတဲ့ေကာင္ေလးပါ။ ဒီကေလးက ထူးျခားတာတစ္ခုခုျဖစ္လာပါလိမ့္မယ္”လုိ႔ စေကာ့သားႀကီး ဖာဂူဆန္က ဆုိခဲ့ဖူးပါတယ္။

Photo Credit

ဒါေပမဲ့ ေနာက္ပိုင္းမွာေတာ့ သူဟာ ပုံမွန္ေျခစြမ္းျပသဖို႔ အေတာ္ေလး႐ုန္းကန္ခဲ့ရပါတယ္။ သူဟာ ယူႏုိက္တက္အတြက္ စုစုေပါင္း ပရီးမီးယားလိဂ္ ၁၀၅ ပဲြကစားခဲ့ရာမွာ ၅ဂိုးသာသြင္းယူႏိုင္ခဲ့ၿပီး ဂိုးဖန္တီးကလည္း ၈ႀကိမ္သာျပဳလုပ္ႏိုင္ခဲ့ပါတယ္။ သူ႕လိုကြင္းလယ္ကစားသမားတစ္ဦးအတြက္ အဲဒီမွတ္တမ္းက မေကာင္းတာေတာ့ ေသခ်ာပါတယ္။ နည္းျပေလာကကေန ဖာဂူဆန္အနားယူသြားတာကလည္း အန္ဒါဆန္ရဲ႕ယူႏုိက္တက္ကစားသမားဘ၀မွာ အေတာ္ေလးအေရးပါခဲ့ၿပီး ဖာဂူဆန္ေနရာအစား၀င္လာတဲ့ မုိယက္စ္က ၂၀၁၄ မွာ သူ႕ကို ဖီအိုရင္တီးနားအသင္းထံ အငွားေစလႊတ္ခဲ့သလို မုိယက္စ္ေနရာ အစား၀င္လာတဲ့ ဗန္ဟားလ္ကလည္း ေနာက္တစ္ႏွစ္အၾကာမွာ အန္ဒါဆန္ကို အင္တာေနစီယြန္နယ္အသင္းဆီ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ျပဳခဲ့ပါတယ္။

Photo Credit ; Getty Images

ဂရီမီယိုအသင္းနဲ႔အတူ သူရဲေကာင္းအျဖစ္ ေအာင္ျမင္ေက်ာ္ၾကားခဲ့ၿပီး ဆယ္စုႏွစ္တစ္ခုနီးပါးအၾကာမွာ ေမြးရပ္ေျမကို ျပန္ေရာက္လာတဲ့ အန္ဒါဆန္ဟာ အသင္းသစ္နဲ႔အတူ အထုိင္က်ဖို႔ ႐ုန္းကန္ခဲ့ရၿပီး သူ႕အေပၚ ေမွ်ာ္လင့္ထားသူေတြလည္း စိတ္ပ်က္ခဲ့ရပါတယ္။ အန္ဒါဆန္ဟာ အင္တာေနစီယြန္နယ္အသင္းအတြက္ ပြဲဦးထြက္မွာ ပင္နယ္တီလြဲေခ်ာ္ခဲ့သလုိ ဒုတိယေျမာက္ပြဲမွာလည္း ပြဲခ်ိန္ ၃၆မိနစ္အေရာက္ ပင္လယ္ေရမ်က္ႏွာျပင္ရဲ႕အထက္ ျမင့္မားတဲ့ဘုိလီးဗီးယားမွာ ကစားရတာေၾကာင့္ အသက္႐ွဴက်ပ္လာတာကို ေတာင့္မခံႏိုင္ဘဲ ကြင္းထဲကေန ေအာက္စီဂ်င္ဘူးတပ္ကာ လူစားလဲခံခဲ့ရပါတယ္။ ဒီထက္ပိုဆုိးတာက အသင္းေဟာင္း ဂရီမီယုိအသင္းကို ၅-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ ပထမပိုင္းအၿပီးမွာပဲ လူစားလဲခံခဲ့ရသလို အဲဒီပြဲမတုိင္ခင္မွာလည္း အနီကတ္ ၂ႀကိမ္အထိ ျပသခံခဲ့ရပါတယ္။

Photo Credit

အဆုံးသတ္မွာ သူဟာ ပုံစံေကာင္းတခ်ိဳ႕ျပန္ရလာေပမယ့္ သူကေတာ့ ၂၀၁၈ ဒီဇင္ဘာလမွာ တူရကီဒုတိယတန္းကလပ္ ဒီမီယာစေပါအသင္းကို ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ သူ႕ရဲ႕တူရကီကစားသမားဘ၀ ပထမဆုံးရာသီမွာ ၁၄ပြဲပဲ ကစားႏိုင္ခဲ့ၿပီးေနာက္ ဒီရာသီမွာေတာ့ သူဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန အနားယူဖို႔ ဆုံးျဖတ္ခဲ့ၿပီး အသင္းဥကၠ႒ကလည္း အန္ဒါဆန္အေနနဲ႔ အသင္းရဲ႕ကြင္းျပင္ပရာထူးနဲ႔ အသင္းမွာဆက္ရွိမွာျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

Photo Credit

Unicode

ဖာဂူဆန်ရဲ့ယူရိုသန်း ၃၀ Golden Boy အဖြစ်ကနေ စောစောစီးစီးအနားခဲ့ရသူတစ်ယောက်အကြောင်း

၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလမှာ ရီဆစ်ဖ်မြို့ရဲ့ညချမ်းတစ်ခုက စိုစွတ်ထိုင်းမှိုင်းနေပြီး အန်ဒါဆန်အမည်ရ အသက် ၁၇နှစ်အရွယ် ဆံပင်ရှည်ရှည်ကောင်လေးတစ်ယောက်က ဂရီမီယိုရှေးပုံပြင်ထဲ သူ့နာမည်ကို စာရင်းတင်သွင်းလိုက်ပါတယ်။ သူဟာ နော်တီကိုအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ အရေးပါတဲ့ဂိုးသွင်းယူနိုင်ခဲ့တာပါ။ စီးရီးဘီပလေးအော့ဖ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့အဲဒီပွဲမှာ ဂရီမီယိုအသင်းက ကွင်းထဲ ကစားသမား ၇ဦးသာရှိတော့တဲ့အထိ ဆိုးရွားနေချိန် ပွဲက သရေကျနေချိန် နာကျင်အချိန်ပိုမှာ ပင်နယ်တီပါ ထပ်ပေးလိုက်ရပါတယ်။
အဲဒီလိုအနေအထားက ဂရီမီယိုအသင်းကို လုံးဝပြန်လာစေနိုင်မှာမဟုတ်ပေမယ့် ဂရီမီယိုအသင်းဂိုးသမား ပင်နယ်တီကာကွယ်နိုင်ခဲ့ပြီး အဲဒီဘောလုံးက အန်ဒါဆန်ရဲ့ခြေထောက်ထဲ ရောက်လာပါတယ်။ အန်ဒါဆန်ကလည်း လျင်လျင်မြန်မြန်ဆွဲပြေးပြီး အနိုင်ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားပါတယ်။ အဲဒီမှာ လူချကစားခံရလို့ ပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ပြီး အန်ဒါဆန်က နောက်ခံလူ ၂ဦးကို ကျော်ဖြတ်ကာ အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ နာကျင်အချိန် ၁၆မိနစ်မှာ သွင်းယူခဲ့တဲ့အန်ဒါဆန်ရဲ့သွင်းဂိုးက ဂရီမီယိုအသင်းကို ဘရာဇီးစီးရီးအေတန်းတက်ခွင့်ရရှိစေခဲ့ပြီး ဘရာဇီးဘောလုံးလောကရဲ့အံ့အားသင့်စရာအကောင်းဆုံးဖြစ်ရပ်လည်းဖြစ်လာခဲ့ပါတယ်။
”အဲဒီပွဲက ကျွန်တော့်ရဲ့ဘဝတစ်လျှောက် အကောင်းဆုံးပွဲပါပဲ။ အသင်းဖော်တွေကလည်း ကျွန်တော့်ကို အပြည့်အဝယုံကြည်ခဲ့ပါတယ်။ ကျွန်တော် အနိုင်ဂိုးသွင်းယူနိုင်လိမ့်မယ်လို့တောင် ကြိုပြောခဲ့ပါတယ်”လို့ အန်ဒါဆန်က ၂၀၀၈ ခုနှစ်က ဂါးဒီးယန်းသတင်းစာနဲ့ပြုုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။ အဲဒီဖြစ်ရပ်ဟာ အန်ဒါဆန်အတွက် အံ့အားသင့်စရာအကောင်းဆုံးကာလဖြစ်ခဲ့ပြီး ဒီထက်ပိုမြင့်မားတဲ့အောင်မြင်မှုတွေ၊ ကာလတွေ ရရှိလိမ့်မယ်လို့ သုံးသပ်ခံခဲ့ရပေမယ့် မျှော်လင့်ထားသလိုဖြစ်မလာခဲ့ပါဘူး။
အဲဒီဖြစ်ရပ်မတိုင်ခင် လအနည်းငယ်ကလည်း အန်ဒါဆန်ဟာ ဘရာဇီးအသင်းနဲ့အတူ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ပြီး အသင်းက ဗိုလ်လုပွဲမှာ မက္ကဆီကိုအသင်းကို အရေးနိမ့်ခဲ့ပေမယ့် သူကတော့ အဲဒီပြိုင်ပွဲရဲ့ ရွှေဘောလုံးဆုရရှိခဲ့ပြီး ဗိုလ်လုပွဲမှာလည်း ဒဏ်ရာကြောင့် ပွဲချိန် ၁၅မိနစ်ကတည်းက ထမ်းစင်နဲ့ သယ်ထုတ်ခံခဲ့ရပါတယ်။ အန်ဒါဆန်ဟာ အဲဒီကြေကွဲဖွယ်ဖြစ်ရပ်ကို အတိတ်မှာပဲ ခပ်မြန်မြန်ချန်ထားနိုင်ခဲ့ပြီး ဂရီမီယိုအသင်းရဲ့သူရဲကောင်းဖြစ်လာပါတယ်။ အဲဒီအတွက်ကြောင့်ပဲ ၂၀၀၆ ဇန်နဝါရီလမှာ ပေါ်တိုအသင်းကို ယူရို ၇သန်းနဲ့ ပြောင်းရွှေ့ခွင့်ရရှိခဲ့ပါတယ်။
တောင်အမေရိကကနေ ဥရောပကို စွန့်စားထွက်လာတာက ငယ်ရွယ်သူတွေအတွက် သိပ်မလွယ်တာမှန်ပေမယ့် အန်ဒါဆန်ကတော့ သူ့အသက်အရွယ်နဲ့စာရင် ပိုမိုတည်ငြိမ်ရင့်ကျက်ခဲ့ပါတယ်။ သူဟာ ၂၀၀၁ ခုနှစ်မှာ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး ငယ်သူငယ်ချင်းအများအပြား မူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်ခဲ့ရပေမယ့် သူကတော့ ဘဝကို အနစ်မွန်းမခံဘဲ ကြိုးစားခဲ့ပါတယ်။ အဲဒီအတွက်ကြောင့်ပဲ လူ့ဘဝကြီးက ဘယ်လောက်အထိ ခက်ခဲကြမ်းတမ်းနိုင်တယ်ဆိုတာကို သူက သိနှင့်နေပြီးသားဖြစ်ခဲ့ပါတယ်။ ”ကျွန်တော်ဟာ ငယ်ငယ်လေးကတည်းက အရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အသက် ၁၅ နှစ်အရွယ်မှာ အသက် ၂၂၊ ၂၃၊ ၂၄ အရွယ်ပုံစံမျိုး စဉ်းစားတွေးခေါ်ခဲ့ပြီး အနာဂတ်နဲ့ပတ်သက်လို့ အရမ်းကိုခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရပါတယ်”
”ကျွန်တော့်အနေနဲ့ မိသားစုကို ကူညီရမယ့်တာဝန်ရှိပြီး အခုချိန်ထိလည်း ကူညီပေးနေပါတယ်။ အသက် ၆၀ အရွယ်အထိ မိသားစုကို ဆက်လက်စောင့်ရှောက်ပံ့ပိုးပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ဘောလုံးအားကစားနည်းက ကျွန်တော့်ကို ဆင်းရဲတွင်းထဲကနေ ဆွဲတင်နိုင်ခဲ့ပါတယ်။ ကလေးဘဝက ခင်တဲ့သူငယ်ချင်းတွေအနက် အခုချိန်ထိ အသက်ရှင်နေသေးတာဆိုလို့ ၂ယောက်၊ ၃ယောက်လောက်ပဲရှိပါတယ်။ ကျန်တဲ့လူအကုန်လုံးက သေသွားကြပါပြီ။ အများစုကတော့ မူးယစ်ဆေးသုံးလို့ ဒါမှမဟုတ် မူးယစ်ဆေးဝါးရောင်းဝယ်လို့ဖြစ်ပါတယ်”လို့ အန်ဒါဆန်က ပြောပါတယ်။
ပေါ်တိုမှာကစားခဲ့တုန်းက ခြေထောက်ကျိုးဒဏ်ရာရခဲ့ပေမယ့် အန်ဒါဆန်ဟာ ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပြီး ကြံ့ခိုင်မှုအပြည့်ပြန်ရချိန် ၂၀၁၇ မေလမှာတော့ ယူနိုက်တက်က ယူရိုသန်း ၃၀ နဲ့ သူ့ကို ခေါ်ယူခဲ့ပါတယ်။ သူ့ကို ယူနိုက်တက်နည်းပြကြီး ဖာဂူဆန်က မျှော်လင့်ချက်မြင့်မားစွာထားရှိခဲ့ပြီး သူကလည်း ပွဲထွက်စာရင်းမှာ လျင်လျင်မြန်မြန်ပဲ နေရာရလာပါတယ်။ အန်ဒါဆန်ဟာ ၂၀၀၈ ချန်ပီယံလိဂ်ပွဲမှာလည်း ပါဝင်ကစားခွင့်ရခဲ့ပြီး အသင်းက သူ့အပေါ် ဘယ်လောက်ယုံကြည်လဲဆိုရင် ချဲလ်ဆီးနဲ့ကစားခဲ့တဲ့အဲဒီပွဲမှာ အဆုံးအဖြတ်ပင်နယ်တီဂိုးသွင်းယူခွင့်ရခဲ့တဲ့အထိပါပဲ။
၂၀၀၈ နှစ်ကုန်မှာတော့ အန်ဒါဆန်ဟာ ကမ္ဘာ့ဘောလုံးလောကရဲ့အလားအလာအရှိဆုံးလူငယ်ကစားသမားအဖြစ် တရားဝင်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ သူဟာ Golden Boy ဆုရရှိခဲ့တာဖြစ်ပြီး အရင် ၃ကြိမ်မှာ မက်ဆီ၊ ဖာဘရီဂတ်စ်နဲ့ အဂွဲရိုးတို့ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တော့ သူ့အပေါ် မျှော်လင့်ချက်တွေက အတော်လေးများပြားလာပြီး ဖာဂူဆန်ကိုယ်တိုင်ကတောင်မှ သူ့ရဲ့မျှော်လင့်ချက်တွေကို ဖွင့်ဟလာတဲ့အထိပါပဲ။ ”အန်ဒါဆန်က တကယ့်ကိုအံ့အားသင့်စရာကောင်းတဲ့ကောင်လေးပါ။ ဒီကလေးက ထူးခြားတာတစ်ခုခုဖြစ်လာပါလိမ့်မယ်”လို့ စကော့သားကြီး ဖာဂူဆန်က ဆိုခဲ့ဖူးပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူဟာ ပုံမှန်ခြေစွမ်းပြသဖို့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ သူဟာ ယူနိုက်တက်အတွက် စုစုပေါင်း ပရီးမီးယားလိဂ် ၁၀၅ ပွဲကစားခဲ့ရာမှာ ၅ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးကလည်း ၈ကြိမ်သာပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့လိုကွင်းလယ်ကစားသမားတစ်ဦးအတွက် အဲဒီမှတ်တမ်းက မကောင်းတာတော့ သေချာပါတယ်။ နည်းပြလောကကနေ ဖာဂူဆန်အနားယူသွားတာကလည်း အန်ဒါဆန်ရဲ့ယူနိုက်တက်ကစားသမားဘဝမှာ အတော်လေးအရေးပါခဲ့ပြီး ဖာဂူဆန်နေရာအစားဝင်လာတဲ့ မိုယက်စ်က ၂၀၁၄ မှာ သူ့ကို ဖီအိုရင်တီးနားအသင်းထံ အငှားစေလွှတ်ခဲ့သလို မိုယက်စ်နေရာ အစားဝင်လာတဲ့ ဗန်ဟားလ်ကလည်း နောက်တစ်နှစ်အကြာမှာ အန်ဒါဆန်ကို အင်တာနေစီယွန်နယ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုခဲ့ပါတယ်။
ဂရီမီယိုအသင်းနဲ့အတူ သူရဲကောင်းအဖြစ် အောင်မြင်ကျော်ကြားခဲ့ပြီး ဆယ်စုနှစ်တစ်ခုနီးပါးအကြာမှာ မွေးရပ်မြေကို ပြန်ရောက်လာတဲ့ အန်ဒါဆန်ဟာ အသင်းသစ်နဲ့အတူ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပြီး သူ့အပေါ် မျှော်လင့်ထားသူတွေလည်း စိတ်ပျက်ခဲ့ရပါတယ်။ အန်ဒါဆန်ဟာ အင်တာနေစီယွန်နယ်အသင်းအတွက် ပွဲဦးထွက်မှာ ပင်နယ်တီလွဲချော်ခဲ့သလို ဒုတိယမြောက်ပွဲမှာလည်း ပွဲချိန် ၃၆မိနစ်အရောက် ပင်လယ်ရေမျက်နှာပြင်ရဲ့အထက် မြင့်မားတဲ့ဘိုလီးဗီးယားမှာ ကစားရတာကြောင့် အသက်ရှူကျပ်လာတာကို တောင့်မခံနိုင်ဘဲ ကွင်းထဲကနေ အောက်စီဂျင်ဘူးတပ်ကာ လူစားလဲခံခဲ့ရပါတယ်။ ဒီထက်ပိုဆိုးတာက အသင်းဟောင်း ဂရီမီယိုအသင်းကို ၅-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရသလို အဲဒီပွဲမတိုင်ခင်မှာလည်း အနီကတ် ၂ကြိမ်အထိ ပြသခံခဲ့ရပါတယ်။
အဆုံးသတ်မှာ သူဟာ ပုံစံကောင်းတချို့ပြန်ရလာပေမယ့် သူကတော့ ၂၀၁၈ ဒီဇင်ဘာလမှာ တူရကီဒုတိယတန်းကလပ် ဒီမီယာစပေါအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့တူရကီကစားသမားဘ၀ ပထမဆုံးရာသီမှာ ၁၄ပွဲပဲ ကစားနိုင်ခဲ့ပြီးနောက် ဒီရာသီမှာတော့ သူဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပြီး အသင်းဥက္ကဋ္ဌကလည်း အန်ဒါဆန်အနေနဲ့ အသင်းရဲ့ကွင်းပြင်ပရာထူးနဲ့ အသင်းမှာဆက်ရှိမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။