ပါဒါဘြန္းနဲ႔ပြဲမွာ Perfect Chip လုပ္ျပရင္း ဂ်ာမန္ပရိသတ္ေတြကို သူ႕ဘက္ဆြဲေခၚႏုိင္ခဲ့တဲ့ ေကာ္တင္ညိဳ

Photo Credit

Photo Credit

ဘုိင္ယန္ကြင္းလယ္လူ ေကာ္တင္ညိဳဟာ စပိန္မွာ အေျခတက်ျဖစ္ဖို႔ ႐ုန္းကန္ခဲ့ရၿပီးေနာက္ အခုဂ်ာမန္ေျမမွာေတာ့ သူ႕အတြက္ ၿပီးျပည့္စုံတဲ့ေနရာတစ္ခု တည္ေဆာက္ေနၿပီျဖစ္ကာ ပါဒါဘြန္းနဲ႔ပဲြမွာ ပရိသတ္ေတြပါးစပ္အေဟာင္းသားျဖစ္သြားေစမယ့္ ဂုိးဖန္တီးမႈျပဳလုပ္ရင္း သူတုိ႔ရဲ႕အသည္းႏွလုံးကို ဖမ္းစားႏိုင္ခဲ့ပါတယ္။

Photo Credit

ဘာစီလုိနာအသင္းကေန တစ္ရာသီအငွားနဲ႔ ေရာက္ရွိခဲ့တဲ့ ေကာ္တင္ညိဳဟာ ယမန္ေန႔က ပါဒါဘြန္းကို ၂-၃ ဂုိးနဲ႔အႏိုင္ရခဲ့တဲ့ဘြန္ဒက္စ္လီဂါပြဲမွာ အသင္းအတြက္ ဦးေဆာင္ဂိုးကို ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ၿပီး ဂနာဘရီက အမွားအယြင္းမရွိပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

Photo Credit

ဘရာဇီးေမွာ္ပညာရွင္ေလး ေကာ္တင္ညိဳဟာ ပြဲခ်ိန္ ၁၅ မိနစ္မွာ ဘယ္ေတာင္ပံကေန ညာေတာင္ပံကို ၿပီးျပည့္စုံတဲ့အသာခုတ္တင္ေပးခ်က္(Perfect Chip)ဖန္တီးရင္း ညာေတာင္ပံတစ္ေလွ်ာက္ ေျပးတက္လာတဲ့ ဂနာဘရီရဲ႕ေျပးလမ္းထဲ အသာခင္းေပးလုိက္တာျဖစ္ၿပီး ဂိုးသမားလည္း ထြက္ဖမ္းလုိ႔မရ၊ ဂနာဘရီလည္း ေအးေဆးပိတ္သြင္းလုိ႔ရတဲ့အေနအထားမ်ိဳးဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

Photo Credit

ပဲြအၿပီးမွာေတာ့ ဘိုင္ယန္ျမဴးနစ္ပရိသတ္ေတြလည္း ေကာ္တင္ညိဳရဲ႕အံ့အားသင့္ဖြယ္ေကာင္းတဲ့ေဘာလုံးအျမင္နဲ႔ပတ္သက္လုိ႔ လူမႈမီဒီယာမွာ အသီးသီးခ်ီးက်ဴးခဲ့ပါတယ္။ ”ေကာ္တင္ညိဳရဲ႕ေပးပို႔မႈက တကယ့္ကုိမယုံႏိုင္စရာပဲ”။ ”ေကာ္တင္ညိဳရဲ႕ဖန္တီးမႈက သိပ္ကုိခ်စ္ဖို႔ေကာင္းတာပဲ။ ကၽြန္ေတာ္ေတာင္ ခ်စ္စိတ္တက္လာၿပီ”လုိ႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။

Photo Credit

အသက္ ၂၇ႏွစ္အရြယ္ရွိ ေကာ္တင္ညိဳဟာ ပြဲခ်ိန္ ၅၅မိနစ္မွာ ဘုိင္ယန္ျမဴးနစ္အသင္းအတြက္ ဒုတိယေျမာက္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ေကာ္တင္ညိဳရဲ႕ Effect ေၾကာင့္ ထင္ထားတာထက္ ဂိုးပိုျမဴးလာတဲ့ လီ၀န္ေဒါစကီးကလည္း တတိယေျမာက္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။

Photo Credit

ဘိုင္ယန္ျမဴးနစ္အေနနဲ႔ တန္းတက္ပါဒါဘြန္းကို ပြတ္ကာသီကာအႏိုင္ရခဲ့တာမွန္ေပမယ့္ သူတုိ႔အတြက္ အဲဒီႏိုင္ပြဲက ပိုမိုခ်ိဳၿမိန္ခဲ့ၿပီး အဓိကၿပိဳင္ဘက္ေတြျဖစ္တဲ့ လုိက္ပ္ဇစ္နဲ႔ ေဒါ့မြန္တုိ႔ ႏိုင္ပြဲေပ်ာက္ေနခ်ိန္မွာ အမွတ္ျပည့္ရယူႏိုင္ခဲ့လုိ႔ အိမ္ကြင္းအ႐ံႈးနဲ႔ ရင္ဆုိင္ခ့ဲရတဲ့လုိက္ပ္ဇစ္ကို ေက်ာ္ျဖတ္ကာ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

Photo Credit

Unicode

ပါဒါဘွန်းနဲ့ပွဲမှာ Perfect Chip လုပ်ပြရင်း ဂျာမန်ပရိသတ်တွေကို သူ့ဘက်ဆွဲခေါ်နိုင်ခဲ့တဲ့ ကော်တင်ညို

ဘိုင်ယန်ကွင်းလယ်လူ ကော်တင်ညိုဟာ စပိန်မှာ အခြေတကျဖြစ်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် အခုဂျာမန်မြေမှာတော့ သူ့အတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခု တည်ဆောက်နေပြီဖြစ်ကာ ပါဒါဘွန်းနဲ့ပွဲမှာ ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် ဂိုးဖန်တီးမှုပြုလုပ်ရင်း သူတို့ရဲ့အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းကနေ တစ်ရာသီအငှားနဲ့ ရောက်ရှိခဲ့တဲ့ ကော်တင်ညိုဟာ ယမန်နေ့က ပါဒါဘွန်းကို ၂-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ဘွန်ဒက်စ်လီဂါပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး ဂနာဘရီက အမှားအယွင်းမရှိပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဘရာဇီးမှော်ပညာရှင်လေး ကော်တင်ညိုဟာ ပွဲချိန် ၁၅ မိနစ်မှာ ဘယ်တောင်ပံကနေ ညာတောင်ပံကို ပြီးပြည့်စုံတဲ့အသာခုတ်တင်ပေးချက်(Perfect Chip)ဖန်တီးရင်း ညာတောင်ပံတစ်လျှောက် ပြေးတက်လာတဲ့ ဂနာဘရီရဲ့ပြေးလမ်းထဲ အသာခင်းပေးလိုက်တာဖြစ်ပြီး ဂိုးသမားလည်း ထွက်ဖမ်းလို့မရ၊ ဂနာဘရီလည်း အေးဆေးပိတ်သွင်းလို့ရတဲ့အနေအထားမျိုးဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ဘိုင်ယန်မြူးနစ်ပရိသတ်တွေလည်း ကော်တင်ညိုရဲ့အံ့အားသင့်ဖွယ်ကောင်းတဲ့ဘောလုံးအမြင်နဲ့ပတ်သက်လို့ လူမှုမီဒီယာမှာ အသီးသီးချီးကျူးခဲ့ပါတယ်။ ”ကော်တင်ညိုရဲ့ပေးပို့မှုက တကယ့်ကိုမယုံနိုင်စရာပဲ”။ ”ကော်တင်ညိုရဲ့ဖန်တီးမှုက သိပ်ကိုချစ်ဖို့ကောင်းတာပဲ။ ကျွန်တော်တောင် ချစ်စိတ်တက်လာပြီ”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။
အသက် ၂၇နှစ်အရွယ်ရှိ ကော်တင်ညိုဟာ ပွဲချိန် ၅၅မိနစ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဒုတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီး ကော်တင်ညိုရဲ့ Effect ကြောင့် ထင်ထားတာထက် ဂိုးပိုမြူးလာတဲ့ လီဝန်ဒေါစကီးကလည်း တတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အနေနဲ့ တန်းတက်ပါဒါဘွန်းကို ပွတ်ကာသီကာအနိုင်ရခဲ့တာမှန်ပေမယ့် သူတို့အတွက် အဲဒီနိုင်ပွဲက ပိုမိုချိုမြိန်ခဲ့ပြီး အဓိကပြိုင်ဘက်တွေဖြစ်တဲ့ လိုက်ပ်ဇစ်နဲ့ ဒေါ့မွန်တို့ နိုင်ပွဲပျောက်နေချိန်မှာ အမှတ်ပြည့်ရယူနိုင်ခဲ့လို့ အိမ်ကွင်းအရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့လိုက်ပ်ဇစ်ကို ကျော်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။